• Health
    လက်ချောင်းလေးတွေက ဖော်ပြနေတဲ့ ကျန်းမာရေးအခြေအနေတွေ
Thiha Htun
[Unicode Version]

ခြေ၊ လက်အင်္ဂါအစိတ်အပိုင်းတွေဟာ လူ့ခန္ဓာကိုယ်မှာ အလုပ်လုပ်ရဆုံး အစိတ်အပိုင်းတွေထဲမှာ ပါနေတယ်လို့ဆိုနိုင်မလား။ အနည်းဆုံးတော့ စာရင်းကိုင်တွေ၊ စာရေးဆရာတွေလို ကွန်ပျူတာတစ်လုံးရှေ့မှာ ကီးဘုတ်ကို အဆက်မပြတ်ရိုက်နေရသူတွေမှာတော့ လက်ချောင်းတွေဟာ အလုပ်လုပ်ရဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါပဲ။

tumblrs-you-shoul-vistit-hypehair.jpg 

လက်ချောင်းလေးတွေဟာ အလုပ်လုပ်ရာမှာအသုံးဝင်သလို ကျန်းမာရေးအရလည်း အလွန်အသုံးဝင်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လက်ချောင်းလေးတွေက ဖော်ပြနေတဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့အချက်တွေကတော့....

၁။ လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေမယ်ဆိုရင်

When-index-finger-is-longer-than-the-ring-finger.jpg 

ယောကျ်ားလေးမှာတော့ လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ လက်သူကြွယ်ဟာ လက်ညှိုးထက်ပိုရှည်နေတဲ့ အမျိုးသမီးတွေကတော့ ဒူးခေါင်းမှာ အဆစ်အမြစ်ရောင်ရောဂါ (ဂေါက်ရောဂါ) ဖြစ်နိုင်ခြေနှစ်ဆ ပိုများပါတယ်လို့ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဒူလာရောဂါ သုတေသန တစ်ခုက ဆိုပါတယ်။ Estrogen (အမျိုးသမီးလိင်ဟော်မုန်း) တွေနည်းပါးသွားခြင်းကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါလိမ့်မယ်။

ယောကျ်ားလေးတွေမှာကျတော့ လက်သူကြွယ်ပိုရှည်နေမယ်ဆိုရင် ကျားဟော်မုန်းပိုများနေနိုင်ပါတယ်တဲ့။ ဒါကြောင့် အမျိုးသမီးတွေနဲ့ ဆက်ဆံရေးမှာ ပိုမိုအဆင်ပြေပြီး (မြာစွန်ပြီး) ကလေးများများရနိုင်ခြေလည်း ပိုများပါတယ်တဲ့။ ဒါပေမယ့် မကောင်းတာတစ်ခုကတော့ ဆီးကြိတ်ကင်ဆာဖြစ်နိုင်ခြေလည်း ပိုများနေနိုင်ပါတယ်။

၂။ လက်တွေတုုန်နေမယ်ဆိုရင်

02-hands-shaky-hands.jpg 

တုန်ယင်နေတဲ့လက်တွေဟာ ကော်ဖီပြင်းပြင်းတွေသောက်တာများလို့တို့၊ ပန်းနာရင်ကြပ်ဆေးတွေ၊ စိတ်ကျရောဂါပျောက်ဆေးတွေ သောက်တာများလို့တို့ကြောင့်လည်း ဖြစနိုင်သလို တခြားအကြောင်းရင်းလည်း ရှိနေနိုင်ပါသေးတယ်။ ဒီလို ခဏခဏဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အကောင်းဆုံးပါပဲ။ လက်တစ်ဖက်ထဲ တုန်ယင်နေတာဆိုရင်တော့ ဒါဟာ ပါကင်ဆန်ရောဂါ (အကြောအားနည်းပြီး ခြေလက်တုန်ယင်သောရောဂါ) ရဲ့ ပထမဦးဆုံးရောဂါလက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ဒါဟာ စိတ်ပိုင်းဆိုင်ရာနဲ့ဆက်စပ်နေတဲ့၊ ထိန်းချုပ်မရတဲ့ လက်တုန်ခြင်းရောဂါတစ်မျိုး နဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

