• Health
    စိတ်ဖိစီးမှုကြောင့် ပိုဆိုးရွားလာနိုင်တဲ့ အရေပြားပြဿနာ (၃) မျိုး
Su Yee Moe
[Unicode Version]

နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းစရာတွေကို စိတ်ကိုရော လူကိုပါ ဒုက္ခပေးနေတော့တာပါပဲ။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုသလို စိတ်ပင်ပန်းလာရင် ခန္ဓာကိုယ်ကပါ မကျန်းမာတော့ဘူး။ တကယ်လို့များ ကိုယ့်မှာ အရေပြားပြဿနာလေးတွေ ရှိနေမယ်ဆို စိတ်ညစ်မခံပါနဲ့။ ပိုဆိုးသွားတတ်လို့ပါ။

၁။ ဝက်ခြံ

60.jpg 

စိတ်ဖိစီးမှုတွေ များလာတာနဲ့အမျှ အသားအရေက သိသိသာသာ ပျက်စီးလာရတော့တာပဲ။ ဘယ်လိုမျိုးတွေမှာ သိသာသလဲဆိုရင် အရေးကြီးတဲ့ အစည်းအဝေးတစ်ခု တက်ရတော့မယ်၊ စာမေးပွဲ ဖြေရတော့မယ်ဆိုရင် ဝက်ခြံတွေ ထွက်လာလေ့ရှိတယ်။ ဘယ်လိုအသားအရေအနေအထားမျိုးကိုမဆို စိတ်ဖိစီးမှုက ကော်တီဇောဟော်မုန်းရဲ့သွေးတည်ရှိမှုကို မြင့်တက်လာစေတယ်။

၂။ နှင်းခူ

skin-stress-eczema.jpg 

များသောအားဖြင့် တံတောင်ဆစ်အပြင်ဘက်၊ ဒူးခေါင်းနဲ့ ဦးရေပြားတို့မှာ နှင်းခူတွေ ဖြစ်ကြပါတယ်။ စိတ်ဖိစီးမှုတွေကြေင့် နှင်းခူတွေ ပိုဆိုးလာနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေ ပိုထွက်လာသလို အရေပြားဆဲလ်တွေ ပိုမိုထုတ်လုပ်လာရာကနေ နှင်းခူတွေ ပိုပွားလာတာမျိုး ဖြစ်တတ်တယ်။

၃။ အင်ပြင်

skin-stress-back-itch.jpg 

ကိုယ်စားလိုက်တဲ့ အစားအသောက်က ခန္ဓာကိုယ်နဲ့ မတည့်တဲ့အခါ အင်ပြင်ထွက်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှု ရှိနေရင်တော့ အင်ပြင်တွေက မသက်သာဘဲ ယားယံတာတွေ နီရဲရောင်ရမ်းတာတွေ ဆက်လက်တည်ရှိနေဦးမှာပါ။

Source : Shape

[Zawgyi Version]

ေန႔စဥ္ၾကံဳေတြ႕ေနရတဲ့ စိတ္ပင္ပန္းစရာေတြကို စိတ္ကိုေရာ လူကိုပါ ဒုကၡေပးေနေတာ့တာပါပဲ။ စိတ္ေထာင္းေတာ့ ကိုယ္ေၾက ဆုိသလို စိတ္ပင္ပန္းလာရင္ ခႏၶာကိုယ္ကပါ မက်န္းမာေတာ့ဘူး။ တကယ္လို႔မ်ား ကိုယ့္မွာ အေရျပားျပႆနာေလးေတြ ႐ွိေနမယ္ဆို စိတ္ညစ္မခံပါနဲ႔။ ပိုဆိုးသြားတတ္လို႔ပါ။

၁။ ဝက္ျခံ

 

စိတ္ဖိစီးမႈေတြ မ်ားလာတာနဲ႔အမွ် အသားအေရက သိသိသာသာ ပ်က္စီးလာရေတာ့တာပဲ။ ဘယ္လိုမ်ိဳးေတြမွာ သိသာသလဲဆုိရင္ အေရးႀကီးတဲ့ အစည္းအေဝးတစ္ခု တက္ရေတာ့မယ္၊ စာေမးပြဲ ေျဖရေတာ့မယ္ဆုိရင္ ဝက္ျခံေတြ ထြက္လာေလ့႐ွိတယ္။ ဘယ္လိုအသားအေရအေနအထားမ်ိဳးကိုမဆို စိတ္ဖိစီးမႈက ေကာ္တီေဇာေဟာ္မုန္းရဲ႕ေသြးတည္ရွိမႈကို ျမင့္တက္လာေစတယ္။

၂။ ႏွင္းခူ

 

မ်ားေသာအားျဖင့္ တံေတာင္ဆစ္အျပင္ဘက္၊ ဒူးေခါင္းနဲ႔ ဦးေရျပားတုိ႔မွာ ႏွင္းခူေတြ ျဖစ္ၾကပါတယ္။ စိတ္ဖိစီးမႈေတြေၾကင့္ ႏွင္းခူေတြ ပိုဆိုးလာႏိုင္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ ေဟာ္မုန္းေတြ ပိုထြက္လာသလို အေရျပားဆဲလ္ေတြ ပိုမိုထုတ္လုပ္လာရာကေန ႏွင္းခူေတြ ပိုပြားလာတာမ်ိဳး ျဖစ္တတ္တယ္။

၃။ အင္ျပင္

 

ကိုယ္စားလုိက္တဲ့ အစားအေသာက္က ခႏၶာကိုယ္နဲ႔ မတည့္တဲ့အခါ အင္ျပင္ထြက္တာေတြ ျဖစ္ေလ့ရွိပါတယ္။ ဒါေပမဲ့ စိတ္ဖိစီးမႈ ရွိေနရင္ေတာ့ အင္ျပင္ေတြက မသက္သာဘဲ ယားယံတာေတြ နီရဲေရာင္ရမ္းတာေတြ ဆက္လက္တည္ရွိေနဦးမွာပါ။

Source : Shape



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs