နေကြာစေ့အကြောင်းပဲ ပြောနေကြလို့၊ ကွာစေ့ရဲ့ကောင်းကျိုးလေးတွေလည်း ပြောလိုက်တယ်နော်။

ကွာစေ့ဆိုတာ တကယ်တော့ ဖရဲသီးစေ့ကို လှော်ထားတာပါပဲ။ ဖရဲသီးစားရင် အစေ့ကိုတော့ လွှင့်ပစ်ကြပေမဲ့ ကွာစိအနေနဲ့ကျတော့ ပြန်ဝယ်စားကြပြန်ရော။ ကွာစေ့စားတာကလည်း လူကို ကောင်းကျိုးဖြစ်စေပါတယ်။

 

၁။ အမိုင်နိုအက်ဆစ် (Amino Acid)တွေ ပါဝင်ပြီး အာဂျင်နိုင်း၊ ဂလူတမစ်အက်ဆစ်၊ Lysine ၊ tryptophan တို့လို အမိုင်နိုအက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး နှလုံးကိုကျန်းမာစေပါတယ်။

၂။ ဖရဲသီးစေ့ ၁၀၀ ဂရမ်ကို စားရင် မဂ္ဂနီစီယံ ၁၃၉ % ဖြည့်ပေးနိုင်ပါတယ်။ နှလုံးကြွက်သားတွေကို ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေတယ်။

၃။ Lycopene လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးလည်း ပါဝင်လို့ နှလုံးကိုကျန်းမာစေပြီး အမျိုးသားတွေအနေနဲ့ သန္ဓေအောင်နိုင်ခြေ ပိုကောင်းလာစေတယ်။

၄။ ဗီတာမင် B ကြွယ်ဝပါတယ်။

 

၅။ အသားအရေကို ဝင်းလက်စိုပြေစေပြီး အရေပြားအတွင်းပိုင်းကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ Unsaturated Fatty Acids တွေ ပါဝင်လို့ အသားအရေကို စိုပြေနူးညံ့စေတယ်။ အရေပြားပြဿနာတွေ မဖြစ်အောင်လည်း တားဆီးပေးတယ်။

၆။ ဆံပင်ကိုလည်း တောက်ပြောင်သန်မာစေပါသတဲ့။

 

Source : Steth

Share

Loading Next Article...
က္က