• Health
    တင်းနစ်ဘောလုံးခန့် ကြီးမားသည့် နှလုံးအကျိတ်ကို ခွဲထုတ်ခဲ့ရသည့် အမျိုးသား
Pyae Phyo Thein
[Unicode Version]

Jake Cohen လို့ခေါ်တဲ့ နယူးယော့ခ်မြို့မှာ နေထိုင်သူ အမျိုးသားတစ်ဦးဟာ ရင်ဘတ်နာကျင်မှုဝေဒနာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရမှာ တင်းနစ်ဘောလုံးအရွယ်ခန့်ရှိတဲ့ နှလုံးအကျိတ် ကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ဆေးပညာသမိုင်းမှာ တွေ့ရှိခဲ့သမျှ တွေထက် ပိုမိုကြီးမားတဲ့ အရွယ်အစားဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တစ်ဦးကဆိုရင်တော့ သူ့အနေနဲ့ ဒီလောက်အရွယ်အစားရှိတဲ့ နှလုံးအကျိတ် ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

4737BC2100000578-5167719-image-a-4_1513004864957.jpg 

Jake ရဲ့ ပြောဆိုမှုအရဆိုရင်တော့ ရင်ဘတ်နာကျင်မှုခံစားရတဲ့ ဝေဒနာအပေါ်မှာ ဆရာဝန်တွေရဲ့ မှတ်ချက်ပြုမှုတွေက လွဲချော်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ (၃) နှစ်ကဆိုရင် အသက်ဘေးအန္တရာယ်နဲ့ နီးစပ်တဲ့အထိကို ဝေဒနာ ခံစားခဲ့ရဖူးကြောင်း သိရပါတယ်။ တင်းနစ် ဘောလုံးအရွယ်အစားရှိတဲ့ အကျိတ်ဟာ Jake မွေးဖွားလာစဉ်ကလည်းက ရှိနေခဲ့ပြီးတော့ နေ့စဉ်နှင့်အမျှ ကြီးထွားလာတာမျိုး ဖြစ်နိုင်ကြောင်း ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တွေက မှတ်ချက်ပြုကြပါတယ်။

4737BC2900000578-5167719-image-m-3_1513004743587.jpg 

" အားကစားသမားတစ်ယောက် မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ် နားလည်မိပါတယ်၊ ပြီးတော့ ကျွန်တော် အချိန်အကြာကြီး ပြေးနိုင်တာမျိုးလည်း မလုပ်နိုင်ပါဘူး" လို့ သူ့ရဲ့ ရောဂါဝေဒနာရဲ့ အကျိုးဆက်ကို Jake က ပြောပြခဲ့ပါတယ်။ " ဆရာဝန်တွေကတော့ ကျွန်တော့်ရဲ့ နှလုံးမှာ အပူဓာတ်များပြားနေတာ ဒါမှမဟုတ်ရင်တော့ သွေးတိုးနေတာပဲ မှတ်ချက်ပြုကြတယ်" ဟု Jake က ထပ်ပြောသည်။

thumbnail.jpg 

လွန်ခဲ့သည့် ခြောက်လခန့်က လေ့ကျင့်ခန်းအနည်းငယ် ပြုလုပ်အပြီးမှာတော့ Jake ဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရခဲ့ပြီးတော့ သွေးပေါင်ချိန်အလွန်အမင်းကျဆင်းခဲ့ရသည်။ အသက်အန္တရာယ်ဖြစ်စေလောက်သည်အထိ ခံစားနေရမှုကြောင့် အရေးပေါ်ခွဲစိတ်မှုကို  ခံယူခဲ့အပြီးတွင်တော့ သူ၏ နှလုံးနှင့်အနီးတွင် တင်းနစ်ဘောလုံးအရွယ်ခန့် ရှိနေပြီဖြစ်သည့် အကျိတ် ကို တွေ့ရှိခဲ့ရခြင်းလည်း ဖြစ်သည်။ " ကျွန်တော် မြင်ခဲ့ဖူးသမျှ အကျိတ် တွေထဲမှာတော့ Jake ရဲ့ အကျိတ် က အကြီးဆုံးပဲ" ဟု Dr.Yoshifumi Naka က ပြောခဲ့သည်။ " ဒီ အကျိတ် က အထဲမှာ ပိုပိုပြီးတော့ ကြီးကြီးလာနေတာ" ဟု သူက ထပ်ပြောခဲ့သေးသည်။

47386C0100000578-5167719-image-m-1_1513035668853.jpg 

Jake တွင် တွေ့ရှိခဲ့သော အကျိတ် မျိုးမှာ ဖြစ်လေ့ဖြစ်ထရှိမှု နည်းပါးလွန်းပြီး လူ ၁၀၀၀ တွင်မှ တစ်ယောက်၊ လူတစ်သောင်းတွင်မှ တစ်ယောက် ဖြစ်တတ်လေ့ရှိသော အကျိတ် မျိုးလည်းဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် ဖြစ်တတ်သော အကျိတ်များရှိသော်လည်း နှလုံးအနီးတွင် ဖြစ်ပြီး ကြီးမားနေသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်မျိုးလည်း ဖြစ်သည်။ Jake အတွက် ကံကောင်းသည်မှာ ကင်ဆာဖြစ်ပွားနိုင်သည့် အနေအထားမျိုး မဟုတ်ပဲ သာမန်ရိုးရိုး အကျိတ် မျိုး ဖြစ်ခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ကုသမှုအပြီးမှာတော့ လူသာမာန်တစ်ဦးကဲ့သို့ နေထိုင်ပြီး လေ့ကျင့်ခန်းများလည်း ပြုလုပ်နိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်း Jake က ပြောခဲ့သေးသည်။ နောက်ထပ်တစ်ကြိမ် နှလုံးနဲ့ပတ်သက်သည့် အကျိတ် မျိုး Jake တွင် မဖြစ်နိုင်တော့ကြောင်းလည်း ခွဲစိတ်မှုတွင်ပါဝင်ခဲ့သည့် ဆရာဝန်များက ပြောခဲ့သည်။

 လူပေါင်း ၁၂၀၀၀ ပါဝင်သည့် လေ့လာမှုတစ်ခုတွင် ယခုကဲ့ဆို နှလုံးနဲ့သက်ဆိုင်သည့် အကျိတ် မျိုး ပါရှိသူ ဦးရေမှာ (၇) ဦးခန့်သာ ရှိကြောင်း  Dr. Thomas Cosola က ပြောကြားခဲ့ပြီး သူ၏ ဆရာဝန်ဘ၀ (၁၇) နှစ်အတွင်း ယခုလို အကျိတ် တွေ့ရှိခြင်းမှာ (၂) ကြိမ်သာ ရှိဖူးကြောင်း ဖွင့်ဟခဲ့သည်။

Jake Cohen ကတော့ သူ၏ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်တွင် " ဒီနေ့ အရမ်းကို ပျော်ရွှင်ရပါတယ်၊ ချစ်ခြင်းမေတ္တာနဲ့အကြင်နာကရုဏာတွေရဲ့ အဓိပ္ပာယ်ကို ကျွန်တော်ပိုပြီးနားလည်လာပါပြီ" ဟု ရေးသားခဲ့သည်။

Source: Dailymail

 

[Zawgyi Version]

Jake Cohen လို႕ေခၚတဲ့ နယူးေယာ့ခ္ျမိဳ႕မွာ ေနထိုင္သူ အမ်ိဳးသားတစ္ဦးဟာ ရင္ဘတ္နာက်င္မႈေ၀ဒနာေၾကာင့္ ခြဲစိတ္ကုသမႈ ခံယူခဲ့ရမွာ တင္းနစ္ေဘာလံုးအရြယ္ခန္႕ရွိတဲ့ ႏွလံုးအက်ိတ္ ကို ေတြ႕ရွိခဲ့ပါတယ္။ ဒါဟာ ေဆးပညာသမိုင္းမွာ ေတြ႕ရွိခဲ့သမွ် ေတြထက္ ပိုမိုၾကီးမားတဲ့ အရြယ္အစားျဖစ္တယ္လို႕လည္း သိရပါတယ္။ ဒီခြဲစိတ္မႈမွာ ပါ၀င္ခဲ့တဲ့ ဆရာ၀န္တစ္ဦးကဆိုရင္ေတာ့ သူ႕အေနနဲ႕ ဒီေလာက္အရြယ္အစားရွိတဲ့ ႏွလံုးအက်ိတ္ ကို ပထမဦးဆံုးအၾကိမ္ ျမင္ဖူးျခင္း ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါေသးတယ္။

Jake ရဲ႕ ေျပာဆိုမႈအရဆုိရင္ေတာ့ ရင္ဘတ္နာက်င္မႈခံစားရတဲ့ ေ၀ဒနာအေပၚမွာ ဆရာ၀န္ေတြရဲ႕ မွတ္ခ်က္ျပဳမႈေတြက လြဲေခ်ာ္ခဲ့ျပီးေတာ့ လြန္ခဲ့တဲ့ (၃) ႏွစ္ကဆိုရင္ အသက္ေဘးအႏၱရာယ္နဲ႕ နီးစပ္တဲ့အထိကို ေ၀ဒနာ ခံစားခဲ့ရဖူးေၾကာင္း သိရပါတယ္။ တင္းနစ္ ေဘာလံုးအရြယ္အစားရွိတဲ့ အက်ိတ္ဟာ Jake ေမြးဖြားလာစဥ္ကလည္းက ရွိေနခဲ့ျပီးေတာ့ ေန႕စဥ္ႏွင့္အမွ် ၾကီးထြားလာတာမ်ိဳး ျဖစ္ႏိုင္ေၾကာင္း ခြဲစိတ္မႈမွာ ပါ၀င္ခဲ့တဲ့ ဆရာ၀န္ေတြက မွတ္ခ်က္ျပဳၾကပါတယ္။

" အားကစားသမားတစ္ေယာက္ မျဖစ္ႏိုင္ဘူးလို႕ ကိုယ့္ကိုကိုယ္ နားလည္မိပါတယ္၊ ျပီးေတာ့ ကၽြန္ေတာ္ အခ်ိန္အၾကာၾကီး ေျပးႏိုင္တာမ်ိဳးလည္း မလုပ္ႏိုင္ပါဘူး" လို႕ သူ႕ရဲ႕ ေရာဂါေ၀ဒနာရဲ႕ အက်ိဳးဆက္ကို Jake က ေျပာျပခဲ့ပါတယ္။ " ဆရာ၀န္ေတြကေတာ့ ကၽြန္ေတာ့္ရဲ႕ နွလံုးမွာ အပူဓာတ္မ်ားျပားေနတာ ဒါမွမဟုတ္ရင္ေတာ့ ေသြးတိုးေနတာပဲ မွတ္ခ်က္ျပဳၾကတယ္" ဟု Jake က ထပ္ေျပာသည္။

လြန္ခဲ့သည့္ ေျခာက္လခန္႕က ေလ့က်င့္ခန္းအနည္းငယ္ ျပဳလုပ္အျပီးမွာေတာ့ Jake ဟာ အလြန္အမင္း ပင္ပန္းႏြမ္းနယ္မႈကို ခံစားရခဲ့ျပီးေတာ့ ေသြးေပါင္ခ်ိန္အလြန္အမင္းက်ဆင္းခဲ့ရသည္။ အသက္အႏၱရာယ္ျဖစ္ေစေလာက္သည္အထိ ခံစားေနရမႈေၾကာင့္ အေရးေပၚခြဲစိတ္မႈကို  ခံယူခဲ့အျပီးတြင္ေတာ့ သူ၏ ႏွလံုးႏွင့္အနီးတြင္ တင္းနစ္ေဘာလံုးအရြယ္ခန္႕ ရွိေနျပီျဖစ္သည့္ အက်ိတ္ ကို ေတြ႕ရွိခဲ့ရျခင္းလည္း ျဖစ္သည္။ " ကၽြန္ေတာ္ ျမင္ခဲ့ဖူးသမွ် အက်ိတ္ ေတြထဲမွာေတာ့ Jake ရဲ႕ အက်ိတ္ က အၾကီးဆံုးပဲ" ဟု Dr.Yoshifumi Naka က ေျပာခဲ့သည္။ " ဒီ အက်ိတ္ က အထဲမွာ ပိုပိုျပီးေတာ့ ၾကီးၾကီးလာေနတာ" ဟု သူက ထပ္ေျပာခဲ့ေသးသည္။

Jake တြင္ ေတြ႕ရွိခဲ့ေသာ အက်ိတ္ မ်ိဳးမွာ ျဖစ္ေလ့ျဖစ္ထရွိမႈ နည္းပါးလြန္းျပီး လူ ၁၀၀၀ တြင္မွ တစ္ေယာက္၊ လူတစ္ေသာင္းတြင္မွ တစ္ေယာက္ ျဖစ္တတ္ေလ့ရွိေသာ အက်ိတ္ မ်ိဳးလည္းျဖစ္သည္။ လူ႕ခႏၶာကိုယ္တြင္ ျဖစ္တတ္ေသာ အက်ိတ္မ်ားရွိေသာ္လည္း ႏွလံုးအနီးတြင္ ျဖစ္ျပီး ၾကီးမားေနသည္မွာ ျဖစ္ေတာင့္ျဖစ္ခဲ ျဖစ္ရပ္မ်ိဳးလည္း ျဖစ္သည္။ Jake အတြက္ ကံေကာင္းသည္မွာ ကင္ဆာျဖစ္ပြားႏိုင္သည့္ အေနအထားမ်ိဳး မဟုတ္ပဲ သာမန္ရိုးရိုး အက်ိတ္ မ်ိဳး ျဖစ္ခဲ့ျခင္းျဖစ္သည္။ ခြဲစိတ္ကုသမႈအျပီးမွာေတာ့ လူသာမာန္တစ္ဦးကဲ့သို႕ ေနထိုင္ျပီး ေလ့က်င့္ခန္းမ်ားလည္း ျပဳလုပ္ႏိုင္သည့္အတြက္ ၀မ္းေျမာက္မိေၾကာင္း Jake က ေျပာခဲ့ေသးသည္။ ေနာက္ထပ္တစ္ၾကိမ္ ႏွလံုးနဲ႕ပတ္သက္သည့္ အက်ိတ္ မိ်ဳး Jake တြင္ မျဖစ္ႏိုင္ေတာ့ေၾကာင္းလည္း ခြဲစိတ္မႈတြင္ပါ၀င္ခဲ့သည့္ ဆရာ၀န္မ်ားက ေျပာခဲ့သည္။

 လူေပါင္း ၁၂၀၀၀ ပါ၀င္သည့္ ေလ့လာမႈတစ္ခုတြင္ ယခုကဲ့ဆို ႏွလံုးနဲ႕သက္ဆုိင္သည့္ အက်ိတ္ မ်ိဳး ပါရွိသူ ဦးေရမွာ (၇) ဦးခန္႕သာ ရွိေၾကာင္း  Dr. Thomas Cosola က ေျပာၾကားခဲ့ျပီး သူ၏ ဆရာ၀န္ဘ၀ (၁၇) ႏွစ္အတြင္း ယခုလို အက်ိတ္ ေတြ႕ရွိျခင္းမွာ (၂) ၾကိမ္သာ ရွိဖူးေၾကာင္း ဖြင့္ဟခဲ့သည္။

Jake Cohen ကေတာ့ သူ၏ ေဖ့ဘြတ္ခ္စာမ်က္ႏွာေပၚတြင္ " ဒီေန႕ အရမ္းကို ေပ်ာ္ရႊင္ရပါတယ္၊ ခ်စ္ျခင္းေမတၱာနဲ႕အၾကင္နာကရုဏာေတြရဲ႕ အဓိပၸာယ္ကို ကၽြန္ေတာ္ပိုျပီးနားလည္လာပါျပီ" ဟု ေရးသားခဲ့သည္။

Source: Dailymail

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs