ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်ထဲမှာ ထမင်းလေးစီရင်း အိပ်ငိုက်မိတတ်တာဟာ မဆန်းပါဘူး။

ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်ထဲမှာ ထမင်းလေးစီရင်း အိပ်ငိုက်မိတတ်တာဟာ မဆန်းပါဘူး။ ဒါပေမယ့် အထက်လူကြီးမမြင်အောင်တော့ ခိုးငိုက်တတ်ရတာပေါ့။ တကယ်လို့ အလုပ်ချိန်အတွင်းမှာ တရေးတမော အိပ်စက်ခွင့်ပေးတဲ့ သူေဋ္ဌးရှိတယ်ဆိုရင်ကော အဲဒီလိုသူေဋ္ဌးဆီမှာ အလုပ်လုပ်ချင်မှာလား။

အိပ်စက်ခြင်းရဲ့အရေးပါပုံ

d8f59f57b130a9a7_GettyImages-522346142.jpg 

အေရီယားနား ဟပ်ဖ်ဖင်တန် (Arianna Huffington) ဟာ အမေရိကန်သတင်းဝက်ဘ်ဆိုဒ် မီဒီယာတစ်ခုဖြစ်တဲ့ The Huffington Post ရဲ့ ပူးတွဲတည်ထောင်သူနဲ့ အယ်ဒီတာချုပ်ဖြစ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အရင်တုံးက စီးပွားရေးလုပ်ငန်းတွေနဲ့ အောင်မြင်မှုကိုပဲ ကြည့်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် သူမရဲ့အမြင်တွေ ပြောင်းလဲလာခဲ့တဲ့ အချိန်တစ်ခု ရှိလာခဲ့ပါတယ်။ အလုပ်တွေများလွန်းလို့ အိပ်ရေးတွေပျက်ပြီး စားပွဲပေါ်မှောက်လျက်သား အိပ်ပျော်သွားရာကနေ ပြုတ်ကျပြီး ပါးရိုးတစ်ချောင်း ကျိုးသွားခဲ့ပြီးနောက်မှာ အေရီယားနားဟာ အမြင်မှန်ရလာခဲ့ပါတယ်။

လောကကြီးမှာ အလုပ်တွေပဲဖိကြိုးစားနေတာထက် စိတ်နဲ့ခန္ဓာကို အနားပေးဖို့ပဲ လိုအပ်တယ်ဆိုပြီးတော့ပေါ့။ အဲဒီလို စိတ်နဲ့ ခန္ဓာ (၂) ခုလုံးကို အနားရစေတဲ့ အပြုအမူထဲမှာ အိပ်စက်ခြင်းက ထိပ်ဆုံးကပါ ပါတယ်။

 

ဒီလိုနဲ့ အိပ်စက်ခြင်းကို အထူးစိတ်ဝင်စားပြီး သိပ္ပံနည်းကျသုတေသနတွေပါ ပြုလုပ်ခဲ့တဲ့ အေရီယားနားဟာ သူမရဲ့စာအုပ်အသစ်တစ်အုပ်ဖြစ်တဲ့ "The Sleep Revolution: Transforming Your Life One Night at a Time" (အိပ်စက်ခြင်းတော်လှန်ရေး- တစ်ညကိုတစ်ကြိမ် အိပ်စက်ခြင်းဖြင့် သင့်ဘဝကို ပြောင်းလဲယူလိုက်ပါ) ဆိုတဲ့ စာအုပ်ထဲမှာပါ သူမရဲ့လေ့လာတွေ့ရှိချက်တွေကို ရေးသားခဲ့ပါတယ်။

Popsugar.com က ဆောင်းပါးရှင် လီဆာ ရှူးဂါး (Lisa Sugar) ဟာ အေရီယားနားကို အင်တာဗျူးခဲ့ပြီး အောင်မြင်မှုနဲ့ အလုပ်-ဘဝ မျှခြေကို တပြိုင်တည်းရရှိစေဖို့အတွက် ဘာတွေလိုအပ်လဲဆိုပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ သူမက အိပ်စက်ခြင်းကို အဓိကဦးစားပေးအရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

"အိပ်ရေးသာမဝဘူးဆိုရင် အရာရာတိုင်းက အဆင်မပြေဖြစ်နေမှာပါ။ မိတင်တွေ တက်မယ်။ လုပ်စရာရှိရာတွေ လုပ်မယ်။ ဘာပဲလုပ်လုပ်... အိပ်ရေးမဝတော့ လူကညည်းစီစီဖြစ်ပြီး တီထွင်ဖန်တီးဉာဏ်တွေလည်း ထွက်ပေါ်လာနိုင်ခြင်း မရှိတော့ပါဘူး" လို့ အေရီယားနားက ပြောကြားခဲ့ပါတယ်။ အေရီယားနားဟာ ဒီအိုင်ဒီယာကို စွဲစွဲမြဲမြဲယုံကြည်ခဲ့တဲ့အတွက် The Huffington Post ရုံးခန်းမှာလည်း နေ့လည်နေ့ခင်းအချိန်တွေမှာ လိုအပ်လာတိုင်း အိပ်စက်နိုင်စေဖို့ အိပ်ရာလိပ်တွေကို ထားရှိထားပါတယ်။

See also: 

လူတော်တော်များများက ကိုယ်စီတာဝန်တွေ ရှိကြတဲ့အတွက် အဲဒီလိုတရေးတမောအိပ်စက်ဖို့ အချိန်မပေး နိုင်ကြဘူးလို့ ဆိုကြပါတယ်။ အေရီယားနားကတော့ မိနစ် (၂၀) လောက် တရေးတမော အိပ်စက်ပေးလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ခွန်အားနဲ့ စိတ်ခွန်အားကို ပြန်လည်ပြည့်ဝစေနိုင်တယ်လို့ ယုံကြည်ထားပါတယ်။

သူမကိုယ်တိုင်လည်း ဒီဥပမာအတိုင်း လိုက်နာကျင့်ကြံပါတယ်။ သူမရဲ့ ရုံးခန်းထဲမှာ ဆိုဖာရှည်တစ်လုံးကို ထားရှိပြီး လိုအပ်လာပြီထင်တိုင်း သူမဟာ တရေးတမောအိပ်စက်လေ့ရှိပါတယ်။ သူေဋ္ဌးကိုယ်တိုင် အိပ်ပြမယ်ဆိုရင် ဝန်ထမ်းတွေလည်း လိုက်လုပ်လိမ့်မယ်လို့ သူမက ယုံကြည်ထားပါတယ်။ ဒါကိုသူမက "ထိပ်ဆုံးကိုရောက်ဖို့ အိပ်စက်ခြင်းနဲ့ အစပြုကြစို့" လို့ ဆိုထားပါတယ်။

 

အိပ်စက်ခြင်းရဲ့အရေးပါအရာရောက်မှု နောက်ကွယ်က သိပ္ပံနည်းကျအချက်အလက်တွေက အေရီယားနားကို အိပ်စက်ခြင်းဟာ ဘယ်လောက်အရေးကြီးလဲဆိုတာကို သိရှိရင် အောင်မြင်မှုကို ဖမ်းဆုပ်နိုင်တယ်လို့ သဘောပေါက် နားလည်စေပါတယ်။

ဆောင်းပါးရှင် လီဆာက အေရီယားနားကို သူမရဲ့စာအုပ်နဲ့ပတ်သက်ပြီး သုတေသနပြုလုပ်ရာမှာ ဘယ်တွေ့ရှိချက်က သူမကို အံ့အားအသင့်စေဆုံးလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ သူမက "အိပ်စက်ခြင်းဟာ ဦးနှောက်နဲ့ဆိုင်ပါတယ်။ ဦးနှောက်အတွက် အကျိုးရှိပါတယ်။ ဦးနှောက်နဲ့ ဆက်စပ်နေပါတယ်။ အရင်တုံးက ကျွန်မတို့ထင်ခဲ့ကြတာက အိပ်စက်ခြင်းဟာ လှုပ်ရှားမှုကင်းမဲ့ခြင်းတစ်မျိုးဆိုပြီး ထင်ခဲ့ကြပါတယ်။ တကယ်တမ်းကျတော့ အိပ်စက်နေချိန်မှာ တစ်နေ့တာလုံး ခန္ဓာကိုယ်ထဲမှာ ဖြစ်တည်လာတဲ့ အဆိပ်အတောက်တွေကို ဆေးထုတ်ပစ်တဲ့ ကတိုက်ကရိုက် အပြုအမူတစ်မျိုးပဲ ဖြစ်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါကြောင့် နေ့လည်နေ့ခင်း တရေးတမောအိပ်စက်ခြင်းဟာ ရုံးအလုပ်မှာ ပိုမိုအောင်မြင်အောင်၊ လိုချင်တဲ့ ပရိုးမိုးရှင်းရအောင်၊ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ လုပ်ရည်ကိုင်ရည်အပြည့်ရှိကြောင်း ပြသနိုင်အောင် အထောက်အကူပြုနိုင်ပါတယ်။

Source: popsugar

 

Share

Loading Next Article...
က္က