ကြက်ဥတစ်လုံးမှာ (ဗိုက်တာမင်စီကလွဲရင်) ခန္ဓာကိုယ်မှာနေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါဝင်ပါတယ်။

ထောပတ်သီးတို့၊ အုန်းဆီတို့၊ ထောပတ်တို့လိုပါပဲ။ ကြက်ဥစားခြင်းမှာ ကျန်းမာရေးအကျိုးအာနိသင်တွေ အများကြီးရစေနိုင်ပေမယ့် လူတော်တော်များများက ကိုလက်စထရောများတယ်ထင်ပြီး ကြောက်ကြပါတယ်။ တကယ်တမ်းလည်း ကြက်ဥစားခြင်းမှာ အကျိုးအာနိသင်တွေအများကြီးရှိပါတယ်။ ကြက်ဥအနှစ်ထဲမှာ သံဓာတ်နဲ့ ကယ်လ်ဆီယမ်လို ဗိုက်တာမင်တွေ ကြွယ်ဝစွာ ပါဝင်နေချိန်မှာ ကြက်ဥအကာမှာတော့ ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။



 

၁။ အာဟာရဓာတ်ကြွယ်ဝတယ်

ကြက်ဥစားရင် အနှစ်ကော၊ အကာကော စားပါ။ ကြက်ဥအနှစ်မှာ ကြက်ဥတစ်လုံးရဲ့သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ် (၉၀) ရာခိုင်နှုန်းလောက် ပါဝင်ပြီး ကြက်ဥအကာမှာတော့ ကြက်ဥရဲ့ ပရိုတိန်းဓာတ်တွေ ပါဝင်ပါတယ်။ ကြက်ဥတစ်လုံးမှာ (ဗိုက်တာမင်စီကလွဲရင်) ခန္ဓာကိုယ်မှာနေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါဝင်ပါတယ်။

ဒါကြောင့် မနက်စာအဖြစ် ကြက်ဥ (၂) လုံး၊ ပေါင်မုန့်တစ်ချပ်နဲ့ ရှောက်ချိုသီး ဖျော်ရည်လေးတစ်ခွက်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အားလုံးကို ရရှိမှာပါ။

၂။ ဝိတ်ကျစေတယ်

obesity.jpg 

ကြက်ဥစားခြင်းဟာ တခြားအစားအစာတွေစားခြင်းထက် ဗိုက်ပိုပြည့်စေပါတယ်။ ဝါရှင်တန်တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရတော့ ပရိုတိန်း (၃၀) ရာခိုင်နှုန်း ပါဝင်တဲ့ အစားအသောက်တွေကို စားခြင်းက ပရိုတိန်း (၁၅) ရာခိုင်နှုန်း ပါဝင်တဲ့အစားအသောက်တွေကို စားခြင်းထက် ကယ်လိုနီပိုနည်းစေပါတယ်လို့ဆိုပါတယ်။ ဒါကြောင့် ပရိုတိန်းပါဝင်မှုများတဲ့ ကြက်ဥလိုမျိုး အစားအသောက်တွေကို စားသုံးခြင်းက ဗိုက်ဆာခြင်းကို ပိုမိုလျော့နည်းစေပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။

၃။ ဦးနှောက်အားကောင်းစေတယ်

ကြက်ဥမှာ Choline (ခိုလင်း) ဆိုတဲ့ အာဟာရဓာတ်တစ်မျိုးပါဝင်ပါတယ်။ Choline ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ် (၂၈) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတွေအတွက်တော့ ကြက်ဥဟာ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အာဟာရ ဓာတ်တစ်မျိုးပါပဲ။

၄။ သံဓာတ်ပြည့်ဝစေတယ်

The-Balanced-Blonde_4.19.16-32-970x647.jpg 

ကြက်ဥဟာ သံဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ သံဓာတ်ကတော့ ဟေမိုဂလိုဘင်လို့ခေါ်တဲ့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရေးအတွက် အဓိကနေရာကလုပ်ဆောင်ပါတယ်။ ဟေမိုဂလိုဘင် မရှိရင် သွေးတွေဟာ အဆုတ်ထဲက အောက်ဆီဂျင်ကို ကျန်ရှိတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို မပို့လွှတ်နိုင်ပါဘူး။ အောက်ဆီဂျင်မရတဲ့ဆဲလ်တွေဟာ အလုပ်မလုပ်နိုင်တော့သလို ဆက်လက်ရှင်သန်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ ဒါကြောင့် လူ့ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ကြက်ဥ တစ်လုံးမှာ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ် (၁၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။

၅။ မျက်စိအားကောင်းစေတယ်

girl-taking-off-her-glasses-with-one-hand-because-she-does-not-know-this-is-something-she-should-avoid.jpg 

ဆေးပညာရှင်တွေရဲ့အဆိုအရတော့ ကြက်ဥ၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း တို့ကိုစားပေးခြင်းဟာ မျက်စိတိမ်စွဲခြင်းမဖြစ်အောင် (၂၀) ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ကြက်ဥတွေမှာ antioxidant တွေနဲ့ တခြားလိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝပါတယ်။ ဒါတွေဟာ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရရင်းမြစ်တစ်မျိုးပါပဲ။ ဒီတော့ ပုံမှန်သာ မှီဝဲပေးမယ်ဆိုရင် အသက်အရွယ်ရချိန်မှာ ဖြစ်တတ်တဲ့ မျက်စိကွယ်ခြင်းကိုဖြစ်စေတဲ့ ကြွက်သားယိုယွင်းခြင်းကိုလည်း တားဆီးပေးပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က