၃။ လက်သည်းအရောင်ပြောင်းနေမယ်ဆိုရင်

F1.large.jpg 

အိန္ဒိယသုတေသီတွေကတော့ ကျောက်ကပ်ရောဂါဝေဒနာရှင် လူနာအယောက် (၁၀၀) ကိုစမ်းသပ်စစ်ဆေးခဲ့ပြီး (၃၆) ရာခိုင်နှုန်း သောလူနာတွေမှာ half and half nails လို့ခေါ်တဲ့ လက်သည်းပန်းကုံး (လက်သည်းအောက်ခြေနားက အဖြူရောင်အဝိုင်းလေး) ဟာ လက်သည်းဧရိယာတစ်ဝက်လောက်ထိ နေရာယူထားပြီး ကျန်တဲ့တစ်ဝက်မှာတော့ ညိုမဲနေတတ်တဲ့ အခြေအနေဖြစ်နေနိုင်ပါတယ်။ (ပုံမှန်အတိုင်းလို လက်သည်းအောက်ခြေနားမှာ အဖြူဝိုင်းသေးသေးလေးပဲ ပါတာပါ။)

အဲဒီလိုဖြစ်ရတာဟာ တချို့ဟော်မုန်းတွေများပြားလာခြင်းနဲ့ သွေးနီဥနည်းပါးတဲ့ဝေဒနာတို့ကြောင့် ဖြစ်ရတာပါ။ နောက်တစ်ခုကတော့ ကျောက်ကပ်ရောဂါရှိနေတဲ့လက္ခဏာပါပဲ။ ဒါကြောင့် အဲဒီလိုလက္ခဏာတွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါပြီ။ ဒါတင်မက အရေပြားကင်ဆာလည်း ဖြစ်နေနိုင်ပါတယ်။

၄။ လက်ချောင်းတွေရဲ့ဆုပ်ကိုင်မှုအားနည်းနေမယ်ဆိုရင်

grip-strength-deadlift-1024x1024.jpg 

ပုံမှန်ကျန်းမာနေတဲ့လူတစ်ယောက်ဟာ လက်ချောင်းတွေသန်မာပြီး ပစ္စည်းတွေကိုလည်း မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်ကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ လက်ချောင်းရဲ့ဆုပ်ကိုင်နိုင်စွမ်းတွေ အားနည်းနေပြီဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါ ဖြစ်နိုင်ခြေ ပိုများနေနိုင်တယ်လို့ နိုင်ငံ (၁၇) နိုင်ငံက အရွယ်ရောက်ပြီးသားလူပေါင်း (၁၄၀,၀၀၀) ကို သုတေသနပြုလုပ်ရာက တွေ့ရှိခဲ့ပါတယ်။

လက်ချောင်းတွေရဲ့ သန်မာမှုဟာ သွေးပေါင်ချိန်တိုင်းတာခြင်းထက် ပိုမိုတိကျတဲ့ ကျန်းမာရေးခန့်မှန်းချက်တစ်ခုပဲဖြစ်ပါတယ်။ သုတေသီတွေကတော့ လက်ချောင်းသန်မာမှုဟာ ကြွက်သားခွန်အားနဲ့ ကိုယ်ကာယကျန်းမာရေးကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်လို့ အကြံပြုကြတာဖြစ်ပါတယ်။

Source: Reader's Digest

[Zawgyi Version]

ေျခ၊ လက္အဂၤါအစိတ္အပိုင္းေတြဟာ လူ႔ခႏၶာကိုယ္မွာ အလုပ္လုပ္ရဆံုး အစိတ္အပိုင္းေတြထဲမွာ ပါေနတယ္လို႔ဆိုႏိုင္မလား။ အနည္းဆံုးေတာ႔ စာရင္းကိုင္ေတြ၊ စာေရးဆရာေတြလို ကြန္ပ်ဴတာတစ္လံုးေရွ႕မွာ ကီးဘုတ္ကို အဆက္မျပတ္ရိုက္ေနရသူေတြမွာေတာ႔ လက္ေခ်ာင္းေတြဟာ အလုပ္လုပ္ရဆံုး ခႏၶာကိုယ္အစိတ္အပိုင္းေတြပါပဲ။

လက္ေခ်ာင္းေလးေတြဟာ အလုပ္လုပ္ရာမွာအသံုးဝင္သလို က်န္းမာေရးအရလည္း အလြန္အသံုးဝင္တဲ႔ ကိုယ္အဂၤါအစိတ္အပိုင္းေတြ ျဖစ္ပါတယ္။ လက္ေခ်ာင္းေလးေတြက ေဖာ္ျပေနတဲ႔ က်န္းမာေရးနဲ႔ဆိုင္တဲ႔အခ်က္ေတြကေတာ႔....

