သူငယ်ချင်းတွေရဲ့အပြုအမူတွေက မိမိရဲ့ စိတ်ခံစားချက် အတက်အကျကို လွှမ်းမိုးနိုင်တယ်လို့ သိပ္ပံပညာက ဆိုထားတာပါ။

ဘတ်စ်ကားပေါ်မှာ ဖုန်းပွတ်ရင်း အကျိုးအကြောင်းတစ်စုံတရာမရှိပါဘဲ ပြုံးနေမိပါသလား။ သူငယ်ချင်းတွေကို ကျေးဇူးတင်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တုံးက မျက်နှာပြောင်ထားတဲ့ ပုံတွေကို ပြန်ကြည့်ရင်း ပြုံးနေမိတာဖြစ်နိုင်လို့ပါပဲ။ ဒါမှမဟုတ် စိတ်ညစ်၊ စိတ်ဓာတ်ကျပြီး အိမ်ကိုပြန်လာမိပါသလား။ ဒါဆိုရင်လည်း သူငယ်ချင်းတွေကိုပဲ ကျေးဇူးတင်လိုက်ပါ။



 

ခင်ဗျား စိတ်ဓာတ်ကျရခြင်းရခြင်းရဲ့ နောက်ကွယ်မှာ ခင်ဗျားသူငယ်ချင်းတွေ ရှိနေနိုင်လို့ပါပဲ။ မဆီမဆိုင်လို့တော့ မတွေးလိုက်ပါနဲ့ဦး။ သူငယ်ချင်းတွေရဲ့အပြုအမူတွေက မိမိရဲ့ စိတ်ခံစားချက် အတက်အကျကို လွှမ်းမိုးနိုင်တယ်လို့ သိပ္ပံပညာက ဆိုထားတာပါ။

သိပ္ပံနည်းကျ သုတေသန

o-WOMAN-CONSOLING-FRIEND-REAR-facebook.jpg 

မကြာသေးမီက Royal Society Open Science ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုက ထုတ်ဖော်ထားတာက လူတစ်ယောက်ရဲ့စိတ်အခြေအနေဟာ သူတွဲနေ၊ ပေါင်းနေတဲ့ လူတွေအပေါ်မှာလည်း မူတည်နေပါသေးသတဲ့။ ဒီလေ့လာမှုရဲ့ နောက်ကွယ်မှာလည်း သေချာတိုင်းတာရရှိထားတဲ့ ဒေတာတွေ ပါရှိနေပါတယ်။

အဲဒီလိုဒေတာတွေ ရရှိဖို့အတွက် Junior High နဲ့ High School ကျောင်းသား (၂၁၉၄) ယောက်ကို ဆာဗေးဆင်းခဲ့ရပါတယ်။ သုတေသီတွေဟာ လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်နဲ့ သူ့ဘေးနားက သူငယ်ချင်းတွေရဲ့ စိတ်ခံစားချက်ကြား ဆက်နွယ်မှုကို တိုင်းတာဖို့ သင်္ချာမော်ဒယ်တစ်မျိုးကို အသုံးပြုခဲ့ရပါတယ်။

အဲဒီမှာ ပတ်ဝန်းကျင်မှာ စိတ်ညစ်နေတဲ့၊ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေရှိနေတဲ့ ကျောင်းသားတွေရဲ့ စိတ်ခံစားချက်ဟာလည်း စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အချိန် (၆) လ ကနေ (၁) နှစ်ကြား စောင့်ပြီးမှ ပြန်လည်တိုင်းတာစစ်ဆေးကြည့်ချိန်မှာလည်း စိတ်ခံစားချက်တွေက ထူးထူးခြားခြား တိုးတက်ကောင်းမွန်လာခြင်း မရှိတာကို တွေ့ရှိခဲ့ရပါတယ်။

