• Health
    အစာအိမ်ရောဂါရှိသူတွေ ဝေးဝေးကရှောင်သင့်တဲ့ အစားအစာများ
Thiha Htun
[Unicode Version]

"အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့ ဆိုရိုးရှိပေမယ့် တချို့ဝေဒနာသည်တွေအတွက်တော့ တချို့အစားအစာတွေက ဆေးမဖြစ်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။ ဥပမာ အစာအိမ်ရောဂါ ဝေဒနာရှိသူတွေဟာ အောက်ဖော်ပြပါ အစားအစာတွေကို စားမိမယ်ဆိုရင် အစာအိမ်မှာ နာကျင်ခြင်းဝေဒနာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့...

၁။ ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ

12_food_Tell-Us-Your-Favorite-Food-and-Well-Tell-You-Where-Youre-From_223713790_mattburchell-1024x683.jpg 

သူတို့ရဲ့အလေးချိန်နဲ့စာရင် ကာဘိုဟိုက်ဒရိတ် အချိုးအစားများတဲ့ အစားအစာတွေကို ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေလို့ ယေဘုယျမှတ်ယူနိုင်ပါတယ်။ ဥပမာ အာလူးတစ်လုံးဟာ အလေးချိန် (၁၇၀) ဂရမ်ပဲ ရှိပေမယ့် အလေးချိန်စုစုပေါင်းရဲ့ (၂၃) ရာခိုင်နှုန်းက ကာဘိုဟိုက်ဒရိတ်တွေ ဖြစ်နေတဲ့အခါ မကောင်းတဲ့ ကာဘိုဟိုက်ဒရိတ်စာလို့ မှတ်ယူနိုင်ပါတယ်။

ဆန်ကိတ်အလွတ်တစ်လုံး ဆိုရင်လည်း အလေးချိန်က (၉) ဂရမ်ပဲ ရှိပေမယ့် ကာဘိုဟိုက်ဒရိတ် (၈၀) ရာခိုင်နှုန်းပါလို့ မကောင်းတဲ့ ကာဘိုဟိုက်ဒရိတ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ အဲဒီကာဘိုဟိုက်ဒရိတ်တွေက အစာအိမ်ကို ဒုက္ခပေးနိုင်ပါတယ်။

၂။ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အဆီဓာတ်တွေ

01-worst-foods-for-your-belly-bacon-sl.jpg 

ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်း (inflammation) နဲ့ ဝမ်းဗိုက်အဆီတွေကို ဖြစ်စေတဲ့ အဆီဓာတ်အမျိုးအစား (၃) မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ပြောင်းလဲဆီ၊ ပြည့်ဝဆီနဲ့ အိုမီဂါဆစ် အဆီတို့ပဲ ဖြစ်ပါတယ်။ အဲဒီအဆီတွေကိုတော့ အသင့်ထုပ်ပိုးပြီး အာလူးကြော်ထုပ်တွေ၊ အဆီများတဲ့ ရယ်ဒီမိတ်အသားတွေ၊ နို့ခရင်မ်များတဲ့ နွားနို့တွေ၊ သကြားလုံးတွေ၊ ပြောင်းဖူးဆီတွေ၊ နေကြာဆီတွေမှာ တွေ့မြင်နိုင်ပါတယ်။

၃။ ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေ

14_Pretein_Ways-to-Beat-Post-Holiday-Weight-Gain_259183301_Valerio-Pardi-1024x683.jpg 

အသင့်ချက်ပြုတ်စားသုံးနိုင်အောင် ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေဟာ ကယ်လိုရီနဲ့ ပြည့်ဝဆီ အလွန်များပြားစွာ ပါဝင်ပါတယ်။ ဒီအသားတွေက အစာအိမ်တစ်မျိုးတည်းကို ဒုက္ခပေးမှာမဟုတ်ပါဘူး။ နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေဟာ အစာကြေဖို့ အလွန်ခက်ခဲပြီး အူလမ်းကြောင်းထဲမှာ ဒီတိုင်းထိုင်နေမှာ ဖြစ်လို့ပါပဲ။

၄။ ဆီကြော်မုန့်တွေ

this-is-the-best-way-to-keep-drive-thru-fries-crispy-240457828-Christian-Fischer-1024x683.jpg 

ခရစ္စမတ်ရာသီမှာ နာမည်ကျော်ကြက်ကြော်ဆိုင်တွေက ပရိုမိုးရှင်းချထားတယ်ဆိုပြီး ဝမ်းသာအားရ သွားကြိတ်မနေပါနဲ့ဦး။ ဆီကြော်မုန့်တွေဟာ အစာအိမ်ကို လွှမ်းမိုးနိုင်ပြီး အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ရင်ခေါင်းအောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အာဟာရဗေဒ ပညာရှင်တွေရဲ့ အဆိုအရဆိုရင် ဆီကြော်မုန့်တွေဟာ အသင့်စားအစားအစာတွေလိုပဲ အစာအိမ်ထဲမှာ အချိန်အကြာကြီး ထိုင်နေနိုင်ပါတယ်တဲ့။ အဆီဓာတ်ပါဝင်မှု များပြားတာကြောင့် ခန္ဓာကိုယ်ကလည်း အစာခြေဖျက်နိုင်ဖို့ အချိန်ပိုယူရပါတယ်။

