ဝိုင်တို့၊ ဘီယာတို့လို မူးယစ်စေတဲ့ အဖျော်ယမကာတွေတောင်မှ ပမာဏတစ်ခုနဲ့ ချင့်ချိန်သောက်သုံးတတ်မယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာတော့ရှိပါတယ်။ ဒါပေမဲ့ ဝိုင်တို့၊ ဘီယာတို့လို မူးယစ်စေတဲ့ အဖျော်ယမကာတွေတောင်မှ ပမာဏတစ်ခုနဲ့ ချင့်ချိန်သောက်သုံးတတ်မယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ဝိုင်နီသောက်ခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။



၁။ ကင်ဆာကာကွယ်နိုင်တယ်

5.-Fights-Cancer.jpg 

ဝိုင်နီထဲမှာ resveratrol ဆိုတဲ့ polyphenol (အပင်ကထွက်တဲ့ ဓာတုပစ္စည်းတစ်မျိုး) ပါဝင်ပြီး အဲဒီဓာတုပစ္စည်းဟာ antioxidant တစ်မျိုးအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး နာတာရှည်ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဝိုင်နီသောက်ခြင်းဟာ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ မှတ်ဉာဏ်အားနည်းခြင်းကို တိုက်ဖျက်ပေးနိုင်တယ်

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ စပျစ်သီးအနီရောင်နဲ့ ဝိုင်နီထဲမှာ ပါဝင်တဲ့ resveratrol ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ အသက်အရွယ်ကြောင့် မှတ်ဉာဏ်အားနည်းခြင်းကို ကူညီကာကွယ်ပေးနိုင်ပါတယ်။

၃။ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်တယ်

heart2battack.jpg 

Nature ဆိုတဲ့ ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ တွေ့ရှိချက်တွေအရ ဝိုင်နီသောက်ခြင်းက endothelin-1 ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို တိုက်ထုတ်ပေးနိုင်ပါတယ်တဲ့။ အဲဒါဟာ သွေးကြောနံရံတွေပေါ်မှာ အဆီခဲခြင်းတွေ ကပ်ညိခြင်းကို ဖြစ်စေနိုင်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးပါ။ သွေးကြောနံရံပေါ်မှာ အဆီတွေစုလာတဲ့အခါ နှလုံးသွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝိုင်နီသောက်ခြင်းကတော့ ဒီရောဂါလက္ခဏာတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၄။ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တယ်

American Chemical Society ရဲ့အဆိုအရ ဝိုင်နီထဲမှာတွေ့ရှိရတဲ့ phenol ဓာတ်ဟာ သွေးထဲမှာပါတဲ့ ဆဲလ်လေးတွေ စုပေါင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့အတွက် သွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ ဝိုင်နီဟာ သွေးကိုလည်း ကျဲစေတဲ့အတွက် ရောင်ရမ်းခြင်းကို အကောင်းဆုံး ခုခံတိုက်ဖျက်ပေးနိုင်ပါတယ်။

၅။ အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်မှ ကာကွယ်နိုင်တယ်

Red-Wine-Basics-700x461.jpg 

ဝိုင်နီထဲမှာပါဝင်တဲ့ resveratrol ဓာတ်ဟာ အာရုံကြောကာကွယ်ပစ္စည်းတစ်မျိုးအဖြစ် လုပ်ဆောင်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်တဲ့ သွေးကလပ်စည်းတွေကို အရည်အသွေး လျော့နည်းစေနိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာချိန်မှာ ဖြစ်တတ်တဲ့ အာရုံကြောအားနည်းခြင်းကို တိုက်ဖျက်ပေးပါသေးတယ်။

၆။ ဆီးချိုကာကွယ်နိုင်တယ်

Oxidative stree ဆိုတာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ဓာတ်ပြုခြင်းကြောင့် ဆဲလ်တွေမှာ ဓာတ်ဖြစ်ရတာပါ။ အဲဒီဖြစ်စဉ်ဟာ ဆီးချိုဖြစ်စေနိုင်တဲ့ သွေးတွင်းအချိုဓာတ်တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ ဝိုင်နီသောက်ပေးမယ်ဆိုရင်တော့ ဆီးချိုသမားတွေအတွက်လည်း ဆီးချိုဖြစ်စေနိုင်တဲ့ လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။

၇။ အရိုးပွရောဂါ မဖြစ်စေနိုင်ဘူး

photo-nic-co-uk-nic-117915.jpg 

ဝိုင်နီထဲမှာပါဝင်တဲ့ ဆီလီကွန်ဓာတ်ဟာ အရိုးသိပ်သည်းဆကို ပိုမိုမြင့်မားစေပြီး အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အရိုးအားနည်းမှု ဝေဒနာကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး သွေးဆုံးပြီး အမျိုးသမီးတွေအတွက် ဟော်မုန်းအစားထိုး ကုသနည်းမှာ အသုံးပြုတတ်တဲ့ estrogen ဆိုတဲ့ လိင်စိတ်ဟော်မုန်းကိုလည်း ဝိုင်နီက ပေးစွမ်းနိုင်ပါတယ်။

၈။ သွေးတိုးကျစေတယ်

ဝိုင်နီထဲမှာပါဝင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ provinol ဟာ နိုက်ထရစ်အောက်ဆိုဒ်ကြောင့်ဖြစ်တဲ့ သွေးတိုးခြင်းကို ခုခံတိုက်ဖျက်ပေးပါတယ်။

၉။ ကျောက်တည်ခြင်းမှ ကာကွယ်ပေးတယ်

ဟားဗတ်တက္ကသိုလ် ဆေးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို ဝိုင်နီတစ်ခွက် ပုံမှန်သောက်သုံးသူတွေမှာ သည်းခြေကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဝိုင်နီကို ပမာဏနည်းနည်းနဲ့ ချင့်ချိန်သောက်သုံးပေးမယ်ဆိုရင် သည်းခြေကျောက်နဲ့ ဆီးကျောက်တွေကို လျှော့ချပေးနိုင်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က