• Health
    သရက်လက်ဖက်ရည် ဘာလို့သောက်ပေးသင့်တာလဲ
Thiha Htun
[Unicode Version]

သရက်လက်ဖက်ရည်ဆိုတာ သရက်ရွက်ကို လက်ဖက်ရည်ပုံစံဖြစ်အောင် ပေါင်းစပ်ဖန်တီးထားတာပါ။ သရက်ရွက်တွေကို ရေနွေးနဲ့ပေါင်းတင်ပြီး သရက်လက်ဖက်ရည်ဖြစ်အောင် ဖန်တီးနိုင်သလို ရယ်ဒီမိတ်ထုပ် (သို့) အသင့်ပြုလုပ်ထားတဲ့ သရက်လက်ဖက်ရည်ထုပ်တွေနဲ့လည်း ပြုလုပ်ဖန်တီးလို့ရပါတယ်။

Hot Mango Mess cup-700x700.JPG 

သရက်လက်ဖက်ရည်မှာ ကျန်းမာရေးအကျိူးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် မနက်မိုးလင်းရင် သရက်လက်ဖက်ရည် ပူပူလေးတစ်ခွက် သောက်ပေးမယ်ဆိုရင် ဒီအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၁။ ဆီးချိုရောဂါ ပျောက်စေတယ်

diabetes test.jpg 

ဥရောပတိုက်သားတွေကတော့ သရက်လက်ဖက်ရည်ကို ဆီးချိုရောဂါကုသဖို့အတွက်နဲ့ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ရှင်းလင်းဖို့အတွက် သုံးစွဲကြပါတယ်။ သရက်လက်ဖက်ရည်ဟာ ဆီးချိုရောဂါ လက္ခဏာတွေကို လျော့ပါးစေနိုင်သလို ပန်ကရိယဂလင်းထဲမှာရှိတဲ့ သွေးကြောတွေကိုလည်း ပြန်လည်ကုစားပေးနိုင်တယ်လို့ အဆိုရှိပါတယ်။ ဒီဝိသေသလက္ခဏာတွေက သရက်လက်ဖက်ရည်ကို ဆီးချိုရောဂါ ကုသရာမှာ တန်ဖိုးရှိတဲဆေးတစ်ခွက် ဖြစ်စေခဲ့တာပါ။

၂။ သွေးတိုးကျစေတယ်

35.jpg 

သရက်လက်ဖက်ရည် သောက်ခြင်းက သွေးတိုးသမားတွေအတွက်လည်း သွေးတိုးကျစေနိုင်ပါတယ်။ သရက်လက်ဖက်ရည်က ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ရှင်းလင်းပေးနိုင်တယ်ဆိုတော့ သွေးစီးဆင်းမှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ နောက်ပြီး သွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အားနည်းတဲ့သွေးကြောတွေကိုလည်း အားကောင်းလာအောင် အားဖြည့်ပေးနိုင်ပါတယ်။ Health and Wealth မဂ္ဂဇင်းကတော့ သရက်ရွက်လက်ဖက်ရည်တစ်ခွက်ကို နေ့စဉ်ပုံမှန်သောက်ပေးခြင်းက သွေးတိုးကျစေနိုင်တယ်လို့ ဆိုထားပါတယ်။

၃။ ဗိုက်တာမင်ကြွယ်ဝတယ်

သရက်လက်ဖက်ရည် လုပ်ရာမှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သရက်ရွက်ထဲမှာ ဗိုက်တာမင် အေ၊ ဘီနဲ့ စီ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပုံမှန်လေး စားဝင်၊ အိပ်ပျော်ပြီး ဆီးမှန်ဝမ်းမှန်လိုတယ် ဆိုရင်တော့ သရက်လက်ဖက်ရည်နဲ့ ကင်းကွာလို့တော့ မရပါဘူး။ သရက်လက်ဖက်ရည်က အစားအစာထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ပုံမှန်ဖြစ်နေအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ အာဟာရဓာတ်တွေကို တစ်နေရာတည်းမှာ လိုချင်တယ်ဆိုရင်တော့ သရက်လက်ဖက်ရည်သည်သာ အားထားရာပါပဲ။

၄။ antioxidant ကြွယ်ဝတယ်

43.jpg 

သရက်လက်ဖက်ရည်ထဲမှာ သဘာဝ antioxidant တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကလည်း လက်ဖက်ရည်ရဲ့ အရောင်အပေါ် မှီတည်နေပါသေးသတဲ့။ အစိမ်းရောင် သရက်လက်ဖက်ရည်တွေမှာ antioxidant ပမာဏအများဆုံးပါဝင်ပြီး အနက်ရောင်နဲ့ အဖြူရောင်ဗားရှင်းတွေမှာတော့ oxidative ဒဏ်ဖြစ်ခြင်းကို ကာကွယ်နိုင်တဲ့ antioxidant တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သရက်ရွက်မှာ အထူးကြွယ်ဝစွာ ပါဝင်တဲ့ ဗိုက်တာမင်စီကလည်း antioxidant တစ်မျိုးဖြစ်သလို ရေမှာပျော်ဝင်နိုင်တဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။

၅။ နှလုံးရောဂါကို ကာကွယ်ပေးတယ်

12.jpg 

အဲဒီလို antioxidant ကြွယ်ဝတဲ့အတွက် သရက်လက်ဖက်ရည်ဟာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေလည်း အလွန်လျော့နည်းစေပါတယ်။ သရက်လက်ဖက်ရည်က နှလုံးရောဂါနဲ့ တခြားသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ free radical တွေကိုလည်း တိုက်ဖျက်အဆုံးသတ် ပေးနိုင်ပါတယ်။

Source: stylecraze

[Zawgyi Version]

သရက္လက္ဖက္ရည္ဆိုတာ သရက္ရြက္ကို လက္ဖက္ရည္ပံုစံျဖစ္ေအာင္ ေပါင္းစပ္ဖန္တီးထားတာပါ။ သရက္ရြက္ေတြကို ေရေႏြးနဲ႔ေပါင္းတင္ၿပီး သရက္လက္ဖက္ရည္ျဖစ္ေအာင္ ဖန္တီးႏိုင္သလို ရယ္ဒီမိတ္ထုပ္ (သို႔) အသင့္ျပဳလုပ္ထားတဲ့ သရက္လက္ဖက္ရည္ထုပ္ေတြနဲ႔လည္း ျပဳလုပ္ဖန္တီးလို႔ရပါတယ္။

 

သရက္လက္ဖက္ရည္မွာ က်န္းမာေရးအက်ိဴးေက်းဇူးေတြ အမ်ားႀကီးရွိတဲ့အတြက္ မနက္မိုးလင္းရင္ သရက္လက္ဖက္ရည္ ပူပူေလးတစ္ခြက္ ေသာက္ေပးမယ္ဆိုရင္ ဒီအက်ိဳးေက်းဇူးေတြကို ရ႐ွိေစႏိုင္ပါတယ္။

၁။ ဆီးခ်ိဳေရာဂါ ေပ်ာက္ေစတယ္

 

ဥေရာပတိုက္သားေတြကေတာ့ သရက္လက္ဖက္ရည္ကို ဆီးခ်ိဳေရာဂါကုသဖို႔အတြက္နဲ႔ ပိတ္ဆို႔ေနတဲ့ ေသြးေၾကာေတြကို ႐ွင္းလင္းဖို႔အတြက္ သံုးစြဲၾကပါတယ္။ သရက္လက္ဖက္ရည္ဟာ ဆီးခ်ိဳေရာဂါ လကၡဏာေတြကို ေလ်ာ့ပါးေစႏိုင္သလို ပန္ကရိယဂလင္းထဲမွာ႐ွိတဲ့ ေသြးေၾကာေတြကိုလည္း ျပန္လည္ကုစားေပးႏိုင္တယ္လို႔ အဆို႐ွိပါတယ္။ ဒီဝိေသသလကၡဏာေတြက သရက္လက္ဖက္ရည္ကို ဆီးခ်ိဳေရာဂါ ကုသရာမွာ တန္ဖိုး႐ွိတဲေဆးတစ္ခြက္ ျဖစ္ေစခဲ့တာပါ။

၂။ ေသြးတိုးက်ေစတယ္

 

သရက္လက္ဖက္ရည္ ေသာက္ျခင္းက ေသြးတိုးသမားေတြအတြက္လည္း ေသြးတုိးက်ေစႏိုင္ပါတယ္။ သရက္လက္ဖက္ရည္က ပိတ္ဆို႔ေနတဲ့ ေသြးေၾကာေတြကို ႐ွင္းလင္းေပးႏိုင္တယ္ဆိုေတာ့ ေသြးစီးဆင္းမႈကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္။ ေနာက္ၿပီး ေသြးတိုးေရာဂါကို ျဖစ္ေစႏိုင္တဲ့ အားနည္းတဲ့ေသြးေၾကာေတြကိုလည္း အားေကာင္းလာေအာင္ အားျဖည့္ေပးႏိုင္ပါတယ္။ Health and Wealth မဂၢဇင္းကေတာ့ သရက္ရြက္လက္ဖက္ရည္တစ္ခြက္ကို ေန႔စဥ္ပံုမွန္ေသာက္ေပးျခင္းက ေသြးတိုးက်ေစႏိုင္တယ္လို႔ ဆိုထားပါတယ္။

၃။ ဗိုက္တာမင္ၾကြယ္ဝတယ္

သရက္လက္ဖက္ရည္ လုပ္ရာမွာ အဓိကပါဝင္ပစၥည္းျဖစ္တဲ့ သရက္ရြက္ထဲမွာ ဗိုက္တာမင္ ေအ၊ ဘီနဲ႔ စီ အထူးၾကြယ္ဝစြာ ပါဝင္ပါတယ္။ ဒါေၾကာင့္ ပံုမွန္ေလး စားဝင္၊ အိပ္ေပ်ာ္ၿပီး ဆီးမွန္ဝမ္းမွန္လိုတယ္ ဆိုရင္ေတာ့ သရက္လက္ဖက္ရည္နဲ႔ ကင္းကြာလို႔ေတာ့ မရပါဘူး။ သရက္လက္ဖက္ရည္က အစားအစာထဲမွာ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ေတြ ပံုမွန္ျဖစ္ေနေအာင္ ထိန္းညွိေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္လိုအပ္တဲ့ ဗိုက္တာမင္နဲ႔ အာဟာရဓာတ္ေတြကို တစ္ေနရာတည္းမွာ လိုခ်င္တယ္ဆိုရင္ေတာ့ သရက္လက္ဖက္ရည္သည္သာ အားထားရာပါပဲ။

၄။ antioxidant ၾကြယ္ဝတယ္

 

သရက္လက္ဖက္ရည္ထဲမွာ သဘာဝ antioxidant ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါကလည္း လက္ဖက္ရည္ရဲ႕ အေရာင္အေပၚ မွီတည္ေနပါေသးသတဲ့။ အစိမ္းေရာင္ သရက္လက္ဖက္ရည္ေတြမွာ antioxidant ပမာဏအမ်ားဆံုးပါဝင္ၿပီး အနက္ေရာင္နဲ႔ အျဖဴေရာင္ဗား႐ွင္းေတြမွာေတာ့ oxidative ဒဏ္ျဖစ္ျခင္းကို ကာကြယ္ႏိုင္တဲ့ antioxidant ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ သရက္ရြက္မွာ အထူးၾကြယ္ဝစြာ ပါဝင္တဲ့ ဗိုက္တာမင္စီကလည္း antioxidant တစ္မ်ိဳးျဖစ္သလို ေရမွာေပ်ာ္ဝင္ႏိုင္တဲ့ ဗိုက္တာမင္တစ္မ်ိဳးျဖစ္ပါတယ္။

၅။ ႏွလံုးေရာဂါကို ကာကြယ္ေပးတယ္

 

အဲဒီလို antioxidant ၾကြယ္ဝတဲ့အတြက္ သရက္လက္ဖက္ရည္ဟာ ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြျဖစ္ႏိုင္ေျခလည္း အလြန္ေလ်ာ့နည္းေစပါတယ္။ သရက္လက္ဖက္ရည္က ႏွလံုးေရာဂါနဲ႔ တျခားေသြးေၾကာဆိုင္ရာ ေရာဂါေတြကို ျဖစ္ေစတဲ့ free radical ေတြကုိလည္း တိုက္ဖ်က္အဆံုးသတ္ ေပးႏိုင္ပါတယ္။

Source: stylecraze


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs