KBZPay ဖောက်သည်တွေအတွက် MLBB Spin Wheel အစီအစဉ်လည်း ပြန်လည်ရောက်ရှိလို့လာပါပြီ။
Ye Yint Htay
Sponsored bylogo

COVID-19 ကြောင့် Stay Home နေရတဲ့ အခိုက်အတန့်မှာ မိုဘိုင်းဂိမ်းတွေဆော့ပြီး ကျော်ဖြတ်နေကြမယ်ဆိုတာကတော့ အသေအချာပါပဲ။

အခုဆိုရင် နာမည်ကျော်မိုဘိုင်းဂိမ်းတွေကို လူငယ်၊လူကြီးတွေ နှစ်နှစ်ခြိုက်ခြိုက် ကစားနေကြတာဖြစ်ပြီး ဒီဘက်နှစ်တွေမှာဆိုရင်

ကစားတဲ့နှုန်း သိသိသာသာမြင့်မားလာခဲ့တာကို တွေ့ရပါတယ်။ တစ်ဦးတစ်ယောက်ချင်းကစားရတဲ့ ဂိမ်း၊ အဖွဲ့လိုက်လှုပ်ရှားကစားရတဲ့ ဂိမ်း စသဖြင့် ဂိမ်းအမျိုးအစားတွေကလည်း စုံလင်နေတော့ ရွေးချယ်စရာတွေ အများကြီးရှိနေပါပြီ။ နောက်တစ်ချက်ကတော့ esports ကဏ္ဍတိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ ဂိမ်းကစားခြင်းကနေ ခိုင်မာတဲ့ 

ဘဝလမ်းကြောင်းတစ်ခုကို ရပ်တည်လာနိုင်တယ်ဆိုတဲ့ အနေအထားကြောင့်လည်း ပရော်ဖက်ရှင်နယ် Gamers တွေဖြစ်လာဖို့ကို ကြိုးစားအားထုတ်သူတွေကလည်း အများကြီးရှိလာခဲ့ပါတယ်။ 


အထူးသဖြင့် COVID-19 ကြောင့် တတ်နိုင်သလောက် အိမ်ထဲမှာပဲနေကြရဖို့ ရှိလာချိန်မှာတော့ ဝါသနာရှင်တွေအတွက် စိတ်အပန်းဖြေစရာ၊ အပျင်းပြေစရာ၊ ထွက်ပေါက်တစ်ခုအဖြစ် မိုဘိုင်းဂိမ်းကစားတာက နည်းလမ်းတစ်ခုအနေနဲ့ အသုံးတည့်နေပါတယ်။ Mobile Legends၊

PUBG ၊ Rules of Survival တို့လို တိုက်ခိုက်ရေးဂိမ်းတွေကို ကစားတဲ့ဦးရေကလည်း တော်တော်များပြားနေတယ်လို့ သိရပါတယ်။ 

Mobile Legends က အခုဆိုရင် Damage ကြမ်းကြမ်းနဲ့ Assassing/Marksman နေရာစုံကစားနိုင်တဲ့ Leslay ရဲ့ Angelic Agent Legend Skin ကိုတောင် ကံစမ်းနိုင်နေပါပြီ။ ဒီဂိမ်းတွေအားလုံးအတွက် လိုအပ်တဲ့ Diamonds, UC, Gems တွေကို KBZPay ကနေ ဝယ်ယူလို့ ရနေပါပြီ။

KBZPay ကို ဖွင့်ပြီးတော့ GiftCard ဆိုတဲ့ Feature ထဲကို ဝင်ပြီး မိမိကစားနေတဲ့ ဂိမ်းနဲ့ပတ်သက်တဲ့ထဲကို ဝင်လိုက်ရုံနဲ့ အလွယ်တကူငွေပေးချေပြီး ဝယ်ယူလိုက်ရုံပါပဲ။ 

Mobile Legends: Bang Bang, Mobile Legends (CDKEY), Ragnarok M: Eternal Love, MU Origin 2, Steam Wallet Codes, Rules of Survival, Gerana Sheels တို့နဲ့ ပတ်သက်ပြီး ဝယ်ယူအသုံးပြုနိုင်မှာပါ။  KBZPay မှာဆိုရင် ဈေးနှုန်းချိုသာပြီး တစ်နေရာတည်းမှာပဲ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်

တာမို့လို အချိန်ကုန်သက်သာပြီး Stay Home ကာလကို မိုဘိုင်းဂိမ်းတွေကစားရင်း ပျော်ပျော်ကြီးဖြတ်သန်းရုံပါပဲ။ 

ဒါ့အပြင် KBZPay ဖောက်သည်တွေအတွက် MLBB Spin Wheel  အစီအစဉ်လည်း ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအစီအစဉ်ကို မေလ ၁၄ရက်ကစတင်ခဲ့ပြီး ၂၁ရက်အထိရှိနေမှာပါ။ Mobile Legends Diamonds တွေကို KBZPay ကနေ ဝယ်ယူနေသူတွေအနေနဲ့ တစ်ခါဝယ်ယူပြီးတိုင်း “Spin Wheel မှာကံစမ်းပါ အစီအစဉ်မှာ ပါဝင်ခွင့်ရမှာပါ။ ပထမဆုံးအကြိမ်မှာပဲ ၅၀၀၀ကျပ်ဖိုးနဲ့ အထက်ဝယ်ယူအားပေးသူတွေအနေနဲ့ကတော့ Diamond ၂၉ခု (သို့) အပိုရနိုင်ပြီး အရမ်းမိုက်တဲ့ skin တွေပါဝင်တဲ့ အခြားဆုတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါက Game Crazy အတွက် အရမ်းကိုစိတ်ဝင်စားရာကောင်းတဲ့ အစီအစဉ်ဆိုတာ သေချာပါတယ်။ ဝင်ရောက်ကံစမ်းခွင့်ရခဲ့ပြီးကံထူးခဲ့မယ်ဆိုရင်တော့ KBZPay ကနေ Voucher Code တွေကို Pop-Up messages, SMS တွေကနေတဆင့်ပေးပို့ပေးမှာဖြစ်ပြီး Mobile Legends Game ထဲမှာ ဝင်လဲရုံပါပဲ။ ဒီတော့ ကျန်းမာအောင်နေပါ။ အိမ်မှာနေပါ။ စိတ်ဝင်စားစရာကောင်းတဲ့ Game တွေနဲ့ Stay at Home မှာအချိန်ဖြုန်းရင်း KBZPay ရဲ့ အစီအစဉ်တွေမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ပြီး ဖြတ်သန်းလိုက်ကြရအောင်ပါ...


Author


က္က