စိတ်ရောလူကိုပါ ဒုက္ခရောက်နေစေတယ်ဆိုရင် ရေရှည်မှာ မလွယ်ပါဘူး။

အိမ်ကနေ ရုံးကိုသွားလို့ လမ်းပိတ်တာကနေ ရုံးက အထက်လူကြီးအစ၊ client အဆုံး မတူညီတဲ့ ပင်ပန်းခက်ခဲမှုတွေဟာ လုပ်ငန်းခွင်ဝင်နေသူတိုင်းမှာ ရှိနေတတ်ပါတယ်။ အလုပ်ရဲ့စိတ်ဖိစီးမှုကလည်း ရှောင်လွှဲလို့ မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းမှသာ သင်က ပျော်ရွှင်ကျန်းမာလာမှာပါ။ တကယ်လို့ အလုပ်က စိတ်ကိုရော ကိုယ်ကိုပါ မကျန်းမမာဖြစ်စေတယ်ဆိုရင်တော့ ပိုသင့်လျော်တဲ့အလုပ်ကို ပြောင်းဖို့လိုနေပါပြီ။ ဘယ်လိုတွေ ဒုက္ခပေးနေလဲဆိုတော့



 

၁။ အမြဲတမ်းအချိန်ပိုဆင်းနေရတယ်

တစ်ပတ်ကို ၅ ရက် ရုံးတက်ရပြီး အချိန်ပိုအနေနဲ့ တစ်ပတ် ၁ ရက် ဆင်းပေးရတာမျိုးက ရှိတတ်ပါတယ်။ အဲ့လိုမျိုးမဟုတ်ဘဲ နေ့စဉ်ရက်ဆက် ညဉ့်နက်ချိန်ထိ အချိန်ပိုဆင်းနေရမယ်ဆို ကျန်းမာရေးကို ထိခိုက်လာတော့မှာပါ။ အချိန်ကြာလာတာနဲ့အမျှ အလုပ်လုပ်နိုင်စွမ်းနဲ့ အသစ်တွေကိုဖန်တီးနိုင်စွမ်းတွေလည်း ကျလာပါတယ်။

၂။ စားပွဲကနေ ဘယ်တော့မှ ထရတယ်လို့ကိုမရှိဘူး

stressed-man-1024x683.jpg 

အမြဲတမ်း ထိုင်နေရတာဟာ ကျန်းမာရေးအတွက် မကောင်းမှန်း သိကြပါတယ်။ လှုပ်ရှားမှုနည်းပြီး စိတ်ဖိစီးမှုများရတဲ့ အလုပ်မျိုးပေါ့။ အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းကြောင့် နှလုံးရောဂါ၊ သွေးချိုဆီးချို၊ အဝလွန်မှု၊ ကင်ဆာနဲ့ စိတ်ကျရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကြွက်သားတွေနဲ့ အဆစ်အမြစ်တွေလည်း မကြံ့ခိုင်တော့ဘူး။ ဒီလိုအလုပ်မျိုးမှာ လုပ်နေရသူတွေအဖို့ ခတ္တနားချိန်လေးယူပြီး အကြောဆန့်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။

၃။ ထိုင်ချိန်မရှိဘူး

ဒါလည်း အတူတူပါပဲ။ အမြဲတမ်းထိုင်နေရတာ ကျန်းမာရေးကို ထိခိုက်စေသလို အမြဲတမ်း မတ်တပ်ရနေရတာဟာလည်း ဆိုးကျိုးဖြစ်စေပါတယ်။ ဘားတွေ၊ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းက ဝန်ထမ်းတွေဟာ အလုပ်ချိန်တွင်းမှာ အမြဲတမ်းလိုလို မတ်တပ်ရပ်နေရပြီး ခန္ဓာကိုယ်အနားရဖို့အတွက် ထိုင်ချိန်လေးတောင် မရှိကြပါဘူး။ မတ်တပ်ရပ်နေရတဲ့ အလုပ်မျိုးဟာ သွေးကြောတွေကိုရောင်ရမ်းစေခြင်း၊ သွေးလည်ပတ်မှု အားနည်းခြင်း၊ ခြေထောက်/လက်များ ရောင်ရမ်းခြင်း၊ အဆစ်များထိခိုက်ခြင်းတို့ အပါအဝင် နှလုံးရောဂါနဲ့ သွေးလည်ပတ်မှုဆိုင်ရာပြဿနာတွေ ကြုံလာရတတ်ပါတယ်။

၄။ အလုပ်နဲ့အိမ် ဝေးလွန်းခြင်း

iStock_22758919_LARGE-e1466189884313.jpg 

မိမိရဲ့အိမ်နဲ့ အလုပ်က ဝေးလွန်းတဲ့အခါ ခရီးပန်းပြီး အလုပ်လုပ်နိုင်စွမ်း ကျဆင်းပါတယ်။ နေ့စဉ် အချိန်ကုန်လူပင်ပန်းစွာ သွားနေရလို့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား သက်ရောက်မှုဖြစ်စေပါတယ်။ အိမ်နဲ့အလုပ်က မဝေးသည့်တိုင် ကားပိတ်လမ်းပိတ်ခြင်းကြောင့်လည်း အချိန်တွေပုပ် လူပင်ပန်းတာမျိုးကလည်း စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေ ပိုများလာစေပါတယ်။ ရန်ကုန်လိုမျိုး အမြဲတမ်း ကားတွေလမ်းတွေ ပိတ်နေတဲ့မြို့ပြမှာ အလုပ်လုပ်နေရသူတွေဟာ ဒီဒဏ်ကို အမြဲတမ်း ခံစားနေရပါတယ်။

 

၅။ ညနက်ချိန်ထိ အလုပ်အကြောင်းတွေးနေတယ်

အလုပ်ကို ချစ်လွန်းတာလား၊ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှုတွေလား။ ညညဆို တော်တော်နဲ့ မအိပ်နိုင်ဖြစ်နေပြီး ခေါင်းထဲမှာ အလုပ်အကြောင်းပဲ တွေးနေခြင်းဟာ စိတ်ကျန်းမာရေးထိခိုက်စေသလို အိပ်ချိန်ကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လေ။ အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးပါပဲ။

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က