• Health
    စိတ်ဓာတ်ကျနေသူကို ဘယ်လိုဖေးမရမလဲ
Thiha Htun
[Unicode Version]

Linkin Park အဖွဲ့က ခေါင်းဆောင်အဆိုတော် Chester ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားတာမှ မကြာသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း SHINee ဆိုတဲ့ kpop အဖွဲ့က အဆိုတော်တစ်ဦးဖြစ်တဲ့ Jonghyun မိမိကိုယ်ကို အဆုံးစီရင်သွားပါတယ်။ သူတို့လို အောင်မြင်မှုရရှိနေဆဲ အဆိုတော်တွေ သေကြောင်းကြံစည် ရခြင်းရဲ့ အခြေခံအကြောင်းရင်းကတော့ စိတ်ကျရောဂါကြောင့်ပါတဲ့။

depression.jpg 

ကမ္ဘာပေါ်မှာ စိတ်ကျရောဂါ စွဲကပ်နေသူပေါင်း သန်းနဲ့ချီပြီ ရှိနေနိုင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတောင် ၂၀၁၇ ဧပြီလ (၇) ရက်နေ့ (ကမ္ဘာ့ကျန်းမာရေးနေ့) ကို စိတ်ကျရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ အသက် (၁၅) နှစ်နဲ့ (၁၉) နှစ်ကြား မိန်းကလေးတွေအတွက်တော့ စိတ်ကျရောဂါဟာ သေနှုန်းအမြင့်ဆုံး ရောဂါတွေထဲမှာ ဒုတိယလိုက်နေပါတယ်။

ဘာပဲပြောပြော စိတ်ကျရောဂါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့အတွက် မိမိပတ်ဝန်းကျင်မှာ စိတ်ကျရောဂါ ခံစားနေရတယ်လို့ သံသယရှိသူတွေ ရှိနေရင် ကာကွယ်ပေးနိုင်ဖို့အတွက် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သူတို့တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိပါစေ

16.jpg 

စိတ်ကျရောဂါရဲ့ ကနဦးလက္ခဏာကတော့ သူတို့နားမှာ ဘယ်သူမှမရှိဘဲ အထီးကျန်နေတယ်လို့ ခံစားရတာက စတာပါပဲ။ ပတ်ဝန်းကျင်က လူတွေအားလုံးက သူ့ကိုဝိုင်းကြဉ်ထားတယ်။ သူတစ်ခုခုမှားရင် လှောင်ရယ် ရယ်ကြမယ်လို့ စိတ်ထဲမှာ အထင်ရောက်ပြီး လူတွေနဲ့ဝေးရာကို ထွက်ပြေးနေတာပါ။

မိမိပတ်ဝန်းကျင်မှာ သူများတွေနဲ့ အပေါင်းအသင်းသိပ်မလုပ်ဘဲ တစ်ယောက်တည်းနေတတ်သူ ရှိရင် သူတို့နဲ့ ရင်းရင်းနှီးနှီး သွားစကားပြောပေးပါ။ ကမ္ဘာလောကကြီးထဲမှာ သူတို့တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိပါစေ။ ဒီလိုလွယ်ကူတဲ့ အပြုအမူလေးတွေက သင့်ကို လူ့အသက်တစ်ချောင်းကို ကယ်တင်လိုက်နိုင်စေမှာပါ။

၂။ အရမ်းကြီးလည်း ဂရုစိုက်မပြပါနဲ့

20.jpg 

ဂရုစိုက်ရာမှာလည်း limit လေးတော့ ထားရမှာပါ။ သူတို့ကို စိတ်မကျန်းမာသူလို ဆက်ဆံပြီး နေရာတကာမှာ လိုက်ဂရုစိုက် ပေးနေမယ်ဆိုရင်လည်း သူတို့စိတ်ထဲမှာ တစ်မျိုး အဓိပ္ပာယ် သက်ရောက်သွားမှာပါ။ ဥပမာ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေဆိုရင် သူတို့ကို လူတွေက အရမ်းဂရုစိုက်ပြီး သနားကရုဏာသက်တဲ့ အကြည့်တွေနဲ့ ကြည့်မှာကို မလိုလားကြပါဘူး။ ဒါကြောင့် သူတို့ကို အရမ်းထိခိုက်လွယ်တဲ့ ကြွေအိုးလေးတွေလို မဆက်ဆံဘဲ ပုံစံသူငယ်ချင်း၊ မိတ်ဆွေတွေလိုပဲ ဆက်ဆံပေးလိုက်ပါ။

၃။ ပျော်ရွှင်မှုကို မျှဝေခံစားပါ

28.jpg 

ပျော်ရွှင်မှုပုံစံ အမျိုးမျိုးရှိပါတယ်။ စိတ်ဓာတ်ကျနေသူကို ဖေးမဖို့ အကောင်းဆုံးနည်းလမ်းကတော့ မျှဝေခံစားမှုရဲ့ ပျော်ရွှင်မှုကို နားလည်စေတာပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် "sharing is caring" ပေါ့။။ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံသူ အများစုဟာ ပျော်ရွှင်မှုအစစ်ကို မကြုံဖူးသူတွေနဲ့ မျှဝေခွင့်မရလိုက်သူတွေ ဖြစ်လေ့ရှိပါတယ်။ ပျော်ရွှင်မှုကို အတူမျှဝေခြင်းဖြင့် ကမ္ဘာကြီးကို ကယ်တင်လိုက်ပါ။

၄။ မေတ္တာတရားအကြောင်းကို နားလည်ပါစေ

"အလျားအနံမရှိပေမယ့် အသွားအပြန်ရှိတဲ့" မေတ္တာတရားဆိုတာ အလွန်အေးချမ်းပါတယ်။ မေတ္တာတရားစစ်နဲ့ ထိတွေ့ဖူးသူတိုင်း ဘယ်လောက်စိတ်ဓာတ်ကျစရာ အခြေအနေကိုပဲ ကြုံလာပါစေ။ လက်မြှောက်အရှုံးပေးဖို့ စဉ်းစားမိကြမှာ မဟုတ်ပါဘူး။ မေတ္တာတရားကို မျှဝေရလို့ မိမိအတွက် ဘာဆိုးကျိုးမှမရှိဘဲ ကောင်းကျိုးတွေပဲရနိုင်ပါတယ်။

၅။ သူတို့ရဲ့စကားသံကို နားထောင်ပေးပါ

apf-shutterstock-girls.jpg 

စိတ်ကျရောဂါကို ရှိရင်းစွဲထက် ပိုမိုဆိုးဝါးစေတဲ့အရာက သူတို့ပြောတဲ့စကားတွေကို နားထောင်မယ့်သူမရှိတာပါ။ သူတို့ရဲ့ ခံစားချက်တွေကို သေချာနားထောင်ပေးမယ့်လူသာရှိရင် သူတို့စိတ်ဓာတ်ကျနေတဲ့ အခြေအနေ ထင်သလောက်ဆိုးရွားစွာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကို ရင်ဖွင့်ချင်သူရှိလာရင် အချိန်အတိုင်းအတာ တစ်ခုပေးပြီး နားထောင်ပေးကြည့်ပါ။ အပြင်ပန်းမှာ အပေါင်းအသင်းတွေ တရုန်းရုန်းနဲ့ လူချစ်လူခင်များတဲ့ သူတွေမှာတောင် စိတ်ဓာတ်ကျတယ်ဆိုတဲ့ အခြေအနေတစ်ခု ရှိနေနိုင်တယ်လေ။

၆။ သူတို့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါ

download.jpg 

လူဆိုတာကလည်း ခက်တော့ခက်သား။ ကိုယ့်အားထုတ်မှုကိုသာ အဟုတ်ထင်တတ်ပြီး သူတစ်ပါးရဲ့အားထုတ်မှုကိုတော့ အသိအမှတ်ပြုဖို့ မေ့လျော့တတ်ပါတယ်။ မိမိအစွမ်းကုန် ကြိုးစားအားထုတ်ထားရတဲ့ အရာတစ်ခုကို အသိအမှတ်ပြု မခံရတာလောက် ဆိုးတဲ့ဝေဒနာမရှိတော့ပါဘူး။ ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ ဘယ်သူပဲဖြစ်ဖြစ် အားထုတ်ကြိုးစားနေတာကို မြင်တွေ့ရင် သူတို့ရဲ့လုပ်ရပ် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အားထုတ်မှုကိုတော့ အသိအမှတ်ပြုပေးလိုက်ပါ။

[Zawgyi Version]

Linkin Park အဖြဲ႔က ေခါင္းေဆာင္အဆိုေတာ္ Chester ကိုယ့္ကိုယ္ကို ေသေၾကာင္းၾကံသြားတာမွ မၾကာေသးဘူး။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း SHINee ဆိုတဲ့ kpop အဖြဲ႔က အဆိုေတာ္တစ္ဦးျဖစ္တဲ့ Jonghyun မိမိကိုယ္ကို အဆံုးစီရင္သြားပါတယ္။ သူတို႔လို ေအာင္ျမင္မႈရ႐ွိေနဆဲ အဆိုေတာ္ေတြ ေသေၾကာင္းၾကံစည္ ရျခင္းရဲ႕ အေျခခံအေၾကာင္းရင္းကေတာ့ စိတ္က်ေရာဂါေၾကာင့္ပါတဲ့။

ကမၻာေပၚမွာ စိတ္က်ေရာဂါ စြဲကပ္ေနသူေပါင္း သန္းနဲ႔ခ်ီၿပီ ႐ွိေနႏိုင္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီးကေတာင္ ၂၀၁၇ ဧၿပီလ (၇) ရက္ေန႔ (ကမၻာ့က်န္းမာေရးေန႔) ကို စိတ္က်ေရာဂါ တိုက္ဖ်က္ေရးေန႔အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ အသက္ (၁၅) ႏွစ္နဲ႔ (၁၉) ႏွစ္ၾကား မိန္းကေလးေတြအတြက္ေတာ့ စိတ္က်ေရာဂါဟာ ေသႏႈန္းအျမင့္ဆံုး ေရာဂါေတြထဲမွာ ဒုတိယလိုက္ေနပါတယ္။

ဘာပဲေျပာေျပာ စိတ္က်ေရာဂါဟာ သိပ္ေၾကာက္ဖို႔ ေကာင္းတဲ့အတြက္ မိမိပတ္ဝန္းက်င္မွာ စိတ္က်ေရာဂါ ခံစားေနရတယ္လို႔ သံသယ႐ွိသူေတြ ရွိေနရင္ ကာကြယ္ေပးႏိုင္ဖို႔အတြက္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ သူတို႔တစ္ေယာက္တည္း မဟုတ္ဘူးဆိုတာ သိပါေစ

16.jpg 

စိတ္က်ေရာဂါရဲ႔ ကနဦးလကၡဏာကေတာ့ သူတို႔နားမွာ ဘယ္သူမွမ႐ွိဘဲ အထီးက်န္ေနတယ္လို႔ ခံစားရတာက စတာပါပဲ။ ပတ္ဝန္းက်င္က လူေတြအားလံုးက သူ႔ကိုဝိုင္းၾကဥ္ထားတယ္။ သူတစ္ခုခုမွားရင္ ေလွာင္ရယ္ ရယ္ၾကမယ္လို႔ စိတ္ထဲမွာ အထင္ေရာက္ၿပီး လူေတြနဲ႔ေဝးရာကို ထြက္ေျပးေနတာပါ။

မိမိပတ္ဝန္းက်င္မွာ သူမ်ားေတြနဲ႔ အေပါင္းအသင္းသိပ္မလုပ္ဘဲ တစ္ေယာက္တည္းေနတတ္သူ ႐ွိရင္ သူတို႔နဲ႔ ရင္းရင္းႏွီးႏွီး သြားစကားေျပာေပးပါ။ ကမၻာေလာကႀကီးထဲမွာ သူတို႔တစ္ေယာက္တည္း မဟုတ္ဘူးဆိုတာ သိပါေစ။ ဒီလိုလြယ္ကူတဲ့ အျပဳအမူေလးေတြက သင့္ကို လူ႔အသက္တစ္ေခ်ာင္းကို ကယ္တင္လိုက္ႏိုင္ေစမွာပါ။

၂။ အရမ္းႀကီးလည္း ဂ႐ုစိုက္မျပပါနဲ႔

20.jpg 

ဂ႐ုစိုက္ရာမွာလည္း limit ေလးေတာ့ ထားရမွာပါ။ သူတို႔ကို စိတ္မက်န္းမာသူလို ဆက္ဆံၿပီး ေနရာတကာမွာ လိုက္ဂ႐ုစိုက္ ေပးေနမယ္ဆိုရင္လည္း သူတို႔စိတ္ထဲမွာ တစ္မ်ိဳး အဓိပၸာယ္ သက္ေရာက္သြားမွာပါ။ ဥပမာ ကိုယ္လက္အဂၤါ ခ်ိဳ႔တဲ့သူေတြဆိုရင္ သူတို႔ကို လူေတြက အရမ္းဂ႐ုစိုက္ၿပီး သနားကရုဏာသက္တဲ့ အၾကည့္ေတြနဲ႔ ၾကည့္မွာကို မလိုလားၾကပါဘူး။ ဒါေၾကာင့္ သူတို႔ကို အရမ္းထိခိုက္လြယ္တဲ့ ေၾကြအိုးေလးေတြလို မဆက္ဆံဘဲ ပံုစံသူငယ္ခ်င္း၊ မိတ္ေဆြေတြလိုပဲ ဆက္ဆံေပးလိုက္ပါ။

၃။ ေပ်ာ္႐ႊင္မႈကို မွ်ေဝခံစားပါ

28.jpg 

ေပ်ာ္႐ႊင္မႈပံုစံ အမ်ိဳးမ်ိဳး႐ွိပါတယ္။ စိတ္ဓာတ္က်ေနသူကို ေဖးမဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ မွ်ေဝခံစားမႈရဲ႕ ေပ်ာ္ရႊင္မႈကို နားလည္ေစတာပါပဲ။ တစ္နည္းအားျဖင့္ ေျပာရရင္ "sharing is caring" ေပါ့။။ စိတ္ဓာတ္က်ၿပီး ကိုယ့္ကိုယ္ကိုေသေၾကာင္းၾကံသူ အမ်ားစုဟာ ေပ်ာ္ရႊင္မႈအစစ္ကို မၾကံဳဖူးသူေတြနဲ႔ မွ်ေဝခြင့္မရလိုက္သူေတြ ျဖစ္ေလ့ရွိပါတယ္။ ေပ်ာ္ရႊင္မႈကို အတူမွ်ေဝျခင္းျဖင့္ ကမၻာႀကီးကို ကယ္တင္လိုက္ပါ။

၄။ ေမတၱာတရားအေၾကာင္းကို နားလည္ပါေစ

"အလ်ားအနံမ႐ွိေပမယ့္ အသြားအျပန္႐ွိတဲ့" ေမတၱာတရားဆိုတာ အလြန္ေအးခ်မ္းပါတယ္။ ေမတၱာတရားစစ္နဲ႔ ထိေတြ႕ဖူးသူတိုင္း ဘယ္ေလာက္စိတ္ဓာတ္က်စရာ အေျခအေနကိုပဲ ၾကံဳလာပါေစ။ လက္ေျမွာက္အ႐ႈံးေပးဖို႔ စဥ္းစားမိၾကမွာ မဟုတ္ပါဘူး။ ေမတၱာတရားကို မွ်ေဝရလို႔ မိမိအတြက္ ဘာဆုိးက်ိဳးမွမ႐ွိဘဲ ေကာင္းက်ိဳးေတြပဲ႐ႏိုင္ပါတယ္။

၅။ သူတို႔ရဲ႕စကားသံကို နားေထာင္ေပးပါ

apf-shutterstock-girls.jpg 

စိတ္က်ေရာဂါကို ႐ွိရင္းစြဲထက္ ပိုမိုဆိုးဝါးေစတဲ့အရာက သူတို႔ေျပာတဲ့စကားေတြကို နားေထာင္မယ့္သူမ႐ွိတာပါ။ သူတို႔ရဲ႕ ခံစားခ်က္ေတြကုိ ေသခ်ာနားေထာင္ေပးမယ့္လူသာ႐ွိရင္ သူတို႔စိတ္ဓာတ္က်ေနတဲ့ အေျခအေန ထင္သေလာက္ဆိုး႐ြားစြာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မိမိကို ရင္ဖြင့္ခ်င္သူ႐ွိလာရင္ အခ်ိန္အတိုင္းအတာ တစ္ခုေပးၿပီး နားေထာင္ေပးၾကည့္ပါ။ အျပင္ပန္းမွာ အေပါင္းအသင္းေတြ တ႐ုန္း႐ုန္းနဲ႔ လူခ်စ္လူခင္မ်ားတဲ့ သူေတြမွာေတာင္ စိတ္ဓာတ္က်တယ္ဆိုတဲ့ အေျခအေနတစ္ခု ႐ွိေနႏိုင္တယ္ေလ။

၆။ သူတို႔ရဲ႕ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳပါ

download.jpg 

လူဆိုတာကလည္း ခက္ေတာ့ခက္သား။ ကိုယ့္အားထုတ္မႈကိုသာ အဟုတ္ထင္တတ္ၿပီး သူတစ္ပါးရဲ႕အားထုတ္မႈကိုေတာ့ အသိအမွတ္ျပဳဖို႔ ေမ့ေလ်ာ့တတ္ပါတယ္။ မိမိအစြမ္းကုန္ ႀကိဳးစားအားထုတ္ထားရတဲ့ အရာတစ္ခုကို အသိအမွတ္ျပဳ မခံရတာေလာက္ ဆိုးတဲ့ေဝဒနာမ႐ွိေတာ့ပါဘူး။ ဒါေၾကာင့္ မိမိပတ္ဝန္းက်င္မွာ ဘယ္သူပဲျဖစ္ျဖစ္ အားထုတ္ႀကိဳးစားေနတာကို ျမင္ေတြ႔ရင္ သူတို႔ရဲ႕လုပ္ရပ္ ေအာင္ျမင္သည္ျဖစ္ေစ၊ က်႐ႈံးသည္ျဖစ္ေစ အားထုတ္မႈကိုေတာ့ အသိအမွတ္ျပဳေပးလိုက္ပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us