တချို့သောကတွေကတော့ ကေဝဋ်ပုဏ္ဏားရဲ့ နဖူးပေါ်က အမာရွတ်လိုပဲ ဘဝထဲမှာ အချိန်ပြည့် လိုက်ပါနှောင့်ယှက်နေတတ်ပါတယ်။
Thiha Htun

သောကဝေဒနာဆိုတာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ အရာတစ်မျိုးပါ။ လိုချင်တာမရလို့ ပူဆွေးသောကရောက်ခြင်း၊ ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးလိုက်ရတဲ့ အရာတစ်ခုအတွက် နှမျောတသဖြစ်ခြင်း၊ လက်လှမ်းမမှီတဲ့ အရာတစ်ခုကို လိုက်ပါခံစားမိနေခြင်း အစရှိသဖြင့် သောကရောက်ပုံအမျိုးမျိုးရှိပါတယ်။

 stressed-woman.jpg

တချို့သောကဝေဒနာတွေက ခဏလေးနဲ့ ပျောက်ကွယ်သွားပေမယ့် တချို့သောကတွေကတော့ ကေဝဋ်ပုဏ္ဏားရဲ့ နဖူးပေါ်က အမာရွတ်လိုပဲ ဘဝထဲမှာ အချိန်ပြည့် လိုက်ပါနှောင့်ယှက်နေတတ်ပါတယ်။ သောကဝေဒနာတွေ လျော့ပါးသက်သာစေဖို့အတွက် မနက်တိုင်း လုပ်ပေးလို့ရတဲ့ အရာလေးတွေလည်း ရှိနေပါသေးတယ်။

၁။ ကျေးဇူးတင်စကားပြောပါ

boy_holding_thank_you_sign_TopOfPage.jpg 

မနက်မိုးလင်းပြီဆိုတာနဲ့ ကိုယ့်ဘဝထဲမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ အရာတစ်ခုအတွက် ကျေးဇူးတင်စကားပြောလိုက်ပါ။ ဥပမာ... မိမိဘာအမှားတွေပဲ လုပ်လုပ် အပြစ်မမြင်ဘဲ ခွင့်လွှတ်ပေးတတ်တဲ့ မိသားစု ဖြစ်ချင်ဖြစ်မယ်။ အားငယ်လာတိုင်း မှီတွယ်လို့ရတဲ့ ပုခုံးတစ်စုံပိုင်ရှင် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် စိတ်ဓာတ်ကျလာတိုင်း ခြေပစ်လက်ပစ် လှဲချလို့ရတဲ့ နွေးထွေးတဲ့ အိပ်ယာလေး ဖြစ်ချင်ဖြစ်မယ်။

ဘာပဲဖြစ်ဖြစ် သူတို့လေးတွေဟာ မိမိဘဝထဲမှာရှိနေတဲ့ ကောင်းမွန်တဲ့ အရာလေးတွေ ဖြစ်တဲ့အတွက် သူတို့ကို ကျေးဇူးတင်စကား ဆိုလိုက်ပါ။ ဘာပဲပြောပြော မနက်ခင်းအချိန်ကို ကောင်းမွန်တဲ့ အရာလေးတွေနဲ့ လွှမ်းခြုံနိုင်ဖို့အတွက် ဒီနည်းလမ်းဟာ အကောင်းဆုံးအရာတစ်ခုပါပဲ။

၂။ အသက်ပြင်းပြင်းရှူပါ

DSS-deep-breath.jpg 

အသက်ပြင်းပြင်းရှူခြင်းဟာ ဦးနှောက်ထဲကို အောက်ဆီဂျင် များများနဲ့ မြန်မြန် ရောက်စေတဲ့အတွက် ဦးနှောက်လုပ်ဆောင်မှုတွေကို နှေးကွေးစေပြီး အာရုံကြောတွေကိုလည်း တည်ငြိမ်စေပါတယ်။ ရုတ်တရက် ထောင်းခနဲဒေါသထွက်ခြင်းလိုမျိုး၊ အကြောင်းတစ်စုံတရာကြောင့် စိတ်ညစ်၊ စိတ်ညစ်ခြင်းလိုမျိုး ပြဿနာတွေ ကြုံရတဲ့အခါ အသက်ပြင်းပြင်းရှူပေးခြင်းဖြင့် ပြန်လည်တည်ငြိမ်စေပါတယ်။

