သားသား၊မီးမီးလေးတွေ အရပ်ပုနေမှာ စိုးရိမ်နေတယ်ဆိုရင် ဒီအစားအသောက်တွေကိုသာ ကျွေးမွေးလိုက်ပါ။

သားသား၊မီးမီးလေးတွေ အရပ်ပုနေမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ ဒီအစားအသောက်တွေကိုသာ ပုံမှန်လေး ကျွေးမွေးပေးလိုက်ပါ။ ကလေးငယ်တွေ အရပ်ရှည်ဖို့အတွက် Super Food လို့ သတ်မှတ်ထားတဲ့ အစားအစာတွေက ကလေးတွေရဲ့ အရပ်ကို မြင့်မားလာစေပြီး အခြားသော ကျန်းမာရေးပြသနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ ဖော်ပြပါ အစားအသောက် (၇) မျိုးကတော့ ကလေးငယ်တွေ အရပ်ရှည်လာစေဖို့နဲ့ သန်စွမ်းစေဖို့ အတွက် အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ အစားအစာတွေဖြစ်ပါတယ်။



၁။ ကြက်ဥ

 

ဓာတ်ပုံ - Freepik

ပရိုတင်းဓာတ် အများအပြားပါဝင်တဲ့ ကြက်ဥဟာ ကလေးငယ်တွေကို အရပ်ရှည်ဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါကြောင့်မို့လို့ ကလေးတွေကို တစ်နေ့မှာ အနည်းဆုံး ကြက်ဥ (၁)လုံးတော့ ကျွေးပေးသင့်ပါတယ်။ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ် ၊ Omelet လုပ်ပြီးတော့ပဲဖြစ်ဖြစ် မနက်စာအဖြစ် ကျွေးသင့်ပြီး နေ့စဉ်လိုအပ်တဲ့ ပရိုတင်း ဓာတ်တွေကို ရရှိစေပါလိမ့်မယ်။

၂။ နို့

 

ဓာတ်ပုံ - Freepik

ကယ်လ်ဆီယမ်ပြည့်ဝတဲ့ နို့ကတော့ အရိုးတွေကို သန်စွမ်းကျန်းမာစေပြီး ကြံ့ခိုင်စေပါတယ်။ နို့မှာ ပရိုတင်းလည်း ပါဝင်နေပြီးတော့ ကလေးငယ်လေးတွေ အရပ်ရှည်လာစေဖို့အတွက်တော့ အကောင်းဆုံးအစားအစာတစ်မျိုး ဖြစ်ပါတယ်။

၃။ ပဲ

 

ဓာတ်ပုံ - Freepik

ပဲမှာလည်း ပရိုတင်းဓာတ်ပြည့်ဝစွာ ပါဝင်ပြီး ကြွက်သား၊ အရိုးတွေကို ပိုမိုသန်မာစေပါတယ်။ ပဲကို အမျိုးမျိုးသော နည်းလမ်းနဲ့ ချက်ပြုတ်လို့ရပြီး ကလေးငယ်တွေ ကြီးထွားမှုအတွက် အံ့သြဖွယ်ရာ အစားအစာတစ်မျိုးအဖြစ် လက်ခံထားကြပါတယ်။

 ၄။ အုတ်ဂျုံမှုန့်

 

ဓာတ်ပုံ - Parentcare

တခြားသော အစားအစာထက် ပိုမိုထူးကဲတဲ့ အာနိသင်ရှိတယ်လို့ အုတ်ဂျုံမှုန့်ကို ညွှန်းဆိုကြပါတယ်။ အုတ်ဂျုံမှုန့် စားသုံးစေခြင်းဖြင့် ကလေးတွေကို ပုံမှန်ကြီးထွားမှုနှုန်းတိုးတက်အောင် ကူညီပေးနိုင်ပါတယ်။

 ၅။ ကြက်သား

 

ဓာတ်ပုံ - Freepik

ကလေးလေးတွေ အကြိုက်တွေ့မှာပါ။ ကြက်ကင်ဆိုင်၊ ကြက်ကြော်ဆိုင်တွေရှေ့ဆို အမြဲလက်ညိုးထိုးပြီး စားချင်တယ် ပူဆာနေတာမို့ ကျွေးရတာ မခက်ခဲတော့ပါဘူး။ အသားဓာတ်ပြည့်ဝလုံလောက်စွာ ရရှိစေတာမို့ ကြက်သားကျွေးပေးဖို့လည်း လိုအပ်ပါတယ်။

၆။ သစ်သီးဝလံများ

 

ဓာတ်ပုံ - Freepik

ကလေးတွေရဲ့ ကျန်းမာရေးနဲ့ သန်စွမ်းမှုအတွက် သစ်သီးဝလံတွေဟာ အရေးကြီးတဲ့ အစားအစာဖြစ်ကြောင်း အားလုံးသိပြီးသားပါ။ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တဲ့ သရက်သီး၊ မက်မွန်သီးတို့က ကလေးငယ်တွေ အရပ် ရှည်လာစေဖို့ ကူညီပေးပြီး အရိုးတွေသန်မာအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။

၇။ ဒိန်ချဉ်

 

ဓာတ်ပုံ - momjunction

ဗီတာမင်ဒီ နဲ့ ကယ်လ်စီယမ် ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က ကလေးတွေ ကြီးထွားမှုကို ကူညီပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ အစားအသောက် ဖြစ်ပါတယ်။ တကယ်လို့များ ကလေးငယ်တွေက ဒိန်ချဉ်ကို မနှစ်သက်ရင် ဒိန်ချဉ်အစား ချိစ်ကို အခြား အစားအသောက်တွေနဲ့ ရောနှောပြီး ကျွေးမွေးနိုင်ပါတယ်။

Source : stylecraze

Share

Loading Next Article...
က္က