ဆီးချို/သွေးချို ရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃၇၁ သန်းကို သက်ရောက်နေတဲ့ ရောဂါဖြစ်ပြီး ဆီးချိုရောဂါ ခံစားနေရသူတွေအနက် ၁၈၇ သန်းဟာ သူတို့ကိုယ်သူတို့ ဆီးချိုဖြစ်နေမှန်း မသိကြဘူးလို့ နိုင်ငံတကာဆီးချိုရောဂါဆိုင်ရာအဖွဲ့ချုပ် (IDF) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခု ပြောပြမယ့် လက္ခဏာရပ်တွေကို ကြုံနေရပြီဆိုရင်တော့ ဆီးချို/သွေးချို ရှိမရှိဆိုတာကို အမြန်ဆုံး စစ်ဆေးဖို့ လိုနေပါပြီ။

၁။ ရေဆာတယ်

water.jpg 

ဆီးချိုရောဂါဖြစ်ရင် သွေးထဲမှာ သကြားဓာတ်တွေ ပိုလာပါတယ်။ ကျောက်ကပ်တွေက သကြားတွေကိုချေဖျက်ဖို့ ပိုအလုပ်လုပ်ရပြီး ဆီးနဲ့အတူ သကြားတွေစွန့်ထုတ်ရပါတယ်။ ဒါကြောင့်မို့လို့ ဆီးခဏခဏ သွားရပြီး ရေလည်း ပိုဆာလောင်ပါတယ်။

၂။ အသားအရေ

ကိုယ့်ရဲ့အရေပြားကို သတိထားကြည့်ပါ။ နေ့တိုင်း တစ်မျိုးမဟုတ်တစ်မျိုး မူမမှန်တာတွေ့နေရတယ်။ အထူးသဖြင့် အနက်ရောင်အစက်အကွက်လေးတွေ တွေ့လာရတယ်။ အစက်လေးတွေက ပွားလာတယ်။

၃။ ပိန်သွားတယ်

ဆီးချိုဖြစ်ရင် ဝလာတယ်လို့ပဲ သိကြတယ်။ ရုတ်တရက် ပိန်သွားတာလည်း ဖြစ်တတ်ပါတယ်။ မကြာခဏဆီးသွားတော့ ကယ်လိုရီတွေကျသွားပြီး ပိန်သွားတာပါ။

၄။ ဆာလောင်တယ်

ဆီးချိုဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်တွင်းဆဲလ်တွေကို ရောက်ရမယ့် သကြားဓာတ်က ဆဲလ်ထဲကိုမရောက်ဘဲ သွေးထဲမှာ ပိုနေတာကို ခေါ်တာပါ။ အဲ့ဒီအတွက် လူက မကြာခဏ ဆာလောင်နေတတ်တယ်။

၅။ ခြေဖဝါးလက်ဖဝါးတွေနာတယ်

Spotted-Feet-e1479927980611.jpg 

သွေးထဲမှာသကြားဓာတ်တွေများနေတော့ အာရုံကြောတွေထိခိုက်ပြီး လက်မောင်း၊ လက်၊ ခြေထောက်နဲ့ ခြေဖဝါးတွေ ပူလောင်နာကျင်သလို ခံစားရပါတယ်။

၆။ ဝလာတယ်

ခဏခဏဗိုက်ဆာတော့ စားရင်းနဲ့ ဝိတ်တက်လာတယ်။ အင်ဆူလင်ခုခံနိုင်စွမ်းလို့ခေါ်တဲ့ သက်ရောက်မှုကြောင့် ကိုယ်အလေးချိန် တက်လာပါတယ်။

၇။ စိတ်အပြောင်းအလဲမြန်

ပုံမှန်ထက် ပိုပြီး သိသိသာသာ စိတ်အပြောင်းအလဲ မြန်လာတယ်။ ဂလူးကို့စ်ပမာဏ နည်းနေတာကြောင့် စိတ်အပြောင်းအလဲမြန်၊ ဒေါသထွက်လာတယ်။ စိတ်ဓာတ်ကျလာတယ်။

 

၈။ အမြင်အာရုံ

ဆီးချိုဖြစ်ရင် ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်မှုရှိပါတယ်။ သွေးထဲမှာသကြားဓာတ်များလာတဲ့အခါ တစ်ရှုးတွေထဲက အရည်ဓာတ်တွေ ကုန်ခမ်းရတယ်။ မျက်လုံးတွေလည်း အပါအဝင်ပေါ့။ ဒါကြောင့် အမြင်အာရုံ မပြတ်သားတော့ဘူး။

၉။ အနာကျက်နှေးတယ်

Diabetes-Cut.jpg 

ထိခိုက်ရှနာဖြစ်လို့ တော်တော်နဲ့ အနာမကျက်နိုင်ဘူးဆိုရင် ဆီးချိုရှိနေလို့ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ဆီးအိတ်နဲ့ မိန်းမကိုယ်ဆိုင်ရာ ရောဂါပိုးတွေလည်း ဝင်နိုင်တယ်။

၁၀။ ယားယံမှု

ဆီးချိုရှိရင် သွေးစီးဆင်းမှု နှေးသွားတယ်။ ဒါကြောင့် အရေပြားယားယံမှုကိုလည်း ခံစားရပါတယ်။

Source : Tip Hero

Share

Loading Next Article...
က္က