သမိုင်းမှတ်တမ်းတွေအရဆိုရင် ဗော့ဒ်ကာအရက်ဟာ ရုရှနိုင်ငံမှာ အေဒီ (၉) ရာစုကတည်းက ပေါ်ပေါက်ခဲ့ပါသတဲ့။

နာမည်ကျော် ရုရှအရက်တစ်မျိုးဖြစ်တဲ့ ဗော့ဒ်ကာအရက်ဟာ အီသနောနဲ့ရေ ပေါင်းစပ်ထားပြီး အသီးအရသာလေးတွေ စွက်ထားတာမို့ အရက်သောက်တတ်တဲ့ ကျားမမရွေး နှစ်သက်ကြပါတယ်။ ဘားကိုရောက်ရင် ဗော့ဒ်ကာနဲ့ရောစပ်ထားတဲ့ ကော့တေးလ်တွေကိုပဲ ဦးစားပေးပြီး မှာမိကြတာပဲမဟုတ်ပါလား။ သမိုင်းမှတ်တမ်းတွေအရဆိုရင် ဗော့ဒ်ကာအရက်ဟာ ရုရှနိုင်ငံမှာ အေဒီ (၉) ရာစုကတည်းက ပေါ်ပေါက်ခဲ့ပါသတဲ့။



 

ဗော့ဒ်ကာအရက်မှာ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားပါဝင်မှုမရှိတဲ့အတွက် ဘာနဲ့မှမရောဘဲ သောက်မယ်ဆိုရင် ကယ်လိုရီတက်စေနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ဒါတွေတင်မကသေးပါဘူး။ ဗော့ဒ်ကာ အရက်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ ဘာအရာမဆို တန်ဆေးလွန်ဘေးဆိုတော့ သတိထားပြီး ချင့်ချိန်သောက်သုံးပေးရင်တော့ အကောင်းဆုံးပါပဲ။

၁။ စိတ်ဖိစီးမှုပြေပျောက်စေတယ်

18.jpg 

တစ်ပတ်လုံး အလုပ်ထဲမှာ စိတ်ရှုပ်ခဲ့ရသမျှ ဘားမှာထိုင်ပြီး ဗော့ဒ်ကာခွက်လေး ကိုင်လိုက်တာနဲ့ ပြေလျော့သွားတယ်လို့ ခံစားရဖူးပါသလား။ ဒါဆိုရင်တော့ ဒီလိုခံစားဖူးတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိချက် တွေအရဆိုရင် ဗော့ဒ်ကာအရက်ဟာ ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းနဲ့ တခြားအကြောင်းတရားတွေကို ဝိုင်နီလိုမျိုး တခြားအရက်တွေထက်စာရင် ပိုမိုထိရောက်စွာ တိုက်ဖျက်ပေးနိုင်ပါတယ်။ နောက်ပြီး ဦးနှောက်ကို ပိုမိုတည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတဲ့ ဂုဏ်သတ္တိလည်း ဗော့ဒ်ကာအရက်ထဲမှာ ပါပါတယ်။

၂။ ထုံကျင်စေတယ်

39.jpg 

ရုရှရိုးရာအရတော့ ခေါင်းကိုက်ရောဂါ၊ အအေးမိရောဂါနဲ့ အရက်နာကျခြင်းလိုမျိုး ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ရုရှတိုင်းရင်းဆေးနည်းတွေအရဆိုရင် တခြားဆေးရွက်တွေနဲ့ ဗော့ဒ်ကာကို ရောစိမ်ထားပြီး သောက်ပေးရင် တချို့ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်တဲ့။

နောက်ပြီး ဗော့ဒ်ကာအရက်ကို ပလတ်စတစ်အိတ် တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်မယ်ဆိုရင် အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ ကိုက်ခဲခြင်းဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၃။ သွားကိုက်ပျောက်စေတယ်

63.jpg 

သွားကိုက်လို့ အိပ်လို့လည်းမရ၊ ထိုင်လို့လည်းမရ၊ ထလို့လည်းမရနဲ့ လူးလိမ့်ခံစားနေရပါသလား။ သွားဆေးခန်းပေးဖို့ကလည်း ညကြီးအချိန်မတော် ဖြစ်နေပါသလား။ ဒါဆိုရင်တော့ အိပ်ခန်းထဲမှာ ဗော့ဒ်ကာအရက်တစ်လုံး ဝှက်ထားမိတဲ့အတွက် ဝမ်းသာရပါလိမ့်မယ်။

ဗော့ဒ်ကာတစ်ခွက်လောက် သောက်ပေးခြင်း၊ ဗော့ဒ်ကာအရက်နဲ့ ပလုတ်ကျင်းပေးခြင်း၊ ဝါဂွမ်းစလေးမှာ ဗော့ဒ်ကာအရက်တို့ပြီး သွားကိုက်တဲ့နေရာကို တို့ပေးခြင်းတို့က သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှုန့်နဲ့ရောပြီး ပလုတ်ကျင်းပေးမယ်ဆိုရင်လည်း ခံတွင်းထဲက ပိုးမွှားဆိုးတွေကို သေစေနိုင်ပြီး အနံ့ဆိုးတွေကိုလည်း သတ်ပေးနိုင်ပါတယ်။

၄။ နှလုံးကျန်းမာရေးကောင်းစေတယ်

101.jpg 

ဗော့ဒ်ကာသောက်ပေးသင့်တဲ့ နောက်ထပ်အကြောင်းရင်းကောင်း တစ်ခုကတော့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ ဂုဏ်သတ္တိကြောင့်ပဲ ဖြစ်ပါတယ်။ ဗော့ဒ်ကာသောက်ခြင်းက သွေးကြောတွေကို လှုံ့ဆော်ပေးပြီး သွေးစီးဆင်းမှုကို ပိုမိုမြန်ဆန် ကောင်းမွန်စေပါတယ်။

နှလုံးဆီကို သွေးတွေလွတ်လပ်စွာ အသွားအပြန်စီးဆင်းနိုင်ခြင်းက လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြော ပေါက်ခြင်း လိုမျိုး အဓိကကျန်းမာရေးပြဿနာတွေကို တားဆီးပေးနိုင်ပါတယ်။ နောက်တစ်ခုက ဗော့ဒ်ကာသောက်ခြင်းက HDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်ကောင်းတဲ့ ကိုလက်စ်ထရောတွေကိုလည်း များပြားစေနိုင်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က