၅။ ဖရူးတို့စ် (fructose) များတဲ့ အစားအစာများ

06-stay-slim-apples-harm-heal-sl.jpg

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ ဂလူးကို့စ် (glucose) နဲ့ ဖရူးတို့စ် (fructose) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ ဖရူးတို့စ် (fructose) များတဲ့ အစားအစာတွေဟာ အစာအိမ်ထဲမှာ လေတွေစုဆောင်းစေနိုင်ပြီး လေအောင့်ခြင်း၊ ဝမ်းလျှောခြင်းစတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ပန်းသီး၊ သရက်သီး၊ ဖရဲသီးတို့လို အသီးတွေ၊ ကညွှတ်လို ဟင်းသီးဟင်းရွက်တွေနဲ့ ဖရူးတို့စ် ကြွယ်ဝတဲ့ တချို့သကြားအစားထိုး အချိုရည်တွေဟာ ဖရူးတို့စ်ကြွယ်ဝတဲ့အတွက် အစာအိမ်သမားတွေ ရှောင်ကြဉ်သင့်ပါတယ်။

Source: Reader's Digest

[Zawgyi Version]

"အစာလည္းေဆး၊ ေဆးလည္းအစာ" ဆိုတဲ့ ဆို႐ုိး႐ွိေပမယ့္ တခ်ိဳ႕ေဝဒနာသည္ေတြအတြက္ေတာ့ တခ်ိဳ႕အစားအစာေတြက ေဆးမျဖစ္ဘဲ ေဘးျဖစ္ေစတတ္ပါတယ္။ ဥပမာ အစာအိမ္ေရာဂါ ေဝဒနာ႐ွိသူေတြဟာ ေအာက္ေဖာ္ျပပါ အစားအစာေတြကို စားမိမယ္ဆိုရင္ အစာအိမ္မွာ နာက်င္ျခင္းေဝဒနာနဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ခံစားရပါတယ္။ အဲဒါေတြက ဘာေတြလဲဆိုေတာ့...

၁။ ကာဘိုဟိုက္ဒရိတ္မ်ားတဲ့ အစားအစာေတြ

12_food_Tell-Us-Your-Favorite-Food-and-Well-Tell-You-Where-Youre-From_223713790_mattburchell-1024x683.jpg 

သူတို႔ရဲ႕အေလးခ်ိန္နဲ႔စာရင္ ကာဘုိဟိုက္ဒရိတ္ အခ်ိဳးအစားမ်ားတဲ့ အစားအစာေတြကို ကာဘိုဟိုက္ဒရိတ္မ်ားတဲ့ အစားအစာေတြလို႔ ေယဘုယ်မွတ္ယူႏိုင္ပါတယ္။ ဥပမာ အာလူးတစ္လံုးဟာ အေလးခ်ိန္ (၁၇၀) ဂရမ္ပဲ ရွိေပမယ့္ အေလးခ်ိန္စုစုေပါင္းရဲ႔ (၂၃) ရာခိုင္ႏႈန္းက ကာဘုိဟိုက္ဒရိတ္ေတြ ျဖစ္ေနတဲ့အခါ မေကာင္းတဲ့ ကာဘုိဟိုက္ဒရိတ္စာလို႔ မွတ္ယူႏိုင္ပါတယ္။

ဆန္ကိတ္အလြတ္တစ္လံုး ဆိုရင္လည္း အေလးခ်ိန္က (၉) ဂရမ္ပဲ ရွိေပမယ့္ ကာဘုိဟိုက္ဒရိတ္ (၈၀) ရာခိုင္ႏႈန္းပါလို႔ မေကာင္းတဲ့ ကာဘိုဟိုက္ဒရိတ္အျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ အဲဒီကာဘိုဟိုက္ဒရိတ္ေတြက အစာအိမ္ကို ဒုကၡေပးႏိုင္ပါတယ္။

၂။ က်န္းမာေရးနဲ႔ မကိုက္ညီတဲ့ အဆီဓာတ္ေတြ

01-worst-foods-for-your-belly-bacon-sl.jpg 

ခႏၶာကုိယ္တြင္း ေရာင္ရမ္းျခင္း (inflammation) နဲ႔ ဝမ္းဗိုက္အဆီေတြကို ျဖစ္ေစတဲ့ အဆီဓာတ္အမ်ိဳးအစား (၃) မ်ိဳး ႐ွိပါတယ္။ အဲဒါေတြကေတာ့ ေျပာင္းလဲဆီ၊ ျပည့္ဝဆီနဲ႔ အုိမီဂါဆစ္ အဆီတို႔ပဲ ျဖစ္ပါတယ္။ အဲဒီအဆီေတြကိုေတာ့ အသင့္ထုပ္ပိုးၿပီး အာလူးေၾကာ္ထုပ္ေတြ၊ အဆီမ်ားတဲ့ ရယ္ဒီမိတ္အသားေတြ၊ ႏို႔ခရင္မ္မ်ားတဲ့ ႏြားႏို႔ေတြ၊ သၾကားလံုးေတြ၊ ေျပာင္းဖူးဆီေတြ၊ ေနၾကာဆီေတြမွာ ေတြ႕ျမင္ႏိုင္ပါတယ္။

၃။ ျပဳျပင္ေျပာင္းလဲထားတဲ့ အသားေတြ

14_Pretein_Ways-to-Beat-Post-Holiday-Weight-Gain_259183301_Valerio-Pardi-1024x683.jpg 

အသင့္ခ်က္ျပဳတ္စားသံုးႏိုင္ေအာင္ ျပဳျပင္ေျပာင္းလဲထားတဲ့ အသားေတြဟာ ကယ္လိုရီနဲ႔ ျပည့္ဝဆီ အလြန္မ်ားျပားစြာ ပါဝင္ပါတယ္။ ဒီအသားေတြက အစာအိမ္တစ္မ်ိဳးတည္းကို ဒုကၡေပးမွာမဟုတ္ပါဘူး။ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ေလငန္းေရာဂါတို႔ကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ျပဳျပင္ေျပာင္းလဲထားတဲ့ အသားေတြဟာ အစာေၾကဖို႔ အလြန္ခက္ခဲၿပီး အူလမ္းေၾကာင္းထဲမွာ ဒီတိုင္းထိုင္ေနမွာ ျဖစ္လို႔ပါပဲ။

၄။ ဆီေၾကာ္မုန္႔ေတြ

this-is-the-best-way-to-keep-drive-thru-fries-crispy-240457828-Christian-Fischer-1024x683.jpg 

ခရစၥမတ္ရာသီမွာ နာမည္ေက်ာ္ၾကက္ေၾကာ္ဆိုင္ေတြက ပ႐ိုမိုး႐ွင္းခ်ထားတယ္ဆိုၿပီး ဝမ္းသာအားရ သြားႀကိတ္မေနပါနဲ႔ဦး။ ဆီေၾကာ္မုန္႔ေတြဟာ အစာအိမ္ကို လႊမ္းမိုးႏိုင္ၿပီး အစာအိမ္အခ်ဥ္ေပါက္ျခင္းနဲ႔ ရင္ေခါင္းေအာင့္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ အာဟာရေဗဒ ပညာ႐ွင္ေတြရဲ႕ အဆိုအရဆိုရင္ ဆီေၾကာ္မုန္႔ေတြဟာ အသင့္စားအစားအစာေတြလိုပဲ အစာအိမ္ထဲမွာ အခ်ိန္အၾကာႀကီး ထိုင္ေနႏိုင္ပါတယ္တဲ့။ အဆီဓာတ္ပါဝင္မႈ မ်ားျပားတာေၾကာင့္ ခႏၶာကိုယ္ကလည္း အစာေျခဖ်က္ႏိုင္ဖို႔ အခ်ိန္ပိုယူရပါတယ္။

၅။ ဖ႐ူးတို႔စ္ (fructose) မ်ားတဲ့ အစားအစာမ်ား

06-stay-slim-apples-harm-heal-sl.jpg

သစ္သီးဝလံ၊ ဟင္းသီးဟင္း႐ြက္ေတြမွာ ဂလူးကို႔စ္ (glucose) နဲ႔ ဖ႐ူးတို႔စ္ (fructose) ဆိုၿပီး ႏွစ္မ်ိဳးပါဝင္ပါတယ္။ ဖ႐ူးတို႔စ္ (fructose) မ်ားတဲ့ အစားအစာေတြဟာ အစာအိမ္ထဲမွာ ေလေတြစုေဆာင္းေစႏိုင္ၿပီး ေလေအာင့္ျခင္း၊ ဝမ္းေလွ်ာျခင္းစတာေတြကိုပါ ျဖစ္ေစႏိုင္ပါတယ္။ ပန္းသီး၊ သရက္သီး၊ ဖရဲသီးတို႔လို အသီးေတြ၊ ကညႊတ္လို ဟင္းသီးဟင္းရြက္ေတြနဲ႔ ဖရူးတို႔စ္ ၾကြယ္ဝတဲ့ တခ်ိဳ႕သၾကားအစားထိုး အခ်ိဳရည္ေတြဟာ ဖရူးတို႔စ္ၾကြယ္ဝတဲ့အတြက္ အစာအိမ္သမားေတြ ေရွာင္ၾကဥ္သင့္ပါတယ္။

Source: Reader's Digest


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs