နနွင်းမှုန့်ဟာ ဟင်းလျာတွေကို အဝါရောင်သမ်းစေတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ နနွင်းမှုန့်ကို ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးအဖြစ်ကော၊ ဆေးဝါးတစ်ခုအဖြစ်ပါ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။



 

ရှေးလူကြီးတွေကတော့ နနွင်းမှုန့်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျ မသိခဲ့ကြပေမယ့် သူတို့ရဲ့ တိုင်းရင်းဆေးတွေထဲမှာ ထည့်သွင်းအသုံးပြုလာခဲ့ကြပါတယ်။ နနွင်းမှုန့််ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...

၁။ အသက်ဇီဝဓာတ်ကို ထောက်ခံအားပေးတယ်

women-friends.jpg

နနွင်းမှုန့်မှာ ဇီဝဓာတ်ကို ထောက်ကူအားပေးတဲ့ curcumin ဆိုုတဲ့ ဒြပ်ပေါင်းတွေ အထူးကြွယ်ဝပြီး ၎င်းတို့ဟာ စိတ်နဲ့ ခန္ဓာ (၂) ခုလုံးကို အကျိုးပြုနိုင်ပါတယ်။ အဲဒီ curcumin ဒြပ်ပေါင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ကာကွယ်နိုင်ပြီး အလွန်အားကောင်းတဲ့ antioxidant တစ်မျိုးလည်းဖြစ်ပါတယ်။ နောက်ပြီး နနွင်းမှုန့်ကို ငရုပ်ကောင်းစေ့နဲ့ ရောစားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ သိသာတဲ့ပြောင်းလဲမှု ရှိလာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

၂။ အဆစ်အမြစ်ရောင် ရောဂါသည်တွေအတွက်ကောင်းတယ်

What-is-rheumatoid-arthritis-1.jpg 

တကယ်လို့ သင့်မှာ အဆစ်အမြစ်ရောင်ရောဂါ (ဂေါက်ရောဂါ) ရှိမယ်ဆိုရင် နနွင်းမှုန့်က အကောင်းဆုံးဆေးဝါးပါပဲ။ နနွင်းမှုန့် လက်ဖက်ရည်ကို အနည်းဆုံး တစ်နေ့ (၂) ကြိမ် နေ့စဉ်သောက်ပေးမယ်ဆိုရင် သူ့မှာပါဝင်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိကြောင့် ကြွက်သားနာကျင်မှုတွေကို လျော့ပါးသက်သာစေပြီး ရေရှည်မှာ အဆစ်အမြစ်ရောင်ရောဂါကို အမြစ်ပြတ်အောင် ကုသပေးပါလိမ့်မယ်။

See also 

၃။ ကင်ဆာတိုက်ဖျက်ပေးတယ်

636041226145779229-1618912681_cancer-eraser.jpg 

နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ curcumin ဆိုတဲ့ ဓာတ်ရဲ့ အဓိကဂုဏ်သတ္တိက ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာလည်း အရေးပါပါတယ်။ Curcumin က anti carcinogen တစ်မျိုးဖြစ်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ ဖြေဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။

၄။ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေတယ်

cold and flu-woman-sick.jpg 

နနွင်းမှုန့်ဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုအားကောင်းလာအောင် မြှင့်တင်ပေးနိုင်ပါတယ်။ ဘာအစာမှ မစားထားရသေးချိန်မှာ နနွင်းတောင့်ကို မျိုချနိုင်ပြီး ခဏခဏ အစာမကြေ ဖြစ်နေတတ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါတယ်။ ဒါတင်မက တခြားအစာအိမ် ရောဂါတွေကိုလည်း ကုသပေးနိုင်ပါသေးတယ်။ နနွင်းမှုန့်စားပေးခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ပုံမှန်လည်ပတ်အောင်၊ သန့်ရှင်းအောင် ထားပေးနိုင်သလို အစာခြေလမ်းကြောင်းကိုလည်း ရှင်းလင်းပေးပါတယ်။

၅။ ကိုလက်စထရောကျစေတယ်

061716_ldl_BODY.jpg 

နနွင်းမှုန့်မှာ သွေးစီးကြောင်းထဲမှာရှိတဲ့ LDL ကိုလက်စထရောကိုလည်း လျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကိုလက်စထရောဟာ ယနေ့ခေတ်လူငယ်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ များပြားစွာ တည်ရှိနေတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက် သိပ်မကောင်းလျပါဘူး။ နနွင်းမှုန့်ကို ရေနဲ့ရောပြီး သောက်ပေးမယ်ဆိုရင် ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်မှာပါ။

Source: youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က