မနက်စာစားတဲ့အခါ လက်ဖက်ရည်က နို့ဆီနဲ့ အချိုတွေများနေရင် လျှော့ပါ။

အိပ်ရာကနိုးတာနဲ့ တစ်နေ့တာလုပ်ရမယ့်အလုပ်တွေ၊ ခံစားနေရတဲ့သောကတွေကို စတင်တွေးမိပြီး စိတ်ဖိစီးနေပြီဆိုရင် နေထိုင်စားသောက်မှုပုံစံလေးကို ဂရုစိုက်ပေးသင့်ပါတယ်။ တစ်နေ့တာရဲ့ အစဖြစ်တဲ့ မနက်ပိုင်းမှာ နေ့စဉ်လုပ်ဆောင်ရတဲ့ကိစ္စတွေကိုပဲ သတိလေးထားပြီး လုပ်သွားမယ်ဆို နေ့ရက်တိုင်းဟာ ကျန်းမာနေမှာပေါ့။



၁။ စောစောထ

20160616144523-good-night-sleep-morning-routine-wake-up-stretching-relaxation.jpeg 

တစ်နေ့ကို ၉ နာရီထက် ပိုအိပ်ခြင်းက စိတ်ကျရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။ စောစောအိပ် စောစောထတာက လူကို သွက်လက်ပေါ့ပါးစေပါတယ်။

see also 

၂။ လေ့ကျင့်ခန်း

ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ရတာ မကြိုက်ဘူး၊ အချိန်မပေးနိုင်ဘူး ဆိုပေမဲ့လည်း သောကတွေပြေလျော့ဖို့ အကောင်းဆုံးက လေ့ကျင့်ခန်းလုပ်တာပါပဲ။ စိတ်ညစ်နေရင် cardio လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ ကြိုးခုန်တာမျိုး၊ ထိုင်ထနဲ့ ယောဂလေ့ကျင့်ခန်းတွေက လွယ်ကူထိရောက်ပါတယ်။ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုရင် လမ်းလေးတော့လျှောက်ပေးပါ။ တစ်နေ့ကို ခြေလှမ်းတစ်ထောင်ပြည့်အောင် လျှောက်တာလည်း အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။

၃။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ

good-morning-1a.jpg 

မနက်စာကို ကောင်းကောင်းစားပေးမှ တစ်နေ့လုံးအတွက် ခွန်အားတွေရှိမှာပါ။ မနက်စာ သေသေချာချာစားဖို့အချိန်မရှိရင် ကြက်ဥပြုတ်စားဖို့ အကြံပေးလိုက်ပါတယ်။ ကွေကာ၊ ကြက်ဥကြော်၊ သစ်သီးနဲ့ကိတ် တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။

 

၄။ ကော်ဖီသိပ်မသောက်နဲ့

နံနက်ခင်းမှာ တက်ကြွနေဖို့အတွက် ကော်ဖီက လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ အိပ်ယာထထချင်း သောက်ဖို့တော့မဟုတ်ဘူးလေ။ နံနက်ပိုင်းမှာ ကော်ဖီကို အများကြီးမသောက်ပါနဲ့။

၅။ အချိုလျှော့စား

maxresdefault.jpg 

သွေးထဲမှာ အချိုဓာတ်များတဲ့အခါ စိတ်ဖိစီးမှုတွေ ပိုဆိုးတတ်ပါတယ်။ အချိုများများစားပြီး သွေးထဲမှာ အချိုဓာတ်များနေခြင်းက လူကို ပိုမိုပင်ပန်းလွယ်စေနိုင်ပါတယ်။ မနက်စာစားတဲ့အခါ လက်ဖက်ရည်က နို့ဆီနဲ့ အချိုတွေများနေရင် လျှော့ပါ။

၆။ ရေသောက်ပါ

ရေများများသောက်တာ ပိုကောင်းပါတယ်။ ဒါမှမဟုတ် လီမွန်သံပုရာလေးနည်းနည်းထည့်ထားတဲ့ Lemon Water ပေါ့။ ရေဓာတ်ခမ်းခြောက်နေတဲ့အခါ ရောဂါတွေကို နာတာရှည်စေနိုင်ပါတယ်။ ဇီဝဖြစ်စဉ်တွေ ပုံမှန်ဖြစ်ဖို့၊ အစာကြေစေဖို့၊ စွမ်းအင်မြှင့်တင်ဖို့၊ အသားအရည်လှဖို့ဖို့ မနက်ခင်းမှာ ရေများများသောက်သင့်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က