ဆေးလိပ်သောက်တဲ့လူတွေနဲ့လည်း ဝေးဝေးနေလိုက်ပါဦး။

ဆေးလိပ်သောက်လို့ ဆိုးကျိုးများတယ်ဆိုတာ သိပါတယ်။ ကိုယ်တိုင်လည်း ကျန်းမာရေးထိလာပြီ။ ဖြတ်မှဖြစ်တော့မယ်လို့လည်း ဆုံးဖြတ်ပြီးပြီ။ ဘယ်လိုဖြတ်ရမယ်မှန်းမသိဘူးဆိုရင်တော့ ဒီနည်းတွေကို အသုံးချပါ။



 

၁။ ကိုယ်သဘောကျတဲ့ အကျင့်တွေကို စာရွက်ပေါ်မှာ ချရေးပါ။ ကောင်းတဲ့အရာတစ်ဖက်၊ ဆိုးတဲ့အရာတစ်ဖက်စီ စာရင်းလုပ်ပါ။ ကိုယ့်စိတ်ထဲကောင်းတယ်လို့ထင်တာထက် တကယ်ကောင်းတဲ့အရာတွေကိုပဲ ချရေးပါ။ ကိုယ့်လုပ်ရပ်တွေထဲမှာ မကောင်းတာများနေပြီဆိုရင် ပြောင်းလဲဖို့လိုပြီလေ။ ဆေးလိပ်သောက်တဲ့အကျင့်ကိုလည်း ဖြတ်ရတော့မှာပေါ့။

၂။ ဘာကြောင့် ဆေးလိပ်ဖြတ်ရခက်နေရတာလဲ။ ခက်စေတဲ့ အကြောင်းရင်းတွေကိုလည်း ချရေးဦး။ ပြီးမှ တစ်ခုချင်းရှင်းပစ်လိုက်။

 

၃။ ဘယ်နေ့ရောက်ရင် ဆေးလိပ် လုံးဝမသောက်ဘဲနေနိုင်ရမယ်လို့ ပြက္ခဒိန်မှာ စာရေးပြီး လက်မှတ်ထိုးထားပါ။ ပန်းတိုင်ချမှတ်လိုက်တာပေါ့။

၄။ ဘာကြောင့် ဆေးလိပ်ဖြတ်ဖို့လိုနေပြီလဲ။ အကြောင်းရင်းတွေကို ချရေးပါ။ ကျန်းမာရေးအတွက်ဆိုတာတော့ မမေ့နဲ့ပေါ့။ ကိုယ့်မိသားစု၊ သားသမီးတွေကို ဆေးလိပ်ငွေ့မရှုရှိုက်စေချင်တာ အစရှိတာတွေလည်း ပါပါစေ။

၅။ စဖြတ်မယ်ဆို တုံးတိဖြတ်လို့တော့ မလွယ်ဘူး။ အရင်လို အများကြီး တစ်ခါတည်း ဝယ်မယ့်အစား နည်းနည်းချင်းပဲဝယ်ပါ။

၆။ ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ အဲ့ဒီအစီအစဉ်ကို ချက်ခြင်းစပါ။ နောက်ပြီးတော့ ကိုယ့်စိတ်ခံစားချက်ကောင်းနေတုန်းမှာ ဆေးလိပ်စဖြတ်ပါ။ စိတ်ညစ်ရင် ဆေးလိပ်ပိုသောက်မိတယ်လေ။

 

၇။ ဆေးလိပ်ဝယ်မယ်ကြံလိုက်တာနဲ့ ဖြတ်ဖို့ဆုံးဖြတ်ထားတာကို သတိရပါ။ ဆေးလိပ်ဝယ်မယ့်ပိုက်ဆံကို ဘူးတစ်ခုထဲစုထားလိုက်။ တစ်လအတွင်း အတော်စုမိလာမှာ။ စုငွေတွေပြန်မြင်ရင် လူကပျော်လာလိမ့်မယ်။

၈။ အရင်တုန်းကလည်း ခက်ခဲတဲ့အရာတွေကို ဖြတ်ကျော်ခဲ့ဖူးတယ်မဟုတ်လား။ ခုလည်း ဘယ်လောက်ခက်ခက် ရအောင်ဖြတ်မယ်လို့ အားတင်းပါ။

၉။ ကျန်းမာရေးနဲ့ ညီညွတ်မယ့် သွားရေစာလေးတွေ အစားထိုးစားပါ။ သွားလေရာလည်း ဆောင်ထားပြီး ခံတွင်းချဉ်လာရင် ထုတ်ဝါးလို့ရပါတယ်။

၁၀။ ဆေးလိပ်သောက်တဲ့လူတွေနဲ့လည်း ဝေးဝေးနေလိုက်ပါဦး။ သူတို့ကိုမြင်ရင် ကိုယ်ပါ သောက်ချင်စိတ်ပေါက်လာနိုင်တယ်လေ။

Source : RD


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က