သြဇာသီးမှာ antioxidant နဲ့ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ်တို့လို သတ္ထုဓာတ်တွေ ပါဝင်တဲ့အတွက် အာဟာရတန်ဖိုးတွေလည်း ကြွယ်ဝပါတယ်။

သြဇာသီးဟာ ရာသီစာသီးနှံတစ်မျိုးဖြစ်ပြီး ချိုမြပြီးစားလို့ကောင်းတဲ့ သစ်သီးဝလံတစ်မျိုးလည်းဖြစ်ပါတယ်။ သြဇာသီးကို အပြင်ဘက်အခွံမာနဲ့ဖုံးအုပ်ထားပြီး အဲဒီအခွံမာကိုတော့ စားလို့မရပါဘူး။ အထဲက အသားကတော့ အဖြူရောင်ဖြစ်ပြီး အသားနဲ့အတူ အစေ့တွေလည်း ရောနှောလို့နေပါတယ်။ သြဇာသီးမှာ antioxidant နဲ့ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ်တို့လို သတ္ထုဓာတ်တွေ ပါဝင်တဲ့အတွက် အာဟာရတန်ဖိုးတွေလည်း ကြွယ်ဝပါတယ်။



 

သြဇာသီးတင်မကပါဘူး။ သြဇာရွက်တွေဟာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။ သြဇာရွက်တွေမှာ ဒဏ်ရာအမြန်ပျောက်စေတဲ့ ဂုုဏ်သတ္တိတွေလည်း ပါဝင်တဲ့အတွက် အရပ်ထဲမှာတော့ ဒဏ်ရာပျောက်ဆေးတစ်ခုလို အသုံးချကြပါတယ်။ သြဇာရွက်ကို သူ့ချည်းပဲသုံးလို့ရသလို တခြားပါဝင်ပစ္စည်းတွေနဲ့လည်းပေါင်းပြီး သုံးလို့လည်းရပါတယ်။

၁။ ကိုယ်တွင်းအချိုဓာတ်ကို ထိန်းညှိပေးတယ်

annona-squamosa.jpg 

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် သြဇာရွက်တွေဟာ ခန္ဓာကိုယ်ရဲ့အချိုဓာတ်စုပ်ယူမှုကို နှေးကွေးစေတယ်လို့သိရပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း စောင့်ကြည့်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့သဘောကိုက အမျှင်ဓာတ်ကို ခပ်ဖြည်းဖြည်းပဲစုပ်ယူလို့ သွေးတွင်းသကြားဆောင့်တက်တာတွေ မဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် အစာခြေစနစ်ကိုလည်း ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ သြဇာရွက် (၂) ရွက်၊ (၃) ရွက်လောက်ကို ရေထဲမှာပြုတ်ပြီး မနက်တိုင်းသောက်ပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

၂။ အရေပြားအိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်

သြဇာရွက်တွေမှာ antioxidant တွေကြွယ်ဝတဲ့အတွက် အရေပြားကို နေလောင်ဒဏ်နဲ့ ဆဲလ်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သြဇာရွက်တွေကိုရေမှာပြုတ်ပြီး ဖန်တီးထားတဲ့ သြဇာရွက်လက်ဖက်ရည်ကို တစ်နေ့တစ်ကြိမ်သောက်ပေးမယ်ဆိုရင် အရေပြားကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

၃။ နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်

custard-apple-620x350_620x350_71499858807.jpg 

သြဇာရွက်မှာ မြင့်မားစွာပါဝင်တဲ့ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်ဟာ နှလုံးကြွက်သားတွေကို သက်တောင့်သက်သာရှိစေပြီး နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

၄။ ခွန်အားတိုးစေပါတယ်

ခွက်တစ်ခွက်ထဲမှာ ရေနွေးတစ်ဝက်ထည့်ပြီး သြဇာရွက်ရောထည့်လိုက်ပြီး မနက်တိုင်းသောက်ပေးခြင်းက ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြန်ဆန်စေပြီး တစ်နေ့တာလုံး အားအင်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။ နောက်ပြီး သြဇာရွက်လက်ဖက်ရည်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ခွန်အားပြည့်ဝနေအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

၅။ ဒဏ်ရာတွေကို အမြန်ပျောက်ကင်းစေတယ်

Sugar-apple-sweetsop.jpg

သြဇာရွက်ကြိတ်ရည်ကို ထိခိုက်ဒဏ်ရာတွေပေါ်မှာလိမ်းပေးမယ်ဆိုရင် သြဇာရွက်မှာပါတဲ့ သွေးနီဥကိုအားကောင်းစေတဲ့ ဂုဏ်သတ္တိ၊ ဒဏ်ရာပျောက်စေတဲ့အစွမ်းနဲ့ အေးမြနေတဲ့ အာနိသင်တို့ကြောင့် ဒဏ်ရာကို အမြန်ပျောက်စေပါတယ်။

Source: food.ndtv


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က