ဖြူဖွေးတောက်ပတဲ့ သွားလေးတွေကို ဝါထိန်ပြီး အလှပျက်စေတဲ့ အပြုအမူတွေလည်း ရှိပါသေးတယ်။

သွားတိုက်ဆေးကြော်ငြာတွေထဲမှာ တွေ့ဖူးကြမှာပေါ့။ ဖြူဖွေးညီညာတဲ့ သွားတွေပေါ်အောင် ပြုံးပြကြတာမျိုးပေါ့။ တကယ်တော့ အပြုံးလေးတွေ လှပနေစေဖို့ သွားရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးပါ ပါတယ်။ ဖြူဖွေးတောက်ပတဲ့ သွားလေးတွေကို ဝါထိန်ပြီး အလှပျက်စေတဲ့ အပြုအမူတွေလည်း ရှိပါသေးတယ်။



 

၁။ အစားအသောက်

Butter-coffee-660x330.jpg 

တချို့အစားအသောက်တွေက သွားအပေါ်ယံကြွေလွှာပေါ်မှာ အရောင်ပြောင်းလဲခြင်းကို ဖြစ်စေပါတယ်။ အဲဒီထဲမှာ လက်ဖက်ရည်၊ ကော်ဖီ၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဝိုင်ဖြူ၊ ဝိုင်နီ၊ ဆိုဒါပါတဲ့ အချိုရည်တွေနဲ့ သကြားလုံးတို့ ပါဝင်ပါတယ်။ သွားအပေါ်ယံ ကြွှေလွှာ မထိခိုက်စေချင်ရင် ဒီအစားအသောက်တွေ စားပြီးတိုင်း သွားသေချာ ပြန်တိုက်ပေးသင့်ပါတယ်။

၂။ ပိုးစားခြင်း

သွားအခေါင်းပေါက်ထဲမှာ ပိုးဝင်ခြင်းကလည်း သွားအပေါ်ယံံကြွေလွှာ အရောင်ပြောင်းခြင်းနဲ့ သွားဝါခြင်းတွေကို ဖြစ်စေပါတယ်။ နောက်ပြီး တချို့ ဓာတုကုထုံးတွေက ဓာတ်ရောင်ခြည်သင့်ခြင်း၊ ပိုးသတ်ဆေး၊ အချိုရည်၊ အလာ့ဂျစ်ပျောက်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကလည်း သွားအရောင်ပြောင်းစေတဲ့ အကြောင်းရင်းတချို့ပဲဖြစ်ပါတယ်။

၃။ အဖျော်ယမကာတွေ

o-RED-WINE-facebook.jpg 

တချို့အဖျော်ယမကာတွေနဲ့ အရောင်ပါတဲ့ သောက်စရာတွေ (ဥပမာ... cocktail) တွေကလည်း သွားအပေါ်ယံ ကြွေလွှာကို အရောင်ပြောင်းလဲစေနိုင်ပါတယ်။ နောက်ပြီး ဝိုင်တွေ အများကြီး သောက်မယ်ဆိုရင်လည်း သွားကိုအရောင်ပြောင်းစေနိုင်ပါတယ်။

၄။ ဆေးလိပ်သောက်ခြင်း

09-bad-habits-smoking.jpg 

ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းတွေကလည်း သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တချို့ပါပဲ။ နီကိုတင်းနဲ့ tar ပါဝင်တဲ့ ဆေးလိပ်၊ စီးကရက်နဲ့ ဆေးရွက်ကြီးတို့ဟာ သွားကို ထိခိုက်ပျက်ဆီးစေရုံ တစ်ခုတည်းမဟုတ်ပါဘူး။ ခံတွင်းကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။

၅။ ကွမ်းစားခြင်း

ဆေးလိပ်သောက်ခြင်းလိုပါပဲ။ ကွမ်းရွက်၊ ထုံး၊ ကွမ်းသီးနဲ့ ဗမာဆေးတို့ကို ပေါင်းစပ်ထားတဲ့ကွမ်းယာကို ဝါးခြင်း၊ ခံတွင်းထဲထည့်ငုံခြင်းတို့ဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အထူးသဖြင့် သွားကြွေလွှာကို နီရဲခြင်း၊ ညိုမဲခြင်းဖြစ်စေနိုင်လို့ အထူးရှောင်ကြဉ်သင့်ပါတယ်။

၆။ သွားကျန်းမာရေးဂရုမစိုက်ခြင်း

1.-The-way-you-brush-your-teeth.jpg 

သွားပုံမှန်မတိုက်ခြင်း၊ flossing (သွားခြစ်ခြင်း) ကို ပုံမှန်မလုပ်ပေးခြင်းဟာလည်း ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက သွားကြွေလွှာတွေရဲ့ ဖြူစင်မှုကိုလည်း အနှောင့်အယှက် ပေးနိုင်ပါတယ်။ ဒါကြောင့် သွားပုံုမှန်တိုက်ပေးသင့်သလို အပြင်သွားရင်လည်း Mouthwash (ခံတွင်းသန့်စင်ဆေး) ဘူးလေး ဆောင်ထားသင့်ပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က