• Health
    ဝိတ်ကျဖို့အတွက် ထမင်းဖြူကို ရှောင်ဖို့ လိုအပ်ပါသလား
Thiha Htun
[Unicode Version]

ကိုယ်အလေးချိန်လျှော့ချတော့မယ်ဆိုရင် Gym Trainer တွေက နေ့စဉ်အစားအသောက်ကို အချိန်ဇယားအတိုင်းစားဖို့ အကြံပြုပါလိမ့်မယ်။ ဘယ်လိုအစားအသောက်မျိုးတွေကို ထည့်သွင်းစားသောက်ဖို့၊ ရှောင်ရှားဖို့ကိုလည်း တောင်းဆိုပါလိမ့်မယ်။ အဲဒီ အချိန်စာရင်းတွေကလည်း ကျွန်တော်တို့ ခန္ဓာကိုယ်ဝိတ်ကျစေတဲ့ ဖြစ်စဉ်မှာ များစွာအထောက်အကူပြုပါလိမ့်မယ်။

03-fatty-liver-disease-belly-weight.jpg 

အဲဒီမှာ Gym Trainer တော်တော်များများတောင်းဆိုလေ့ရှိကြတာက ထမင်းဖြူကို လျှော့စားဖို့ပါပဲ။ ထမင်းဖြူမှာ ဝိတ်ကျရေး စီမံကိန်းမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေကော၊ ဆိုးတဲ့အကျိုးသက်ရောက်မှုတွေပါ များစွာပါရှိနေပါတယ်။ ဒါကြောင့်လည်း တစ်ချိန်တုံးက ဆန်ညိုထမင်းတွေ ရောင်းကောင်းခဲ့တာဖြစ်ပါတယ်။ ဆန်ညိုထမင်းကကော ဝိတ်ချရာမှာ တကယ်ကောင်းတဲ့ အစားအစာ ဖြစ်ပါသလား။ ဝိတ်ချတော့မယ်ဆိုရင် ထမင်းဖြူကို လုံးဝရှောင်ရှားလိုက်ရတော့မှာလား။

ထမင်းဖြူနဲ့ ဆန်ညိုထမင်းကြားနှိုင်းယှဉ်ချက်

bigstock-White-And-Brown-Rice-33247883.jpg 

ဆန်ညိုထမင်းဟာ အမျှင်ဓာတ်အလွန်ကြွယ်ဝပြီး မရှိမဖြစ်အာဟာရဓာတ်တွေလည်း စုံလင်စွာပါဝင်ပါတယ်။ အစာခြေစနစ်အတွက် အကျိုးပြုနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်တဲ့အပြင် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာလည်း တကယ်ကူညီပေးနိုင်ပါတယ်။ ဆန်ညိုထမင်းတွေကို ကောက်ပဲသီးနှံတွေကရရှိပါတယ်။ စပါးရဲ့အပေါ်ယံတလွှာကိုပဲ ဖယ်ရှားလိုက်ရင် ဆန်ညိုကိုရရှိပါတယ်။

ဆန်ဖြူကိုတော့ ဆန်သားလေးဖြူဖွေးလာသည်အထိ ဆန်စက် (သို့) စပါးလှေ့စက်မှာ ကောင်းမွန်စွာပြုလုပ်ထားပါတယ်။ အာဟာရတန်ဖိုးအရ တိုင်းတာမယ်ဆိုရင် ဆန်ညိုမှာ ဖော့စ်ဖရတ်စ်၊ မဂ္ဂနိစ် နဲ့ ဗိုက်တာမင် ဘီစစ် တန်ဖိုး (၂) ဆ ပိုများပါတယ်။ သံဓာတ်၊ ဗိုက်တာမင် ဘီသရီးနဲ့ အမျှင်ဓာတ်တို့မှာလည်း (၂) ဆကျော် ပိုများပါတယ်။ ဒီတော့ ဆန်ညိုဟာ ဆန်ဖြူထက် ပိုသာတာ အထင်အရှားပါပဲ။