၁။ လက္သူၾကြယ္က လက္ညႇိဳးထက္ ပိုရွည္ေနမယ္ဆိုရင္

When-index-finger-is-longer-than-the-ring-finger.jpg 

ေယာက်္ားေလးမွာေတာ႔ လက္သူၾကြယ္က လက္ညႇိဳးထက္ပိုရွည္ေနတယ္ဆိုတာ မဆန္းပါဘူး။ ဒါေပမဲ့ လက္သူၾကြယ္ဟာ လက္ညွိဳးထက္ပိုရွည္ေနတဲ႔ အမ်ိဳးသမီးေတြကေတာ႔ ဒူးေခါင္းမွာ အဆစ္အျမစ္ေရာင္ေရာဂါ (ေဂါက္ေရာဂါ) ျဖစ္ႏိုင္ေျခႏွစ္ဆ ပိုမ်ားပါတယ္လို႔ အဆစ္အျမစ္ေရာင္ေရာဂါနဲ႔ ဒူလာေရာဂါ သုေတသန တစ္ခုက ဆုိပါတယ္။ Estrogen (အမ်ိဳးသမီးလိင္ေဟာ္မုန္း) ေတြနည္းပါးသြားျခင္းကလည္း အေၾကာင္းရင္းတစ္ခုျဖစ္ပါလိမ္႔မယ္။

ေယာက်္ားေလးေတြမွာက်ေတာ႔ လက္သူၾကြယ္ပိုရွည္ေနမယ္ဆုိရင္ က်ားေဟာ္မုန္းပိုမ်ားေနႏိုင္ပါတယ္တဲ႔။ ဒါေၾကာင္႔ အမ်ိဳးသမီးေတြနဲဲ႔ ဆက္ဆံေရးမွာ ပိုမိုအဆင္ေျပၿပီး (ျမာစြန္ၿပီး) ကေလးမ်ားမ်ားရႏိုင္ေျခလည္း ပိုမ်ားပါတယ္တဲ႔။ ဒါေပမယ္႔ မေကာင္းတာတစ္ခုကေတာ႔ ဆီးႀကိတ္ကင္ဆာျဖစ္ႏိုင္ေျခလည္း ပိုမ်ားေနႏိုင္ပါတယ္။

၂။ လက္ေတြတုုန္ေနမယ္ဆိုရင္

02-hands-shaky-hands.jpg 

တုန္ယင္ေနတဲ႔လက္ေတြဟာ ေကာ္ဖီျပင္းျပင္းေတြေသာက္တာမ်ားလို႔တို႔၊ ပန္းနာရင္ၾကပ္ေဆးေတြ၊ စိတ္က်ေရာဂါေပ်ာက္ေဆးေတြ ေသာက္တာမ်ားလို႔တို႔ေၾကာင္႔လည္း ျဖစႏိုင္သလို တျခားအေၾကာင္းရင္းလည္း ရွိေနႏိုင္ပါေသးတယ္။ ဒီလို ခဏခဏျဖစ္ေနမယ္ ဆိုရင္ေတာ႔ ဆရာဝန္နဲ႔တိုင္ပင္ၾကည္႔တာ အေကာင္းဆံုးပါပဲ။ လက္တစ္ဖက္ထဲ တုန္ယင္ေနတာဆိုရင္ေတာ႔ ဒါဟာ ပါကင္ဆန္ေရာဂါ (အေၾကာအားနည္းၿပီး ေျခလက္တုန္ယင္ေသာေရာဂါ) ရဲ႕ ပထမဦးဆံုးေရာဂါလကၡဏာျဖစ္ေနႏိုင္ပါတယ္။ ဒါမွမဟုတ္ ဒါဟာ စိတ္ပိုင္းဆိုင္ရာနဲ႔ဆက္စပ္ေနတဲ႔၊ ထိန္းခ်ဳပ္မရတဲ႔ လက္တုန္ျခင္းေရာဂါတစ္မ်ိဳး နဲ႔လည္း ဆက္စပ္ေနႏိုင္ပါတယ္။

