အရောင်ကိုကြည့်ပြီးတော့လည်း ကျန်းမာရေးအခြေအနေကို ခန့်မှန်းလို့ရနိုင်သေးတယ်။

" ယောက်ျားမှာဆီး ၊ မိန်းမမှာ မီး " ဆိုတဲ့အတိုင်း အမျိုးသမီးတွေအတွက် မီးယပ်ဟာ ဂရုစိုက်ရမယ့် ကျန်းမာရေးကိစ္စတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးအဖို့ ဓမ္မတာစီးဆင်းမှုဟာ ကျန်းမာရေးအခြေအနေ အများကြီးကို ညွှန်ပြနေလေ့ရှိတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ ဓမ္မတာစီးဆင်းမှု လစဉ် ပုံမှန်ဖြစ်ဖို့ကို ဂရုစိုက်ကြရတယ်လေ။ နောက်ပြီးတော့ ဓမ္မတာစီးဆင်းတဲ့အခါ အရောင်ကိုကြည့်ပြီးတော့လည်း ကျန်းမာရေးအခြေအနေကို ခန့်မှန်းလို့ရနိုင်သေးတယ်။



၁။ ပန်းရောင်

1.jpg 

အီစထရိုဂျင်ဟော်မုန်း နည်းနေတာ ဖြစ်နိုင်ပါတယ်။ ပုံမှန်ထက် စီးဆင်းမှု နည်းနေပြီး အရောင်ကလည်း ပန်းရောင်သမ်းနေရင် သေချာပါတယ်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်သူတွေမှာလည်း အီစထရိုဂျင်ဟော်မုန်းနည်းနေတတ်ပြီး ရာသီမမှန် ဖြစ်တတ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

၂။ ရေလိုအရောင်

2.jpg 

အစားအသောက် ပျက်နေချိန်မှာ ဓမ္မတာအရောင်က ကြည်ပြီး ကျဲနေတယ်။ စားတော့စားပါရဲ့ အာဟာရပြည့်မယ့် အစားအစာတွေ မစားဘူးဆိုရင်လည်း ဒီလိုဖြစ်တယ်။ သွေးအားနည်းနေရင် ဓမ္မတာအရောင်က ဖျော့သထက် ဖျော့လာပြီ။ မီးယပ်အထူးကုနဲ့ သွားပြဖို့ လိုပါတယ်။

၃။ နီညိုရောင်

3.jpg 

ဓမ္မတာရောင်က အနီပုပ်ပုပ် ဖြစ်နေတယ်ဆိုရင် စိတ်မပူပါနဲ့။ ဒါ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပုံမှန်ပါပဲ။ ဓာတ်ပြုဖို့အတွက် အချိန်ပိုကြာသွားတဲ့အခါ အရောင်က ရင့်သွားပြီး အနက်ဘက်သမ်းတဲ့ ခပ်ပုပ်ပုပ်ဖြစ်သွားရုံပါ။

၄။ ပျစ်ပြီးအခဲတွေပါတယ်

4.jpg 

ယိုလိုမျိုး ပျစ်ချွဲချွဲကို သွေးခဲလေးတွေ ပါနေပြီဆိုရင်တော့ အီစထရိုဂျင်ဟော်မုန်း များနေပြီး ပရိုဂျက်စတီရုန်းဟော်မုန်း နည်းနေလို့ ဖြစ်ရတာပါ။ ဒီဟော်မုန်း နှစ်ခုလုံးက အမျိုးသမီးတွေအတွက် အရမ်း အရေးကြီးပါတယ်။ နို့ထွက်ပစ္စည်း၊ ပဲနို့နဲ့ သကြားတွေကို လျော့စားကြည့်ပါ။ အခဲတွေပါတာ ရပ်သွားနိုင်ပါတယ်။ လျှော့စားကြည့်တာတောင်မှ အခဲလိုက် ဆင်းနေတုန်းဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်စေချင်ပါတယ်။

၅။ မီးခိုးရောင်နဲ့ အနီရောင် အရော

5.jpg 

ဒါကတော့ ဆီးလမ်းကြောင်း ပိုးဝင်လို့ ဖြစ်နိုင်ပါတယ်။ STD/STI ဖြစ်နိုင်ပါတယ်။ ဆေးခန်းသွားပြီး ကုသမှု ခံယူဖို့ လိုပါတယ်။

၆။ တောက်ပနီရဲတယ်

6.jpg

ဒါကတော့ ဓမ္မတာစီးဆင်းမှု မှန်ကန်ကြောင်း ပြသနေတဲ့ အရောင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရောင် ရှိနေမှ ဓမ္မတာမှန်တယ်လို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ လူတိုင်းမှာ ဓမ္မတာစီးဆင်းမှုက အရောင်တူညီနေမှာမဟုတ်လို့ တောက်ပတဲ့အနီရောင် မဟုတ်ဘူးဆိုလည်း အရမ်းစိတ်မပူပါနဲ့။ အပေါ်မှာ ရေးထားတာတွေကို ပြန်ဖတ်ပါဦးနော်။

Source : Prevention


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က