သောကြာညနေခင်းလို နေ့မျိုးလေးမှာ ဘီယာအေးအေးလေးတစ်ခွက်၊ အာလူးချောင်းကြော်လေး တစ်ပွဲနဲ့ ဘော်ဒါတွေနဲ့ ဘောပွဲထိုင်ကြည့်ရတာ၊ အာထိုင်ထုရတာက စိတ်ကိုကြည်လင် လန်းဆန်းစေမှာ အမှန်ပါပဲ။

တန်ဆေးလွန်ဘေးဆိုတဲ့စကားက ဘီယာသောက်ခြင်းနဲ့သက်ဆိုင်နေမယ်ဆိုရင် မမှားပါဘူး။ သောကြာညနေခင်းလို နေ့မျိုးလေးမှာ ဘီယာအေးအေးလေးတစ်ခွက်၊ အာလူးချောင်းကြော်လေး တစ်ပွဲနဲ့ ဘော်ဒါတွေနဲ့ ဘောပွဲထိုင်ကြည့်ရတာ၊ အာထိုင်ထုရတာက စိတ်ကိုကြည်လင် လန်းဆန်းစေမှာ အမှန်ပါပဲ။



 

တကယ်တော့ ဘီယာသောက်ခြင်းမှာ စိတ်ကျန်းမာရေး အတွက်သာမက လူကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေတဲ့ အကျိုးကျေးဇူးတွေ ပါရှိပါသေးတယ်။ အဲဒါတွေကတော့...

၁။ ကျောက်ကပ်ကျန်းမာရေး အားကောင်းစေတယ်

33.jpg 

သည်းခြေအိတ်ထဲမှာ ဒါမှမဟုတ် ကျောက်ကပ်ထဲမှာ ဆားဓာတ်တွေ စုစည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အစိုင်အခဲ သေးသေးလေးတွေကို ဆီးကျောက်လို့ခေါ်ပါတယ်။ အဲဒီကျောက်တုံးလေးတွေဟာ ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ကျောက်တုံးလေးတွေပါ။ ဒါပေမဲ့ ဘီယာကို အတိုင်းအထွာနဲ့ သောက်သုံးပေးခြင်းက ဆီးကျောက်တွေကိုု ကြေစေနိုင်ပါတယ်တဲ့။ ဒါပေမဲ့ မိမိရဲ့ ကျောက်ကပ်နဲ့ သည်းခြေအိတ်အနေအထားကို ဆရာဝန်နဲ့သေချာပြသ တိုင်ပင်ပြီးမှ သောက်သုံးပေးပါ။

၂။ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေတယ်

ကျွန်တော်တို့ အသက်တွေ ကြီးလာလေလေ၊ ဦးနှောက်ရဲ့လုပ်ဆောင်မှုနဲ့ တုံ့ပြန်မှုတွေ နှေးကွေးလာလေလေဆိုတာတော့ အမှန်ပါပဲ။ အသက်ကြီးလာပြီဆိုရင် ငယ်ငယ်ကလောက် မှတ်ဉာဏ်မကောင်းတော့သလို ငယ်ငယ်ကလောက်လည်း ဖြတ်ထိုးဉာဏ်မကောင်းတော့ပါဘူး။ ဒါပေမဲ့ ဘီယာကို ပမာဏနည်းနည်းနဲ့ ပုံမှန်သောက်ပေးမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးအခြေအနေကို ထိန်းသိမ်းပေးနိုင်သလို အယ်လ်ဇိုင်းမားရောဂါလိုမျိုး မှတ်ဉာဏ်အားနည်းတဲ့ ရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။

၃။ နှလုံးလုပ်ဆောင်မှုကို ကောင်းမွန်စေတယ်

breathelessness.jpg 

ဆေးပညာရှင်တွေရဲ့အဆိုအရ ဘီယာကို အတိုင်းအထွာနဲ့ ပုံမှန်သောက်သုံးခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို (၃၀) ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ပါတယ်တဲ့။ ဘီယာမှာ သွေးကြောတွေကို သန့်ရှင်းစေတဲ့ သွေးခဲခြင်းဆန့်ကျင်တဲ့ အကျိုးအာနိသင်လည်း ပါဝင်ပြီး နှလုံးကို ကျန်းမာသန့်ရှင်းစေနိုင်ပါတယ်။ အချက်အလက်တွေအရ ပြောရရင် တစ်နေ့ကို ဘီယာတစ်လုံး သောက်ပေးတဲ့လူတွေဟာ သွေးခဲခြင်းကို လျော့ကျစေတဲ့ fibrinogen ဆိုတဲ့ ဓာတ်ကို ရရှိစေနိုင်ပါတယ်တဲ့။

၄။ အရိုးတွေကို သန်မာစေတယ်

7.-Excellent-Source-Of-Protein.jpg 

ဘီယာကို အတိုင်းအထွာနဲ့ ပမာဏနည်းနည်း သောက်ပေးသူတွေဟာ အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘီယာမှာ ဆီလီကွန်ပမာဏ ကြွယ်ဝလို့ပါပဲ။ ဆီလီကွန်ဟာ အရိုးဆဲလ်တွေ ကို နှိုးဆွပေးနိုင်ပြီး သန်မာတဲ့ အရိုးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ estrogenic effect ကိုလည်း ဖြည့်ဆည်းပေးနိုင်လို့ပါပဲ။

၅။ ဗိုက်တာမင်ဘီ ကြွယ်ဝစေတယ်

Food Reserach Institute က ပြုလုပ်တဲ့ သုတေသနတစ်ခုအရ ဘီယာသောက်သုံးသူတွေဟာ ဘီယာမသောက်သုံးသူတွေနဲ့ နှိုင်းစာရင် သွေးထဲမှာ ဗိုက်တာမင်ဘီ ပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။ လူတွေသိပ်မသိကြသေးတဲ့ အချက်တစ်ခုကတော့ ဘီယာဟာ ဝိုင်ထက် ဗိုက်တာမင်ဘီ ကြွယ်ဝပြီး ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ ဗိုက်တာမင်ဘီတွဲနဲ့ ဖိုလစ်အက်ဆစ်တို့လည်း ပါဝင်ပါတယ်။

၆။ ဆီးချိုအန္တရာယ် လျှော့ချပေးတယ်

diabetes test.jpg 

ဟားဗတ်တက္ကသိုလ် သုတေသနတစ်ခုအရ ဘီယာကိုပုံမှန်သောက်ပေးတဲ့ သက်လတ်ပိုင်းပုဂ္ဂိုလ်တွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို သိသိသာသာကြီး လျော့ကျစေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကျန်းမာရေး အကျိုးကျေးဇူးကို တစ်နေ့ကို ဘီယာ (၂) လုံးထက် ပိုမသောက်မှသာ ရရှိစေနိုင်မှာပါ။

၇။ သွေးတိုးကျစေတယ်

40.jpg 

ဝိုင်သောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ဘီယာသောက်ခြင်းက ပိုပြီးတောင်ကောင်းပါသေးတယ်။ အသက် (၂၅) နှစ်မှ (၄၀) ကြား အမျိုးသမီး (၆၀၀၀၀) ကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ ဘီယာသောက်ခြင်းဟာ သွေးတိုးခြင်းနဲ့ သွေးဖိအားနဲ့ ဆက်နွယ်နေတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က