အခုချိန်မှာတော့ လူငယ်လူရွယ်တွေလည်း ခါးကိုက်ခါးနာဝေဒနာကို ခံစားနေရပါပြီ။

ဟိုးတုံးကတော့ ခါးကိုက်ခါးနာတယ်ဆိုတာ သက်ကြီးရွယ်အိုတွေမှာပဲ ဖြစ်တတ်တဲ့ ရောဂါဝေဒနာပါ။ ဒါပေမယ့် အခုချိန်မှာတော့ လူငယ်လူရွယ်တွေလည်း ခါးကိုက်ခါးနာဝေဒနာကို ခံစားနေရပါပြီ။ အချိန်အကြာကြီးဆွဲပြီး ကုသမှုမခံယူဘူးဆိုရင် ခါးနာခြင်း ဝေဒနာက ပိုမိုဆိုးရွားလာနိုင်ပါတယ်နော်။



 

ဒါပေမယ့် ဘာမှမပူပါနဲ့။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့အတိုင်း ခါးနာဝေဒနာကို သက်သာပျောက်ကင်းစေတဲ့ အစားအစာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့...

၁။ ငါး

DSCF5888-1-1200x800.jpg 

ငါးမှာပါတဲ့ EPA နဲ့ DHA ဖက်တီးအက်ဆစ်တွေက ခန္ဓာကိုယ်စနစ်ထဲက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့နှုန်းကိုလျှော့ချပေးရာမှာ လက်တွေ့အကျဆုံး နည်းလမ်းတွေဖြစ်ပါတယ်။ နောက်ပြီး ငါးမှာ omega-3 ဖက်တီးအက်ဆစ်တွေပါဝင်တဲ့အတွက် ခါးနာဝေဒနာတွေအတွက် အကိုက်အခဲပျောက်ဆေးတစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

၂။ နာနတ်သီး

aid1430753-v4-728px-Make-Grilled-Pineapple-Step-1-Version-2.jpg 

bromelian လို့ခေါ်တဲ့ အစွမ်းထက်အင်ဇိုင်းတွေဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအကိုက်အခဲပျောက်ဆေး တစ်မျိုးအဖြစ် လုပ်ဆောင်ပေးနိုင်တဲ့အတွက် ခါးနာနေချိန်မှာ နာနတ်သီးစားပေးခြင်းက ကျန်းမာရေးအတွက် သင့်တော်နိုင်ပါတယ်။ စည်သွပ်ထားတဲ့ နာနတ်သီးထက် လတ်ဆတ်တဲ့ နာနတ်သီးက အာနိသင်ပိုမိုထိရောက်ပါတယ်။

၃။ ငရုပ်ပွသီး

အရင်တုံးကဆိုရင် ငရုပ်ပွသီးကို အကိုက်အခဲပျောက်ဆေးတွေထဲမှာတောင် ထည့်သုံးတတ်ကြပါတယ်။ ၎င်းက နာတာရှည်ကိုက်ခဲမှု ဝေဒနာတွေကို ကုသပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

ကျောဘက် ကင်မရာနှစ်လုံးပါ Samsung Galaxy J7+ ကို တရားဝင်မိတ်ဆက် 

၄။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ

ဝမ်းချုပ်ရင် ခါးကိုက်၊ ခါးနာခြင်းက ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့်လည်း သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားဖို့ အကြံပြုကြတာဖြစ်ပါတယ်။ နောက်ပြီး တစ်နေ့ ရေ (၈) ခွက် ပြည့်အောင် သောက်ခြင်းဖြင့်လည်း ရေဓာတ်ဖြည့်တင်းပြီး ခါးနာခြင်းဝေဒနာကို သက်သာစေပါတယ်။

၅။ အရက်သောက်ခြင်းကို ရှောင်ရှားပါ

thatguyblog5.jpg 

အရက်သောက်ခြင်းက ခန္ဓာကိုယ်ထဲက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ဓာတ်တွေကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် ခါးနာနေရင် အရက်သောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

၆။ ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်ပါ

do-you-know-how-to-prevent-overeating.jpg 

ကယ်လိုရီများပြားစွာပါဝင်တဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးခြင်းက အစာအိမ်ထဲမှာ၊ ကလီစာတွေထဲမှာ အဆီတွေစုလာစေပြီး နောက်ဆုံးမှာ ခါးနာခြင်းဝေဒနာကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်လည်း အနည်းဆုံးတော့ နေ့စဉ် လမ်းများများလျှောက်ပေးဖို့ အကြံပြုကြတာ ဖြစ်ပါလိမ့်မယ်။

၇။ ပူစီနံဆီ

ပူစီနံရွက်က ထုတ်ထားတဲ့ အဆီနဲ့ နှိပ်နယ်ပေးခြင်းက နာကျင်ခြင်းဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။ ခါးနာနေတယ်ဆိုရင် ပူစီနံရွက်ဆီနဲ့ အုန်းဆီကို ရောပြီး နာကျင်နေတဲ့ ခါး ဧရိယာတဝိုက်မှာ လိမ်းပေးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ပိုမိုမြန်ဆန်စေပြီး နာကျင်မှုလျော့ပါးစေပါတယ်။

Source: youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က