ဒီနည်းလမ်းကို မနက်ခင်းအချိန်မှာ လုပ်ပေးမယ်ဆိုရင်လည်း အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ မနက်ခင်းအချိန်ဆိုတာ လေထုညစ်ညမ်းမှု အနည်းဆုံးအချိန်ဆိုတော့ မနက်အိပ်ယာထပြီဆိုတာနဲ့ ဝရန်တာဘက်ထွက်ပြီး လေ့ကျင့်ခန်းလေး ဘာလေးလုပ်ရင်း အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် တစ်နေ့တာကို စိတ်ကြည်လင်စွာနဲ့ အစပျိုးနိုင်မှာပါ။ ဒါဆိုရင် စိတ်သောကရောက်ဖို့ဆိုတာလည်း ရာခိုင်နှုန်းနည်းသွားပါပြီ။

See also: 

၃။ လေ့ကျင့်ခန်းလုပ်ပါ

stretching1.jpg 

ပုံမှန်လေ့ကျင့်ခန်း လုပ်နေကျသူတွေဆိုရင် သိပါတယ်။ မနက်ခင်းအချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်နဲ့ခန္ဓာကို လန်းဆန်းတက်ကြွစေတဲ့ နည်းလမ်းတစ်ခုပါပဲ။ အပြေးလေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ်၊ Gym ဆော့တာပဲဖြစ်ဖြစ် မိမိနှစ်သက်ရာ ကာယလေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးမယ်ဆိုရင် စိတ်ရဲ့အညစ်အကြေးတွေကို သန့်စင်ပေးနိုင်မှာပါ။ ဒါ့အပြင် ကာယလေ့ကျင့်ခန်း လုပ်နေချိန်မှာ အတွေးများခြင်းကို ရှောင်ရှားနိုင်တဲ့အတွက် သောကရောက်စေမှာ မဟုတ်ပါဘူး။

၄။ ပန်းတိုင်တစ်ခုသတ်မှတ်ပါ

eyes_on_the_goal.jpg 

ဘဝမှာ ရည်မှန်းချက်ပန်းတိုင် မရှိတဲ့သူဟာ စိတ်ဓာတ်ကျဆင်းခြင်းနဲ့ သောကဝေဒနာတွေကို ကြုံတွေ့ရနိုင်ခြေ ပိုများပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ သန္နိဋ္ဌာန်နဲ့ ကြိုးစားအားထုတ်လိုစိတ် ကင်းမဲ့လို့ပါ။ ဒါကြောင့် မနက်ခင်းအချိန်မှာ တစ်နေ့တာ လုပ်ဆောင်ရမယ့် ရည်မှန်းချက်ပန်းတိုင်လေးတွေကို ချမှတ်ပါ။

ငါ အလုပ်ကို ဘယ်နနာရီအရောက်သွားမယ်။ ဒီနေ့ အလုပ် ဘယ်နခု ပြီးအောင်လုပ်မယ် ဆိုတဲ့ အသေးအဖွဲ သန္နိဋ္ဌာန်မျိုးလေးတွေပေါ့။ ပြီးရင် အဲဒီရည်မှန်းချက်လေးတွေ ပြည့်မီစေဖို့အတွက် အားထုတ်ကြိုးပမ်းကြည့်ပါ။ နဂိုုရှိရင်းစွဲ သောကလေးတွေပါ လွှင့်စင်ပျောက်ကွယ် သွားပါလိမ့်မယ်။

Source: MSN

 


ဆက်စပ်အကြောင်းအရာများ


က္က