• Health
    အသဲကွဲခြင်းက အသက်အန္တရာယ်ကိုပါ ချိန်းခြောက်နိုင်
Thiha Htun
[Unicode Version]

အသဲကွဲတယ်ဆိုတာ လူတိုင်းကြုံရနိုင်ပြီး ခံရခက်တဲ့ ဝေဒနာတစ်မျိုးပါ။ နှစ်ပေါင်းများစွာ မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ခဲ့ပေမယ့် ကြားစကားတစ်ချက်လောက် ဝင်ထောက်လိုက်ရင် ဖူးစာဆိုတာကြီးကို လွှဲချပြီး ဝေးသွားနိုင်တာပဲမဟုတ်ပါလား။

တစ်နည်းအားဖြင့်ပြောရရင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပုံပြီးတော့ တစ်ပါးသူလက်ထဲမှာ ကိုယ့်နှလုံးသားကို သွားထည့်ရဲ လောက်သည်အထိ မိုက်ရူးရဲဆန် (သို့) သတ္တိကောင်းတဲ့သူတိုင်း အသဲကွဲဖူးကြမှာပါပဲ။ တကယ်တော့ အသဲကွဲတယ်ဆိုတာ စိတ်ခံစားချက်မှာ ထိခိုက်ဒဏ်ရာရတယ်ဆိုတာထက် ပိုပါတယ်။ အသဲကွဲခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။

4.jpg 

ကိုုယ်နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုးချစ်ရတဲ့သူတစ်ယောက်နဲ့ လမ်းခွဲလိုက်ရတဲ့အခါ (ဒါမှမဟုတ်) ချစ်ရသူတစ်ဦးနဲ့ သေကွဲခွဲ လိုက်ရတဲ့အခါ ကျန်ရစ်ခဲ့ရသူတစ်ဦးရဲ့ စိတ်ခံစားချက်ဟာ ရင်ဘတ်ထဲမှာ ဗလာဟင်းလင်းကြီးဖြစ်ပြီး ကျန်ခဲ့တာပါ။ ဆုံးရှုံးခြင်းက ဘဝရဲ့မလွှဲမရှောင်သာတဲ့ အရာတစ်မျိုးဖြစ်ပေမယ့် မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရတဲ့အခါ အသက်အန္တရာယ်ကိုပါ ထိပါးနိုင်တဲ့ အရာတစ်မျိုးကိုပါ ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်။ အဲဒါကတော့ Broken Heart Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးပါပဲ။

အဲဒီလိုရောဂါမျိုး ဖြစ်ပြီဆိုရင် နှလုံးထဲကို ဝင်ထွက်နေတဲ့ သွေးတွေဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးရဲ့ ပိတ်ဆို့မှုကြောင့် အလုပ်လုပ်တာ ယာယီနှောင့်နှေးသွားပြီး ကျန်းမာရေးကို ထိခိုက်စေပါတော့တယ်။ နှလုံးသွေးကြောများ ကျဉ်းမြောင်းလာခြင်းက သွေးစီးဆင်းမှုကို အနှောင့်အယှက် ပေးနိုင်ပြီး အခန့်မသင့်ရင် တုံးခနဲလဲကျ သေဆုံးစေနိုင်ပါတယ်။ ဒါမှမဟုတ် နာတာရှည်နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။

18.jpg

၁၉၉၁ ခုနှစ်တုန်းက ဂျပန်သုတေသီတွေဟာ broken heart syndrome (အသဲကွဲရောဂါ) တဖြစ်လဲ ဆေးပညာအခေါ် stress cardiomyopathy ကို သတိပြုမိခဲ့ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးကြီးမားမား တစ်ခုကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲဝေဒနာတစ်မျိုး ဖြစ်ပါတယ်။ Minneapolis နှလုံးရောဂါဆိုင်ရာ ဆေးကျောင်းမှ သုတေသီတွေကတော့ broken heart syndrome ဝေဒနာရှင်လူနာတွေကို လေ့လာခဲ့ပြီး ကျန်းမာရေးအပေါ် အသဲကွဲခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို သိရှိနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အဲဒီမှာ အသဲကွဲတယ်ဆိုတာ ကျွန်တော်တို့ထင်ထားသလောက် နေလို့ထိုင်လို့ကောင်းတဲ့ ဝေဒနာမဟုတ်ကြောင်းနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်စွမ်းကလည်း သိသာထင်ရှားစွာ မရှိသေးပေမယ့် ဆိုးကျိုးတွေရှိနေတာတော့ အမှန်ပဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

12.jpg 

နောက်တစ်ခုကတော့ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့ ရောဂါမျိုးပါ။ စစချင်းမှာတော့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ လက္ခဏာချင်း ဆင်တူနေနိုင်ပေမယ့် CT စကင် သေချာရိုက်ကြည့်မှ စိတ်ဖိစီးမှုဟော်မုန်း တွေကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ ပုံမှန်အခြေအနေဆိုရင်တော့ အသဲကွဲခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်းဟာ စဖြစ်ဖြစ်ချင်း တစ်ပတ်ကနေ လေးပတ်အတွင်းမှာ သက်သာပျောက်ကင်းသွားတတ်ပါတယ်။

ဒါပေမယ့် အဲဒီအချိန်ပိုင်း ကျော်လို့မှ ဝေဒနာက လျော့ပါးမသွားသေးဘူးဆိုရင်တော့ ဆေးဝါးကုသမှုကို စနစ်တကျ ခံယူသင့်ပါပြီ။ နောက်ပြီး အသဲကွဲနေသူရဲ့ ကိုယ်ခံအားနဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီးလည်း ရောဂါကို ပိုမိုဆိုးရွားနိုင်ပါသေးတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို အသဲခွဲဖို့ စဉ်းစားနေပြီဆိုရင် ဒါလေးကိုလည်း တစ်ချက်သတိရပေးပါ။ အခန့်မသင့်ရင် ကိုယ်ပါ လူသတ်တရားခံ ဖြစ်သွားနိုင်ပါတယ်။

Source: MedicalDaily

[Zawgyi Version]

အသဲကြဲတယ္ဆိုတာ လူတိုင္းၾကံဳရႏိုင္ၿပီး ခံရခက္တဲ့ ေဝဒနာတစ္မ်ိဳးပါ။ ႏွစ္ေပါင္းမ်ားစြာ မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေအာင္ ခ်စ္ခဲ့ေပမယ့္ ၾကားစကားတစ္ခ်က္ေလာက္ ဝင္ေထာက္လိုက္ရင္ ဖူးစာဆိုတာႀကီးကို လႊဲခ်ၿပီး ေဝးသြားႏိုင္တာပဲမဟုတ္ပါလား။

တစ္နည္းအားျဖင့္ေျပာရရင္ ကိုယ့္ရဲ႕စိတ္ခံစားခ်က္ေတြကိုပံုၿပီးေတာ့ တစ္ပါးသူလက္ထဲမွာ ကိုယ့္ႏွလံုးသားကို သြားထည့္ရဲ ေလာက္သည္အထိ မိုက္႐ူးရဲဆန္ (သို႔) သတၱိေကာင္းတဲ့သူတိုင္း အသဲကြဲဖူးၾကမွာပါပဲ။ တကယ္ေတာ့ အသဲကြဲတယ္ဆိုတာ စိတ္ခံစားခ်က္မွာ ထိခိုက္ဒဏ္ရာရတယ္ဆိုတာထက္ ပိုပါတယ္။ အသဲကြဲျခင္းက ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးမွာလည္း သက္ေရာက္မႈ ႐ွိႏိုင္ပါတယ္။

 

ကိုုယ္ႏွစ္ႏွစ္ကာကာ ျမတ္ျမတ္ႏိုးႏိုးခ်စ္ရတဲ့သူတစ္ေယာက္နဲ႔ လမ္းခြဲလိုက္ရတဲ့အခါ (ဒါမွမဟုတ္) ခ်စ္ရသူတစ္ဦးနဲ႔ ေသကြဲခြဲ လိုက္ရတဲ့အခါ က်န္ရစ္ခဲ့ရသူတစ္ဦးရဲ႕ စိတ္ခံစားခ်က္ဟာ ရင္ဘတ္ထဲမွာ ဗလာဟင္းလင္းႀကီးျဖစ္ၿပီး က်န္ခဲ့တာပါ။ ဆံုး႐ႈံးျခင္းက ဘဝရဲ႕မလႊဲမေ႐ွာင္သာတဲ့ အရာတစ္မ်ိဳးျဖစ္ေပမယ့္ မ်က္ဝါးထင္ထင္ ၾကံဳေတြ႕လိုက္ရတဲ့အခါ အသက္အႏၱရာယ္ကိုပါ ထိပါးႏိုင္တဲ့ အရာတစ္မ်ိဳးကိုပါ ရင္ဆိုင္ၾကံဳေတြ႕ရပါေတာ့တယ္။ အဲဒါကေတာ့ Broken Heart Syndrome လို႔ေခၚတဲ့ ေရာဂါတစ္မ်ိဳးပါပဲ။

အဲဒီလိုေရာဂါမ်ိဳး ျဖစ္ၿပီဆိုရင္ ႏွလံုးထဲကို ဝင္ထြက္ေနတဲ့ ေသြးေတြဟာ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳးရဲ႕ ပိတ္ဆို႔မႈေၾကာင့္ အလုပ္လုပ္တာ ယာယီေႏွာင့္ေႏွးသြားၿပီး က်န္းမာေရးကို ထိခိုက္ေစပါေတာ့တယ္။ ႏွလံုးေသြးေၾကာမ်ား က်ဥ္းေျမာင္းလာျခင္းက ေသြးစီးဆင္းမႈကို အေႏွာင့္အယွက္ ေပးႏိုင္ၿပီး အခန္႔မသင့္ရင္ တုံးခနဲလဲက် ေသဆံုးေစႏိုင္ပါတယ္။ ဒါမွမဟုတ္ နာတာ႐ွည္ႏွလံုးေရာဂါ ျဖစ္ေစႏိုင္ပါတယ္။

၁၉၉၁ ခုႏွစ္တုန္းက ဂ်ပန္သုေတသီေတြဟာ broken heart syndrome (အသဲကြဲေရာဂါ) တျဖစ္လဲ ေဆးပညာအေခၚ stress cardiomyopathy ကို သတိျပဳမိခဲ့ၾကပါတယ္။ ေရာဂါလကၡဏာေတြကေတာ့ ႐ုတ္တရက္ရင္ဘတ္ေအာင့္ျခင္း၊ အသက္႐ွဴမဝျခင္းတို႔ ျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈႀကီးႀကီးမားမား တစ္ခုေၾကာင့္ ျဖစ္လာရတဲ့ ေနာက္ဆက္တြဲေဝဒနာတစ္မ်ိဳး ျဖစ္ပါတယ္။ Minneapolis ႏွလံုးေရာဂါဆိုင္ရာ ေဆးေက်ာင္းမွ သုေတသီေတြကေတာ့ broken heart syndrome ေဝဒနာ႐ွင္လူနာေတြကို ေလ့လာခဲ့ၿပီး က်န္းမာေရးအေပၚ အသဲကြဲျခင္းရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို သိ႐ွိႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

အဲဒီမွာ အသဲကြဲတယ္ဆိုတာ ကြ်န္ေတာ္တို႔ထင္ထားသေလာက္ ေနလို႔ထိုင္လို႔ေကာင္းတဲ့ ေဝဒနာမဟုတ္ေၾကာင္းနဲ႔ က်န္းမာေရးအေပၚ အက်ိဳးသက္ေရာက္ႏိုင္စြမ္းကလည္း သိသာထင္႐ွားစြာ မ႐ွိေသးေပမယ့္ ဆိုးက်ိဳးေတြ႐ွိေနတာေတာ့ အမွန္ပဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

 

ေနာက္တစ္ခုကေတာ့ ဒီေရာဂါဟာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားတဲ့ ေရာဂါမ်ိဳးပါ။ စစခ်င္းမွာေတာ့ ႏွလံုးေသြးေၾကာပိတ္ေရာဂါနဲ႔ လကၡဏာခ်င္း ဆင္တူေနႏိုင္ေပမယ့္ CT စကင္ ေသခ်ာ႐ိုက္ၾကည့္မွ စိတ္ဖိစီးမႈေဟာ္မုန္း ေတြေၾကာင့္ျဖစ္တဲ့ ႏွလံုးေသြးေၾကာက်ဥ္းျခင္းျဖစ္ေၾကာင္း သိႏိုင္ပါတယ္။ ပုံမွန္အေျခအေနဆိုရင္ေတာ့ အသဲကြဲျခင္းေၾကာင့္ ႏွလံုးေသြးေၾကာက်ဥ္းျခင္းဟာ စျဖစ္ျဖစ္ခ်င္း တစ္ပတ္ကေန ေလးပတ္အတြင္းမွာ သက္သာေပ်ာက္ကင္းသြားတတ္ပါတယ္။

ဒါေပမယ့္ အဲဒီအခ်ိန္ပိုင္း ေက်ာ္လို႔မွ ေဝဒနာက ေလ်ာ့ပါးမသြားေသးဘူးဆိုရင္ေတာ့ ေဆးဝါးကုသမႈကို စနစ္တက် ခံယူသင့္ပါၿပီ။ ေနာက္ၿပီး အသဲကြဲေနသူရဲ႕ ကိုယ္ခံအားနဲ႔ က်န္းမာေရးအေျခအေနေပၚ မူတည္ၿပီးလည္း ေရာဂါကို ပိုမိုဆိုးရြားႏိုင္ပါေသးတယ္။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကို အသဲခြဲဖို႔ စဥ္းစားေနၿပီဆိုရင္ ဒါေလးကိုလည္း တစ္ခ်က္သတိရေပးပါ။ အခန္႔မသင့္ရင္ ကိုယ္ပါ လူသတ္တရားခံ ျဖစ္သြားႏိုင္ပါတယ္။

Source: MedicalDaily



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs