မေမေတို့ရေ.... ကျန်းမာရေးဂရုစိုက်နော်။
Su Yee Moe

ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ဦး ဖျားနာခြင်းဟာ ဗိုက်ထဲက သန္ဓေသားကိုပါ အကျိုးသက်ရောက်မှုဖြစ်စေပြီး အထူးသဖြင့် နှလုံးနဲ့ မျက်နှာမှာ ချို့ယွင်းချက်ဖြစ်စေတယ်လို့ လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

45335C3400000578-4967372-A_mother_s_fever_itself_not_the_underlying_cause_during_early_pr-a-1_1507663805654.jpg 

မိခင်လောင်းအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုဖြစ်ရင် မမွေးသေးတဲ့ ကလေးကို နှလုံးဆိုင်ရာပြဿနာတွေ၊ မျက်နှာပုံပန်းမကျခြင်းတို့ကို ဖြစ်စေတယ်ဆိုတာကို သိနှင့်ကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်လောင်းရဲ့ နာမကျန်းဖြစ်မှုဟာ ဗိုင်းရပ်စ် ဒါမှမဟုတ် အခြားရောဂါပိုးကြောင့် ဖြစ်ရင်လား၊ ရိုးရိုးဖျားနာခြင်းကြောင့် ဆိုရင်ပဲ သန္ဓေသားလောင်းကို ထိခိုက်စေသလား ဆိုတာကတော့ ပိုင်းခြားရခက်နေခဲ့ပါတယ်။

45327EA500000578-0-image-a-1_1507658069915.jpg 

မြောက်ကယ်ရိုလိုင်းနား၊ ဒါဟမ်မြို့က Duke University ရဲ့ လေ့လာမှုမှာတော့ မိခင်လောင်းဖျားနာရုံနဲ့တင် ကလေးကိုထိခိုက်စေနိုင်တာကို အထောက်အထားတွေနဲ့ တွေ့ခဲ့ရပါတယ်။ ဒါက ပထမဆုံးသက်သေအထောက်ထားဖြစ်ပေမဲ့ ရင်းမြစ်တော့မဟုတ်သေးပါဘူး။ သန္ဓေသားလောင်းကိုဖွဲ့စည်းရာမှာ နှလုံး၊ မျက်နှာနဲ့မေးရိုးဆဲလ်တွေဟာ အပူချိန်ကြောင့် ထိခိုက်လွယ်ပါတယ်။

see also 

ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံး သီတင်းပတ် ၃ ပတ်မှ ၈ ပတ်အတွင်း မိခင်လောင်းက ဖျားနာခဲ့မယ်ဆိုရင် ကလေးရဲ့ အဆိုပါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှုအပိုင်းကို သက်ရောက်မှုဖြစ်စေတယ်လို့ အဆိုပါ သုတေသနအဖွဲ့က ပြောပါတယ်။ လေ့လာမှုရလဒ်ကိုလည်း Science Signaling မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

 

Source : Daily Mail


က္က