ဆန်ဖြူဟာ ဝိတ်ချရာမှာဘာလို့ အသုံးမဝင်တာလဲ

phpThumb_generated_thumbnail.jpg 

ဆန်ညိုဟာ ဆန်ဖြူထက် ဗိုက်တာမင်နဲ့ သတ္ထုဓာတ်မှာ အာဟာရတန်ဖိုးပိုများပါတယ်။ နောက်ပြီး ဆန်ဖြူရဲ့အဓိကအားနည်းချက် ကတော့ အမျှင်ဓာတ်ပါဝင်မှု မရှိတာပါပဲ။ ဆန်ဖြူမှာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝပေမယ့် အဲဒီ ကာဘိုဟိုက်ဒရိတ်တွေက သွေးထဲမှာအချိုဓာတ် ရုတ်တရက်တက်လာစေနိုင်တဲ့အတွက် ဝိတ်ချရေးအတွက် မကောင်းတာကတော့ ထင်ရှားပါတယ်။ ဆန်ဖြူဟာ ကြွက်သားထွက်အောင် ကြိုးစားနေချိန်မှာတော့ စားသုံးပေးဖို့ အထူးသင့်တော်ပါတယ်။

ဒါကြောင့် ခင်ဗျားရဲ့ဦးတည်ချက်က ကိုယ်အလေးချိန်ကျချင်တာဆိုရင်တော့ ထမင်းဖြူစားခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

Source: youngisthan

 

[Zawgyi Version]

ကိုယ္အေလးခ်ိန္ေလွ်ာ႔ခ်ေတာ႔မယ္ဆိုရင္ Gym Trainer ေတြက ေန႕စဥ္အစားအေသာက္ကို အခ်ိန္ဇယားအတိုင္းစားဖို႔ အၾကံျပဳပါလိမ္႔မယ္။ ဘယ္လိုအစားအေသာက္မ်ိဳးေတြကို ထည္႔သြင္းစားေသာက္ဖို႔၊ ေရွာင္ရွားဖို႔ကိုလည္း ေတာင္းဆိုပါလိမ္႔မယ္။ အဲဒီ အခ်ိန္စာရင္းေတြကလည္း ကြ်န္ေတာ္တို႔ ခႏၶာကိုယ္ဝိတ္က်ေစတဲ႔ ျဖစ္စဥ္မွာ မ်ားစြာအေထာက္အကူျပဳပါလိမ္႔မယ္။

အဲဒီမွာ Gym Trainer ေတာ္ေတာ္မ်ားမ်ားေတာင္းဆိုေလ႔ရွိၾကတာက ထမင္းျဖဴကို ေလွ်ာ႔စားဖို႔ပါပဲ။ ထမင္းျဖဴမွာ ဝိတ္က်ေရး စီမံကိန္းမွာ ေကာင္းတဲ႔အက်ိဳးသက္ေရာက္မႈေတြေကာ၊ ဆိုးတဲ႔အက်ိဳးသက္ေရာက္မႈေတြပါ မ်ားစြာပါရွိေနပါတယ္။ ဒါေၾကာင္႔လည္း တစ္ခ်ိန္တံုးက ဆန္ညိဳထမင္းေတြ ေရာင္းေကာင္းခဲ႔တာျဖစ္ပါတယ္။ ဆန္ညိဳထမင္းကေကာ ဝိတ္ခ်ရာမွာ တကယ္ေကာင္းတဲ႔ အစားအစာ ျဖစ္ပါသလား။ ဝိတ္ခ်ေတာ႔မယ္ဆိုရင္ ထမင္းျဖဴကို လံုးဝေရွာင္ရွားလိုက္ရေတာ႔မွာလား။

ထမင္းျဖဴနဲ႔ ဆန္ညိဳထမင္းၾကားႏႈိင္းယွဥ္ခ်က္

bigstock-White-And-Brown-Rice-33247883.jpg 

ဆန္ညိဳထမင္းဟာ အမွ်င္ဓာတ္အလြန္ၾကြယ္ဝၿပီး မရွိမျဖစ္အာဟာရဓာတ္ေတြလည္း စံုလင္စြာပါဝင္ပါတယ္။ အစာေျခစနစ္အတြက္ အက်ိဳးျပဳႏိုင္တဲ႔ အေစ႕အဆံတစ္မ်ိဳးျဖစ္တဲ႔အျပင္ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းရာမွာလည္း တကယ္ကူညီေပးႏိုင္ပါတယ္။ ဆန္ညိဳထမင္းေတြကို ေကာက္ပဲသီးႏွံေတြကရရွိပါတယ္။ စပါးရဲ႕အေပၚယံတလႊာကိုပဲ ဖယ္ရွားလိုက္ရင္ ဆန္ညိဳကိုရရွိပါတယ္။

ဆန္ျဖဴကိုေတာ႔ ဆန္သားေလးျဖဴေဖြးလာသည္အထိ ဆန္စက္ (သို႔) စပါးေလွ႕စက္မွာ ေကာင္းမြန္စြာျပဳလုပ္ထားပါတယ္။ အာဟာရတန္ဖိုးအရ တိုင္းတာမယ္ဆိုရင္ ဆန္ညိဳမွာ ေဖာ႔စ္ဖရတ္စ္၊ မဂၢနိစ္ နဲ႔ ဗိုက္တာမင္ ဘီစစ္ တန္ဖိုး (၂) ဆ ပိုမ်ားပါတယ္။ သံဓာတ္၊ ဗိုက္တာမင္ ဘီသရီးနဲ႔ အမွ်င္ဓာတ္တို႔မွာလည္း (၂) ဆေက်ာ္ ပိုမ်ားပါတယ္။ ဒီေတာ႔ ဆန္ညိဳဟာ ဆန္ျဖဴထက္ ပိုသာတာ အထင္အရွားပါပဲ။

ဆန္ျဖဴဟာ ဝိတ္ခ်ရာမွာဘာလို႔ အသံုးမဝင္တာလဲ

phpThumb_generated_thumbnail.jpg 

ဆန္ညိဳဟာ ဆန္ျဖဴထက္ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္မွာ အာဟာရတန္ဖိုးပိုမ်ားပါတယ္။ ေနာက္ၿပီး ဆန္ျဖဴရဲ႕အဓိကအားနည္းခ်က္ ကေတာ႔ အမွ်င္ဓာတ္ပါဝင္မႈ မရွိတာပါပဲ။ ဆန္ျဖဴမွာ ကာဘိုဟိုက္ဒရိတ္ ၾကြယ္ဝေပမယ္႔ အဲဒီ ကာဘိုဟိုက္ဒရိတ္ေတြက ေသြးထဲမွာအခ်ိဳဓာတ္ ရုတ္တရက္တက္လာေစႏိုင္တဲ႔အတြက္ ဝိတ္ခ်ေရးအတြက္ မေကာင္းတာကေတာ႔ ထင္ရွားပါတယ္။ ဆန္ျဖဴဟာ ၾကြက္သားထြက္ေအာင္ ႀကိဳးစားေနခ်ိန္မွာေတာ႔ စားသံုးေပးဖို႔ အထူးသင္႔ေတာ္ပါတယ္။

ဒါေၾကာင္႔ ခင္ဗ်ားရဲ႕ဦးတည္ခ်က္က ကိုယ္အေလးခ်ိန္က်ခ်င္တာဆိုရင္ေတာ႔ ထမင္းျဖဴစားျခင္းကို တတ္ႏိုင္သမွ် ေရွာင္ရွားသင္႔ပါတယ္။

Source: youngisthan

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs