တွန်းလှည်းသည်လေး မောင်းလေးတနောင်နောင်ခေါက်ပြီး လာရောင်းတဲ့ ဂွေးသီးရေခဲစိမ်လေးကို ငရုပ်သီးမှုန့်၊ ဆေးသကြား၊ ဆားတို့နဲ့နယ်ဖတ်ပြီး တုတ်ချောင်းလေးထိုးမစားဖူးတဲ့ မိန်းကလေးရှိရင်တောင် တော်တော်ရှားမှာပါ။

တွန်းလှည်းသည်လေး မောင်းလေးတနောင်နောင်ခေါက်ပြီး လာရောင်းတဲ့ ဂွေးသီးရေခဲစိမ်လေးကို ငရုပ်သီးမှုန့်၊ ဆေးသကြား၊ ဆားတို့နဲ့နယ်ဖတ်ပြီး တုတ်ချောင်းလေးထိုးမစားဖူးတဲ့ မိန်းကလေးရှိရင်တောင် တော်တော်ရှားမှာပါ။ ဂွေးသီးဟာ အချဉ်သီး တစ်လုံးဖြစ်ပြီး အိပ်ငိုက်နေတဲ့အချိန် ဂွေးသီးလေးစားလိုက်ရရင် အိပ်ချင်ပြေပြီး ခန္ဓာကိုယ်အတွက် လိုနေတဲ့ ဗိုက်တာမင်စီကိုလည်း ပြည့်ဝစေမှာပါ။ အရှေ့တောင်အာရှနိုင်ငံတိုင်းလိုလိုမှာ ပေါက်ရောက်နိုင်ပြီး စက်တင်ဘာလမှ ဇန်နဝါရီလအတွင်းကတော့ ဂွေးသီးတွေ ဖောဖောသီသီ သီးတဲ့ရာသီပါ။



 

များသောအားဖြင့် ဂွေးသီးကို အစိမ်းစားကြတယ်ဆိုပေမယ့် အမှည့်စားလို့လည်း ရပါတယ်။ ဂွေးသီးစိမ်းကို ငါးပိချက်ချက်စားလို့ ကောင်းသလို တို့စရာလုပ်စားလို့လည်း ရပါတယ်။ ဂွေးသီးစားရင် အရသာရှိတာ တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးအကျိုးကျေးဇူး တွေကိုလည်း ရရှိစေနိုင်ပါသေးတယ်။ အဲဒါတွေကတော့...

၁။ ကိုယ်ခံအားပိုကောင်းစေမယ်

7.-Excellent-Source-Of-Protein.jpg 

လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ ဘက်ထရီလိုပဲ အားပြန်သွင်းပေးဖို့ လိုပါတယ်။ ဂွေးသီးထဲမှာ အထူးကြွယ်ဝစွာပါဝင်တဲ့ ဗိုက်တာမင်စီက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို မြင့်တက်စေနိုင်ပါတယ်။ ဂွေးသီးဟာ collagen ဆိုတဲ့ဟော်မုန်းတစ်မျိုးကိုလည်း ထွက်လာစေနိုင်ပြီး အနာတွေကို ပိုပြီးကျက်လွယ်စေနိုင်ပါတယ်။ ဂွေးသီးထဲမှာ antioxidant ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်ထဲက free radical ဒဏ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၂။ အသားအရေလှစေတယ်

61.jpg 

ဂွေးသီးကြိုက်တဲ့ မိန်းကလေးတွေအတွက်တော့ ဝမ်းသာစရာပါပဲ။ ဂွေးသီးထဲက ဗိုက်တာမင်စီဟာ တစ်ရှူးတွေကို ပြန်လည်ပြင်ဆင်ပေးနိုင်ပြီး အရေပြားကိုလည်း ရေဓာတ်နဲ့ အာဟာရပြည့်ဝ စေပါတယ်။ ဂွေးသီးစားပေးရင် မိန်းကလေးတွေအတွက် အသားအရေလှပစေတဲ့ ဟော်မုန်းတွေလည်း ထွက်လာစေနိုင်ပြီး အသားအရေကို ချောမွေ့နူးညံ့စေနိုင်ပါတယ်။ ဂွေးသီးပင်ရဲ့အရွက်တွေကို အရည်ကျိုပြီး ရလာတဲ့အရည်ကို ဘော်ဒီလိုးရှင်းနဲ့ moisturizer တွေမှာ ထည့်သွင်းအသုံးပြုလို့ရပါတယ်။

၃။ ချောင်းဆိုးပျောက်စေတယ်

67.jpg 

ဂွေးသီးပင်ရဲ့အရွက်ကို အရည်ညှစ်ပြီး သောက်ပေးမယ်ဆိုရင် အအေးမိချောင်းဆိုးခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဂွေးသီးရွက် (၃) (၄) ရွက်ခန့်ကို ရေ (၂) ခွက်မှာ ကြိုပြီး မိနစ်အနည်းငယ်ကြာအောင် ပြုတ်လို့ရလာတဲ့ ပြုတ်ရည်ကို ပျားရည်နဲ့ရောပြီး သောက်ပေးမယ်ဆိုရင် ချောင်းဆိုးရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါမှမဟုတ် ဂွေးသီးကို သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့အရည်ကို ဆားနည်းနည်းခတ်ပြီး တစ်နေ့ (၂) ကြိမ်သောက်ပေးမယ်ဆိုရင်လည်း ချောင်းဆိုးပျောက်စေနိုင်ပါတယ်။

၄။ အစာအိမ်ဝေဒနာတွေကို သက်သာပျောက်ကင်းစေတယ်

33.jpg 

ဂွေးသီးက အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်တဲ့အတွက် အစာခြေခြင်းကို အထောက်အကူပေးပြီး အူလမ်းကြောင်းတလျှောက် ရှင်းလင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဂွေးသီးစားခြင်းက ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့လို ဝမ်းမမှန်တဲ့ရောဂါတွေကို မဖြစ်စေနိုင်ပါဘူး။ နောက်ပြီး ဂွေးသီးဟာ ရေဓာတ်လည်း ကြွယ်ဝတဲ့အတွက် ရေဓာတ်မပြည့်ဝခြင်း (dehydration) ကိုလည်း ဖြစ်စေမှာမဟုတ်ပါဘူးနော်။

၅။ မျက်စိအားကောင်းစေတယ်

1_m5FURzngXScSdDDLo2cX7g.jpeg 

ဂွေးသီးဟာ ဗိုက်တာမင်အေ ကြွယ်ဝတဲ့အသီးတစ်မျိုး ဖြစ်တဲ့အတွက် စက္ခုအာရုံကောင်းမွန်ရေးမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်က ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုက်တာမင်အေထဲမှာ ပါဝင်တဲ့ retinol ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးက မျက်စိ မျက်ကြည်လွှာက လက်ခံတဲ့ ပုံရိပ်တွေကို ပိုမိုရှင်းလင်းပြတ်သားအောင် ကူညီပေးနိုင်ပါတယ်။ မျက်စိနာရင်လည်း ဂွေးသီးပြုတ်ရည်နဲ့ ဆေးပေးရင် ဝေဒနာသက်သာနိုင်ပါတယ်။

Source: Medindia


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က