အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ နှိုင်းစာရင် ကျန်းမာရေးဗဟုသုတနဲ့ ကျန်းမာရေးဂရုစိုက်မှု အားနည်းတတ်တဲ့ ထုံးစံရှိပါတယ်။

အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ နှိုင်းစာရင် ကျန်းမာရေးဗဟုသုတနဲ့ ကျန်းမာရေးဂရုစိုက်မှု အားနည်းတတ်တဲ့ ထုံးစံရှိပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ ဖြစ်တတ်ပြီး သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်လေးတွေကို သိထားတာမမှားပါဘူး။ အဲဒါတွေကတော့...



၁။ အရိုးပွရောဂါ

11.jpg 

အထူးသဖြင့် အသက် (၅၀) ဝန်းကျင် အမျိုးသားတွေမှာ အရိုးပွရောဂါ အဖြစ်များပါတယ်။ "အသက် (၆၅) နှစ်ဝန်းကျင်မှာ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ တူညီတဲ့ အရိုးကြံ့ခိုင်မှု ဆုံးရှုံးခြင်းတွေ ရှိနိုင်ပြီး အရိုးကျိုးနိုင်ခြေလည်း များလာနိုင်ပါတယ်။

အမျိုးသမီးတွေကတော့ သွေးဆုံးပြီးချိန်ဆိုတော့ estrogen ပမာဏကျဆင်းချိန်ဆိုတော့ စောလျင်စွာအရိုးကျိုးနိုင်ခြေများပေမယ့် မရှေးမနှောင်းမှာပဲ အမျိုးသားတွေမှာလည်း အရိုးပွရောဂါဖြစ်နိုင်ခြေများပါတယ်" လို့ ဖလော်ရီဂါပြည်နယ်၊ South Lake ဆေးရုံက ခွဲစိတ်အထူးကု Jamin Brahmbhatt က ဆိုထားပါတယ်။ ဒါကြောင့် သက်ကြီးပိုင်း အမျိုးသားတွေမှာ အရိုးပွရောဂါကို ရှောင်ရှားနိုင်ဖို့ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ပြည့်ဝနေဖို့ လိုပါတယ်။

၂။ ရင်သားကင်ဆာ

02_BreastCancer_Surprising-Health-Risks-Men-Need-to-Watch-Out-For_583761799_Ruslan-Galiullin-760x506.jpg 

အမြင်မှားသွားပြီထင်ပြီး မျက်စိကို ပြန်ပွတ်ကြည့်မနေပါနဲ့ဦး။ အမျိုးသားအယောက် (၁၀၀၀) မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေက တစ်ယောက်လောက်ပဲ ရှိတယ်ဆိုပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အမျိုးသားရင်သား ကင်ဆာရောဂါဟာ ရှားပါးပေမယ့် အန္တရာယ်များတဲ့ ရောဂါတစ်မျိုး ဖြစ်တဲ့အတွက် သတိထားသင့်ပါတယ်။ ရင်သားတဝိုက်မှာ နာကျင်မှုဝေဒနာမရှိတဲ့ အသားပို ပေါက်လာတာတို့၊ နို့သီးခေါင်း နီရဲပြီး သွေးထွက်လာတာတို့ဆိုရင် အထူးကုဆရာဝန်နဲ့ သေချာပြသတိုင်ပင်သင့်ပါတယ်။

၃။ ကပ္ပါယ်အိတ် သွေးကြောကျယ်ရောဂါ

03_Varicoceles_Surprising-Health-Risks-Men-Need-to-Watch-Out-For_528298816_Nicha11-760x506.jpg 

လက်ဖျံမှာ၊ ခြေဖမိုးနားမှာ သွေးကြောတွေ ရုတ်တရက်ဖောင်းကားလာရင် ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နေပြီလို့ ယေဘုယျယူဆနိုင်တာကိုတော့ သိကြမှာပေါ့။ တကယ်လို့ အဲဒီလို သွေးကြောကျယ်တာတွေက အမျိုးသားကပ္ပါယ်အိတ်ပေါ်မှာ ဖြစ်တာဆိုရင်ကော ဘယ်လိုလုပ်ကြမလဲ။ "အမျိုးသားဝှေးစေ့တွေက အရမ်း sensitive ဖြစ်ပါတယ်။ အထူးသဖြင့် အပူချိန် အနိမ့်အမြင့်၊ အတက်အကျမျိုးမှာပေါ့။

ဒါကြောင့် သွေးကြောကျယ်လာခြင်းက မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ အလုပ်လုပ်ဆောင်ပုံကို သက်ရောက်မှုရှိနိုင်ပါတယ်" လို့ Dr. Brahmbhatt က ဆိုပါတယ်။ "ဒီအခြေအနေက သုက်ကောင်အရေအတွက်နဲ့ အရည်အသွေးကို လျော့ကျစေပြီး မျိုးအောင်နိုင်စွမ်းနဲ့ ဟော်မုန်းအနေအထားကိုလည်း သက်ရောက်မှုတစ်ခု ရှိစေနိုင်ပါတယ်" လို့လည်း ဆိုပါတယ်။

၄။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

bobpissing.jpg 

အမျိုးသားတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ခြေရှိပါတယ်။ နောက်ပိုင်းမှာ ဒါကကြီးမားတဲ့ ကျန်းမာရေးပြဿနာဆီ ဦးတည်သွားနိုင်ပါတယ်။ "အမျိုးသားတစ်ယောက်မှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ပြဿနာရှိပြီဆိုတာနဲ့ ပြဿနာရဲ့ရင်းမြစ်ကို ချက်ချင်းဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်" လို့ Dr. Brahmbhatt က ဆိုပါတယ်။

ဘာလို့လဲဆိုတော့ ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်ပျက်သည်အထိ ဖြစ်သွားနိုင်လို့ပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့ ဆီးခဏခဏသွားခြင်း၊ ဆီးသွားရင် ဆီးလမ်းကြောင်းတလျှောက် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ှSource: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က