• Health
    ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ်
Thiha Htun
[Unicode Version]

ကမ္ဘာတဝှမ်းလုံးက လူသန်းပေါင်းများစွာဟာ မိမိကိုယ်ကိုယ် ဆေးလိပ်ဖြတ်ဖို့လိုပြီလို့ ပြောရင်း ဆေးလိပ်မဖြတ်နိုင် ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ဆေးလိပ်လျှော့သောက်သင့်ပြီဆိုတဲ့ အတွေးနဲ့ပဲ ရပ်တန့်ပစ်လိုက်မိကြပါတယ်။ တကယ်တမ်းကျတော့ ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓာကိုယ်က တောင့်တမှုထက် စိတ်မှာအကျင့်ဖြစ်သွားလို့ ဆက်သောက်မိတာက ပိုများပါတယ်။

09-bad-habits-smoking.jpg 

ဆေးလိပ်ဖြတ်ဖို့အတွက် ပရိုဂရမ်တွေ၊ အထောက်အကူပစ္စည်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်အရ ဆေးလိပ်ဖြတ်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့အတွက် နည်းနည်းပြေးလွှားပေးဖို့တော့ လိုအပ်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ် အစီအစဉ်

10-Highly-Effective-Unconventional-Methods-To-Quit-Smoking.jpg 

Mental and Physical Activity ဆိုတဲ့ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ သုတေသနတစ်ခုမှာ ကနေဒါနိုင်ငံတဝှမ်းက ဆေးလိပ်သောက်သုံးသူ (၁၆၈) ဦးကို လေ့လာခဲ့ပါတယ်။ သူတို့ဟာ "Run to Quit" (ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ်) ဆိုတဲ့ အစီအစဉ်လေးမှာပါဝင်ဖို့ စာရင်းပေးခဲ့တဲ့လူတွေ ဖြစ်ပါတယ်။ အစီအစဉ်လေးထဲမှာ အပတ်စဉ် အပြင်ထွက် လမ်းလျှောက်တာ၊ ပြေးလွှားတာ အစရှိတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

Running-Exercise-Sunrise.jpg 

ရလဒ်တွေအရတော့ ပါဝင်သူတွေထဲမှာ (၇၂) ယောက်ကတော့ အစီအစဉ်အဆုံးသတ်သည်အထိ ဆက်လက်ပါဝင်ခဲ့ကြပြီး သူတို့ထဲက (၃၇) ယောက်ဟာ ကာဘွန်မိုနောက်ဆိုဒ် စစ်ဆေးမှုကို အောင်မြင်ခဲ့ခြင်းဖြင့် ဆေးလိပ်တကယ်ပြတ်သွားပြီဖြစ်ကြောင်းကို ပြသနိုင်ခဲ့ပါတယ်။ (၆) လလောက်ကြာလို့ ပြန်လည်စစ်ဆေးကြည့်ရာမှာ အစီအစဉ်ပြီးဆုံးသည်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ် (၉၁) ရာခိုင်နှုန်းဟာ အနည်းဆုံးတော့ ဆေးလိပ်သောက်နှုန်းလျော့ကျသွားခဲ့တယ်လို့ သိရှိရပါတယ်။

exercises-to-keep-you-healthy.jpg 

"တကယ်လို့ လူတစ်ယောက်ဟာ အပြည့်အဝဆေးလိပ်မဖြတ်နိုင်ရင်တောင် ဆေးလိပ်သောက်နှုန်း လျော့သွားတာကတော့ ကောင်းတဲ့အချက်ပါပဲ" လို့ British Columbia တက္ကသိုလ်က သုတေသီ Carly Priebe က ဆိုပါတယ်။ "ဒါပေမယ့် ဒီဆေးလိပ်ဖြတ်ပရိုဂရမ်ရဲ့ ရည်ရွယ်ချက်က သွက်လက်ဖျတ်လတ်စေဖို့လည်း ပါပါတယ်။

See also: 

ပါဝင်သူတော်တော်များများဟာ အပြေးလေ့ကျင့်ခန်းနဲ့ စိမ်းတဲ့သူတွေပါပြီး ဒါဟာ သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေထဲမှာ ပါဝင်လာရင် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်တားဆီးပေးနိုင်တဲ့အတွက် ဘာပဲပြောပြော win-win ပါပဲ" လို့လည်း ပြောကြားသွားပါတယ်။

Source: mensfitness

 

[Zawgyi Version]

ကမၻာတဝွမ္းလံုးက လူသန္းေပါင္းမ်ားစြာဟာ မိမိကိုယ္ကိုယ္ ေဆးလိပ္ျဖတ္ဖို႔လိုၿပီလို႔ ေျပာရင္း ေဆးလိပ္မျဖတ္ႏိုင္ ျဖစ္ေနၾကပါတယ္။ တခ်ိဳ႕ဆိုရင္ ေဆးလိပ္ေလွ်ာ႔ေသာက္သင္႔ၿပီဆိုတဲ႔ အေတြးနဲ႔ပဲ ရပ္တန္႔ပစ္လိုက္မိၾကပါတယ္။ တကယ္တမ္းက်ေတာ႔ ေဆးလိပ္ေသာက္ျခင္းဆိုတာ ခႏၶာကိုယ္က ေတာင္႔တမႈထက္ စိတ္မွာအက်င္႔ျဖစ္သြားလို႔ ဆက္ေသာက္မိတာက ပိုမ်ားပါတယ္။

ေဆးလိပ္ျဖတ္ဖို႔အတြက္ ပရိုဂရမ္ေတြ၊ အေထာက္အကူပစၥည္းေတြကေတာ႔ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ္႔ ေလ႔လာမႈအသစ္အရ ေဆးလိပ္ျဖတ္ျခင္းကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ဖို႔အတြက္ နည္းနည္းေျပးလႊားေပးဖို႔ေတာ႔ လိုအပ္ပါတယ္။

ေဆးလိပ္ျဖတ္ဖို႔ ေျပးၾကမယ္ အစီအစဥ္

10-Highly-Effective-Unconventional-Methods-To-Quit-Smoking.jpg 

Mental and Physical Activity ဆိုတဲ႔ဂ်ာနယ္ထဲမွာ ေဖာ္ျပထားတဲ႔ သုေတသနတစ္ခုမွာ ကေနဒါႏိုင္ငံတဝွမ္းက ေဆးလိပ္ေသာက္သံုးသူ (၁၆၈) ဦးကို ေလ႔လာခဲ႔႔ပါတယ္။ သူတို႔ဟာ "Run to Quit" (ေဆးလိပ္ျဖတ္ဖို႔ ေျပးၾကမယ္) ဆိုတဲ႔ အစီအစဥ္ေလးမွာပါဝင္ဖို႔ စာရင္းေပးခဲ႔တဲ႔လူေတြ ျဖစ္ပါတယ္။ အစီအစဥ္ေလးထဲမွာ အပတ္စဥ္ အျပင္ထြက္ လမ္းေလွ်ာက္တာ၊ ေျပးလႊားတာ အစရွိတဲ႔ အစီအစဥ္ေတြ ပါဝင္ပါတယ္။

ရလဒ္ေတြအရေတာ႔ ပါဝင္သူေတြထဲမွာ (၇၂) ေယာက္ကေတာ႔ အစီအစဥ္အဆံုးသတ္သည္အထိ ဆက္လက္ပါဝင္ခဲ႔ၾကၿပီး သူတို႔ထဲက (၃၇) ေယာက္ဟာ ကာဘြန္မိုေနာက္ဆိုဒ္ စစ္ေဆးမႈကို ေအာင္ျမင္ခဲ႔ျခင္းျဖင္႔ ေဆးလိပ္တကယ္ျပတ္သြားၿပီျဖစ္ေၾကာင္းကို ျပသႏိုင္ခဲ႔ပါတယ္။ (၆) လေလာက္ၾကာလို႔ ျပန္လည္စစ္ေဆးၾကည္႔ရာမွာ အစီအစဥ္ၿပီးဆံုးသည္အထိ ပါဝင္ယွဥ္ၿပိဳင္ခဲ႔ၾကတဲ႔ ပုဂၢိဳလ္ (၉၁) ရာခိုင္ႏႈန္းဟာ အနည္းဆံုးေတာ႔ ေဆးလိပ္ေသာက္ႏႈန္းေလ်ာ႔က်သြားခဲ႔တယ္လို႔ သိရွိရပါတယ္။

"တကယ္လုိ႔ လူတစ္ေယာက္ဟာ အျပည္႔အဝေဆးလိပ္မျဖတ္ႏုိင္ရင္ေတာင္ ေဆးလိပ္ေသာက္ႏႈန္း ေလ်ာ႔သြားတာကေတာ႔ ေကာင္းတဲ႔အခ်က္ပါပဲ" လို႔ British Columbia တကၠသိုလ္က သုေတသီ Carly Priebe က ဆိုပါတယ္။ "ဒါေပမယ္႔ ဒီေဆးလိပ္ျဖတ္ပရိုဂရမ္ရဲ႕ ရည္ရြယ္ခ်က္က သြက္လက္ဖ်တ္လတ္ေစဖို႔လည္း ပါပါတယ္။

See also: 

ပါဝင္သူေတာ္ေတာ္မ်ားမ်ားဟာ အေျပးေလ႔က်င္႔ခန္းနဲ႔ စိမ္းတဲ႔သူေတြပါၿပီး ဒါဟာ သူတို႔ရဲ႕ ေန႔စဥ္လုပ္ေဆာင္မႈေတြထဲမွာ ပါဝင္လာရင္ ေဆးလိပ္ေသာက္ျခင္းေၾကာင္႔ျဖစ္တဲ႔ ေဘးထြက္ဆိုးက်ိဳးေတြကို ကာကြယ္တားဆီးေပးႏိုင္တဲ႔အတြက္ ဘာပဲေျပာေျပာ win-win ပါပဲ" လို႔လည္း ေျပာၾကားသြားပါတယ္။

Source: mensfitness

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs