Saint Sandy Htet

ကမ္ဘာတဝှမ်းမှာ အောင်မြင်ပြီး လူကြိုက်များတဲ့ K-Pop Idol တွေလည်း လှသထက်လှလာဖို့ Diet လုပ်ရတာတွေ ရှိပါတယ်။ကဲ ဒီတော့ ဘယ် K-Pop Idol တွေက ဘယ်လို Weight Loss ခဲ့သလဲဆိုတာကို ဖတ်ကြည့်ရအောင်နော်။

(၁) Bae Suzy (Form Miss A)

Suzy ရဲ့ Weight Loss Transformation ကတော့ လူပြောများခဲ့ပါတယ်။ သူမရဲ့ လက်ရှိ သွင်ပြင်ကို ရဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရပါတယ်။သူမဟာ Diet လုပ်နေစဉ်အတွင်း မနက်စာအတွက် ကြက်ရင်ပုံ၊ ငှက်ပျောသီးနဲ့ နွားနို့တို့ကိုသာ စားသုံးပါတယ်။နေ့လယ်စာအတွက်တော့ ဆန်လုံးညိုနဲ့ အသီးအရွက် အချို့ကိုသာစားသုံးပါတယ်တဲ့။ တစ်နေ့နှစ်နပ်ပဲ စားသုံးခဲ့ပါတယ်။

(၂) Soyou (From Sistar)

Soyou ကတော့ ၈ ကီလို လောက် ဝိတ်ကျဖို့ တစ်နေ့ကို ထမင်းတစ်နပ်သာ စားပါတယ်တဲ့။ အနှစ်ဖယ်ပြီးသား ငုံးဥလေးလုံးနဲ့ နို့တစ်ခွက်ကို နေ့စဉ်စားသုံးခဲ့ပါတယ်။ အစားအသောက်ပဲ လျှော့ခဲ့တာမဟုတ်ဘဲ ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းနိုင်အောင် လေ့ကျင့်ခန်းလည်း လုပ်ခဲ့ပါတယ်။ အခုတော့ Soyou ရဲ့ Body လေးက အားလုံး အားကျရလောက်အောင် လှပနေပါပြီ။

(၃) Ailee

Ailee ကတော့ တစ်လအတွင်းမှာ ၁၀ ကီလိုဂရမ်တောင် Weight loss လုပ်နိုင်ခဲ့ပါတယ်။Diet Plan အတွင်း တစ်နေ့ကို ကယ်လိုရီ ၅၀၀ သာ စားသုံးခဲ့ပြီး မနက်စာအတွက် ငှက်ပျောသီးတစ်လုံး၊ နေ့လယ်စာအတွက် ကြက်ရင်ပုံ၊ ညနေစာအတွက် အရွက်သုပ်ကိုသာ စားသုံးခဲ့ပါတယ်တဲ့။

(၄) IU

ဝိတ်ချနေတဲ့ အချိန်အတွင်း IU က ပန်းသီးတစ်လုံး၊ ကန်စွန်းဥတစ်လုံး နဲ့ Protein Shake ကိုသာ နေ့စဉ်စားသုံးပါတယ်တဲ့။ ဒီလောက် ပမာဏနည်းနည်းလေးသာ စားပေမယ့် လေ့ကျင့်ခန်းလည်း နေ့တိုင်းလုပ်ပါတယ်။ လေးရက်အတွင်း ၄ ကီလိုဂရမ်တောင် ကျသွားလို့ Fan တွေကတောင် သူမအတွက် စိတ်ပူခဲ့ရပါသေးတယ်။

သူတို့တွေဟာ ဒီလိုနည်းတွေနဲ့ ဝိတ်ချတာ ကျန်းမာရေးပျော်ရွှင်လှပတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားကြပါတယ်တဲ့။ ကျန်းမာရေးနဲ့အညီဝိတ်ချချင်ကြပြီး kpop Idol လေးတွေလို လှပချင်တဲ့သူတွေအတွက် All Kpop ကနေ ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်နော်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က