၃။ လက္သည္းအေရာင္ေျပာင္းေနမယ္ဆိုရင္

F1.large.jpg 

အိႏၵိယသုေတသီေတြကေတာ႔ ေက်ာက္ကပ္ေရာဂါေဝဒနာရွင္ လူနာအေယာက္ (၁၀၀) ကိုစမ္းသပ္စစ္ေဆးခဲ႔ၿပီး (၃၆) ရာခိုင္ႏႈန္း ေသာလူနာေတြမွာ half and half nails လို႔ေခၚတဲ႔ လက္သည္းပန္းကံုး (လက္သည္းေအာက္ေျခနားက အျဖဴေရာင္အဝိုင္းေလး) ဟာ လက္သည္းဧရိယာတစ္ဝက္ေလာက္ထိ ေနရာယူထားၿပီး က်န္တဲ႔တစ္ဝက္မွာေတာ႔ ညိဳမဲေနတတ္တဲ႔ အေျခအေနျဖစ္ေနႏိုင္ပါတယ္။ (ပံုမွန္အတိုင္းလို လက္သည္းေအာက္ေျခနားမွာ အျဖဴဝိုင္းေသးေသးေလးပဲ ပါတာပါ။)

အဲဒီလိုျဖစ္ရတာဟာ တခ်ိဳ႕ေဟာ္မုန္းေတြမ်ားျပားလာျခင္းနဲ႔ ေသြးနီဥနည္းပါးတဲ႔ေဝဒနာတို႔ေၾကာင္႔ ျဖစ္ရတာပါ။ ေနာက္တစ္ခုကေတာ႔ ေက်ာက္ကပ္ေရာဂါရွိေနတဲ႔လကၡဏာပါပဲ။ ဒါေၾကာင္႔ အဲဒီလိုလကၡဏာေတြ ျဖစ္ေနၿပီဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္သင္႔ပါၿပီ။ ဒါတင္မက အေရျပားကင္ဆာလည္း ျဖစ္ေနႏိုင္ပါတယ္။

၄။ လက္ေခ်ာင္းေတြရဲ႕ဆုပ္ကိုင္မႈအားနည္းေနမယ္ဆိုရင္

grip-strength-deadlift-1024x1024.jpg 

ပံုမွန္က်န္းမာေနတဲ႔လူတစ္ေယာက္ဟာ လက္ေခ်ာင္းေတြသန္မာၿပီး ပစၥည္းေတြကိုလည္း ျမဲျမဲျမံျမံ ဆုပ္ကိုင္ႏိုင္ၾကပါတယ္။ အဲဒီလိုမဟုတ္ဘဲ လက္ေခ်ာင္းရဲ႕ဆုပ္ကိုင္ႏိုင္စြမ္းေတြ အားနည္းေနၿပီဆိုရင္ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ေလငန္းေရာဂါ ျဖစ္ႏိုင္ေျခ ပိုမ်ားေနႏိုင္တယ္လို႔ ႏိုင္ငံ (၁၇) ႏိုင္ငံက အရြယ္ေရာက္ၿပီးသားလူေပါင္း (၁၄၀,၀၀၀) ကို သုေတသနျပဳလုပ္ရာက ေတြ႕ရွိခဲ႔ပါတယ္။

လက္ေခ်ာင္းေတြရဲ႕ သန္မာမႈဟာ ေသြးေပါင္ခ်ိန္တိုင္းတာျခင္းထက္ ပိုမိုတိက်တဲ႔ က်န္းမာေရးခန္႔မွန္းခ်က္တစ္ခုပဲျဖစ္ပါတယ္။ သုေတသီေတြကေတာ႔ လက္ေခ်ာင္းသန္မာမႈဟာ ၾကြက္သားခြန္အားနဲ႔ ကိုယ္ကာယက်န္းမာေရးကို ေဖာ္ျပေနတဲ႔ လကၡဏာတစ္ခုလည္း ျဖစ္ပါတယ္လို႔ ဆုိပါတယ္။ ဒါေၾကာင္႔ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ႔ခ်ႏိုင္ဖို႔ ကိုယ္ကာယေလ႔က်င္႔ခန္းေတြနဲ႔ ေအရိုးဗစ္ေလ႔က်င္႔ခန္းေတြ ျပဳလုပ္ေပးဖို႔ လိုအပ္ပါလိမ္႔မယ္လို႔ အၾကံျပဳၾကတာျဖစ္ပါတယ္။

Source: Reader's Digest


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs