လေ့လာတွေ့ရှိမှုအသစ်တစ်ခု ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အညီနေထိုင်နိုင်တဲ့သူတွေဟာ စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးရှိတယ်ဆိုတာကို လန်ဒန်တက္ကသိုလ်တစ်ခုက သုတေသနပညာရှင်များက တွေ့ရှိခဲ့ပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ကောင်းမွန်တဲ့စားသောက်မှုပုံစံရှိကာ ဆေးလိပ်မသောက်၊ အရက်လည်း သိပ်မသောက်တဲ့သူတွေဟာ ဖြစ်သလို နေထိုင်စားသောက်သူတွေထက် စိတ်ဖောက်ပြန်နိုင်မှုအန္တရာယ် ၃၂ ရာခိုင်နှုန်းလျော့နည်းကြောင်း လန်ဒန်ရှိ Exeter တက္ကသိုလ်မှ သုတေသနပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။



မျိုးရိုးကြောင့် စိတ်ဖောက်ပြန်မှုကြောင့် မဟုတ်ဘဲ အသက်အရွယ်ရလာချိန်မှာ သူ့အလိုလို စိတ်ဖောက်ပြန်မှုတွေကို ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ခြင်းနဲ့ လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်မှု မရှိသူတွေဟာ နေထိုင်မှုပုံစံကောင်းမွန်တဲ့သူတွေထက်  ဦးနှောက်ကစဉ့်ကလျားဖြစ်နိုင်ခြေက ၃ ဆခန့် ပိုများတယ်လို့ ဆိုပါတယ်။

ယင်းလေ့လာမှုအတွက် လေ့လာဆန်းစစ်သူများက အသက် ၆၀ နှစ်နဲ့အထက် လူပေါင်း တစ်သိန်းကိုးသောင်းရဲ့ ကျန်းမာရေးအချက်အလက်မှတ်တမ်းတွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာဆိုရင် Dementia လို့ခေါ်တဲ့ စိတ်ဖောက်ပြန်မှုဟာ ကမ္ဘာတစ်ဝှမ်းမှာ အကြီးဆုံး ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ စိတ်မူမမှန်သူ ဦးရေဟာ သန်း ၅၀ ခန့်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့စာရင်းဇယားတွေအရ သိရပါတယ်။ ထိုလူဦးရေထဲက ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအတွင်းက အယ်ဇိုင်းမားရောဂါလို့ ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါဖြစ်ပွားသူများ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ စိတ်ဖောက်ပြန်မှုခံစားနေရတဲ့သူ (လူကြီးလူငယ်အားလုံး) ၅.၈ သန်းခန့် ရှိပါတယ်။ အမေရိကန်တွေကြားမှာ အယ်ဇိုင်းမားရောဂါကြောင့် သေဆုံးမှုက ဆဌမအများဆုံးတောင် ဖြစ်နေပြီဖြစ်ကြောင်း Tech Times သတင်းဌာနမှာ ရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က