လူမှုရေးကူးစက်ရောဂါ

woman-comforting-friend-1200x800.jpg 

တခြားတစ်ဖက်မှာတော့ ပျော်ရွှင်နေတဲ့ သူငယ်ချင်းတွေကြားမှာ နေရတဲ့ ကျောင်းသားတွေကတော့ စိတ်ခံစားချက်ကောင်းမွန်ပြီး ပျော်ရွှင်မူးတူးနေတာကို တွေ့ရှိရပါတယ်။ အကူအညီကင်းမဲ့သလို ခံစားရခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ အရာရာကို စိတ်ကုန်နေမိခြင်း အစရှိတဲ့ စိတ်ကျရောဂါလက္ခဏာတွေဟာ မပျော်ရွှင်သလို ခံစားနေရတဲ့ ကျောင်းသားတွေကြားမှာ တူညီစွာမြင်တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေက ဒီဖြစ်စဉ်ကို "လူမှုရေးကူးစက်ရောဂါ" လို့ခေါ်ပါတယ်။

see also 

သုတေသီတစ်ဦးလည်းဖြစ်၊ Warwick တက္ကသိုလ်က ပါရဂူဘွဲ့ကြိုကျောင်းသားတစ်ဦးလည်းဖြစ်တဲ့ Robert Eyre ကတော့ ဒါဟာ ကျွန်တော်တို့အားလုံး ရင်းနှီးကျွမ်းဝင်ပြီးသားအရာတစ်ခုဖြစ်သလို လူပြိန်းသိနဲ့တောင် နားလည်နိုင်တဲ့ အရာတစ်မျိုးလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။ တစ်နည်းအားဖြင့် သူငယ်ချင်းတွေရဲ့ စိတ်ခံစားချက်တွေက ကျွန်တော်တို့နဲ့ စိတ်ချင်းနီးနေတဲ့အတွက် ပွတ်တိုက်မိသလိုဖြစ်ပြီး ကူးစက်သွားတာဖြစ်ပါတယ်။ အဲဒီလိုကူးစက်သွားတဲ့ စိတ်ခံစားမှု ဗိုင်းရပ်စ်တွေထဲမှာ ကောင်းတာပါသလို မကောင်းတာလည်း ပါနိုင်ပါတယ်။

 

သိပ္ပံဒေတာတွေကို ဘေးဖယ်ထားပြီး ရိုးရိုးလေးပဲ စဉ်းစားကြည့်မယ်ဆိုရင်တောင် သူငယ်ချင်းတစ်ယောက် စိတ်မပျော်ဘူးဆိုရင် ကိုယ်တစ်ယောက်တည်း ကွဲထွက်ပြီး ဘယ်လိုမှ စိတ်ပျော်နေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်သူငယ်ချင်းတစ်ယောက် အသည်းကွဲနေပြီဆိုရင် ဝိုင်းပြီး နှစ်သိမ့်ပေးကြတာတို့၊ သူငယ်ချင်းတစ်ယောက် ရာထူးတိုးပြီဆိုရင် ဝိုင်းဝန်းအောင်ပွဲခံကြတာတို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ပေါင်းနေတဲ့ သူငယ်ချင်းအုပ်စုထဲမှာ အမြဲလိုလို စိတ်ညစ်၊ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိမနေအောင် ဝိုင်းထိန်းဖို့ လိုအပ်တာဖြစ်ပါလိမ့်မယ်။ ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလိုပဲ အဲဒီလို စိတ်ဓာတ်ကျလွယ်တဲ့ သူငယ်ချင်းကလည်း ပျော်ရွှင်နေတဲ့ သူငယ်ချင်းတွေကြားမှာ အနေကြာလာရင် သူကိုယ်တိုင် လိုက်ပျော်ရင်ပျော်လာ၊ ပျော်မလာရင် ဘယ်လိုမှ ဆက်ပေါင်းလို့မရတော့ဘဲ ကွဲထွက်သွားဖို့ပဲ ရှိပါတယ်။

Source: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က