Thiha Htun

အမြင်အာရုံဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မျက်စိမမြင်ရရင် (သို့) အမြင်အာရုံအားနည်းပြီဆိုရင် ဒုက္ခိတတစ်ပိုင်းလို ဖြစ်သွားတတ်တော့ မျက်စိကျန်းမာရေးဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။

gettyimages-592011549.jpg 

နောက်ပြီး မျက်စိဆိုတာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အနူးညံ့ဆုံးနဲ့ အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီတော့ မျက်စိပတ်ဝန်းကျင်မှာ အောက်ဖော်ပြပါ လက္ခဏာလေးတွေ ပြနေပြီဆိုရင် လိုအပ်တဲ့ ဆေးဝါးကုသမှုနဲ့ လုပ်ဆောင်မှုလေးတွေကို မဆိုင်းမတွ လုပ်ဆောင်ပေးသင့်ပါတယ်။

၁။ မျက်စိ နီမြန်းလာမယ်

21-Effective-Home-Remedies-For-Red-Eyes.jpg 

"လူတွေမှာ အဖြစ်အများဆုံးမျက်စိပြဿနာကတော့ မျက်စိ နီမြန်းခြင်းပဲဖြစ်မယ်ထင်ပါတယ်" လို့ Nashville က မျက်စိဆရာဝန် တစ်ဦးဖြစ်တဲ့ Rebecca J. Taylor က ဆိုပါတယ်။ မျက်သားဖြူဖြူပေါ်မှာ သွေးကြောလေးတွေ ယှက်သမ်းလာခြင်း၊ (တနည်းအားဖြင့် မျက်စိနီမြန်းလာခြင်း) ဟာ ရုတ်တရက်မြင်ရတာကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ဖြစ်ရင် အလှှပျက်စေနိုင်ပါတယ်။

ဒါပေမယ့် ဒါဟာ မျက်စိအပေါ်ယံလွှာအောက်မှာ ဒဏ်ရာရခြင်းမျှသာဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပြန်ပျောက်သွားပါလိမ့်မယ်။ မျက်စဉ်းခပ်ပေးခြင်း၊ ရေများများပြန်သောက်ပေးခြင်းတို့နဲ့ ရောဂါကုသခြင်းဖြစ်စဉ်ကို ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တကယ်လို့ မျက်စိက နီမြန်းရုံသာမက ယားယံပြီး မျက်ရည်တွေပါ ကျလာပြီဆိုရင်တော့ အလာ့ဂျစ်ထတာဖြစ်နိုင်ပါတယ်။ လတ်တလော မိမိပတ်ဝန်းကျင်မှာ မိမိနဲ့ ဓာတ်မတည့်တဲ့အရာ ဘာရှိနေလဲဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။

၂။ ပန်းရောင်မျက်စိ

pink-eye-conjunctivitis-s4-swollen-eyelid.jpg 

ဆေးပညာအခေါ်အရတော့ coujunctivitis လို့ခေါ်ပြီး အရပ်အခေါ်တော့ မျက်စိနာခြင်း (ပန်းရောင်မျက်စိ) လို့ခေါ်ပါတယ်။ ဒီလိုဝေဒနာမျိုး မျက်စိမှာဖြစ်နေပြီဖြစ်နေပြီး မျက်စိဟာ ယားယံနီမြန်းပြီး အဖြူရောင် (သို့) အဝါရောင်အရည်လေးတွေ စီးကျနေပါလိမ့်မယ်။ တချို့တွေက မျက်စိနာနေတဲ့လူကို မျက်လုံးချင်းစိုက်ကြည့်မိရင် ကူးတယ်လို့လည်း ဆိုကြပါသေးတယ်။

အမှန်တော့ ဒီအခြေအနေဟာ ဗိုင်းရပ်စ်ပိုးမွှားကူးစက်ခြင်းကြောင့်ဖြစ်တဲ့ ဝေဒနာဖြစ်ပြီး (၇) ရက်ကနေ (၁၀) ရက်ကြား ကြာနိုင်ပါတယ်။ မျက်စိတစ်ဖက်မှာဖြစ်ပြီးရင်လည်း နောက်တစ်ဖက်ကို အလွယ်တကူကူးနိုင်ပါတယ်။ သူနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့ နှာစေးခြင်းနဲ့ အအေးမိဝေဒနာတွေပဲ ဖြစ်ပါတယ်။ မျက်စိနာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

၃။ မျက်စိခြောက်နေမယ်

Pre-SurgicalPageImg.jpg 

မျက်စိခြောက်ခြင်းကတော့ ပတ်ဝန်းကျင်အနေအထားပြောင်းလဲခြင်း (ဥပမာ... လေယာဉ်စီးပြီး ခရီးသွားခြင်း)၊ ဟော်မုန်း ပြောင်းလဲခြင်းနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြောင်းလဲခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီတို့လို ဒစ်ဂျစ်တာ စခရင်မ်တွေကို အကြည့်များတဲ့လူတွေ၊ စာအုပ်အဖတ်များတဲ့လူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဒီအခြေအနေကို ဖြေရှင်းဖို့ မျက်စဉ်းခတ်ပေးတာ၊ နာရီဝက်တစ်ခါ စိမ်းစိုတဲ့ အရာဝတ္ထုတွေကို ကြည့်ပေးတာနဲ့ ပြန်ဖြေရှင်းပေးနိုင်ပါတယ်။

See also  

၄။ မျက်ခွံပေါ်မှာ အနီဖုလေးတွေ ပေါက်နေမယ်

Stye-in-eye.jpg 

မျက်စိထဲကနေ သဘာဝအတိုင်း အဆီထွက်ပါတယ်။ တကယ်လို့ အဆီဂလင်းလေးတွေ ပိတ်ဆို့နေမယ်ဆိုရင် မျက်ခွံပေါ်က ချွေးပေါက်လေးတွေပေါ်မှာ သွားပြီး သက်ရောက်မှုရှိနိုင်ပါတယ်။ ရလဒ်အနေနဲ့ နီရဲပြီး ရောင်ရမ်းနေတဲ့ အဖုလေးတွေ မျက်ခွံပေါ်မှာ ပေါက်နေပါလိမ့်မယ်။ နာကျင်မှုကို လျော့နည်းသွားစေဖို့ ရေနွေးအိတ်လေးနဲ့ ပြန်ကပ်ပေးတာတို့၊ ရေခဲအုပ်ပေးတာတို့ လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး မျက်စိကို ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ ဆေးပေးတာကိုလည်း လုပ်ပေးနိုင်ပါတယ်။

၅။ မျက်ခမ်းလှုပ်နေမယ်

eye-twitching-tease-today-160603_b24e26f8f669e1a387cde4e24b6aa932.jpg 

မျက်ခမ်းတွေ တဆတ်ဆတ်လှုပ်နေတာက အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အရမ်းကြီးတော့ serious ဖြစ်တဲ့ အခြေအနေ တစ်ခုမဟုတ်ပါဘူး။ ဆေးပညာအခေါ်အရတော့ ဒါကို eyelid myokymia လို့ခေါ်ပါတယ်။ ဒီအခြေအနေကတော့ ကော်ဖီ၊ လက်ဖက်ရည်အသောက်များခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးပျက်ခြင်းတို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။ အဲဒီအခြေအနေလေးတွေကို ပြန်ပြောင်းလိုက်နိုင်ရင် မျက်ခမ်းလှုပ်တာလည်း ရပ်တန့်သွားပါလိမ့်မယ်။

Source: webmd

 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က