အလုပ်၊ ကျောင်း၊ ကျန်းမာရေး၊ ငွေကြေး ဒါမှမဟုတ် မိသားစုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေက ညဘက်မှာ စိတ်ကိုတက်ကြွစေပြီး အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။

အခုလက်ရှိကာလမှာ လူတော်တော်များများ ပြောကြတဲ့ စကားက "အိပ်မပျော်ဘူး" ဆိုတာပါပဲ ။ ဒီလို အိပ်မပျော်သူတွေထဲမှာ အများစုက ကိုဗစ် ၁၉ရောဂါ ခံစားခဲ့ကြရပြီး ပျောက်ကင်းသက်သာသူတွေ အများစုလည်း ပါဝင်နေပါတယ်။ အရွယ်ရောက်သူတွေဟာ တစ်ညကို အနည်းဆုံး ၇နာရီလောက် အိပ်ပျော်သင့်ပြီး မဟုတ်ရင်တော့ အိပ်မပျော်ခြင်းက စိတ်ကျန်းမာရေး ၊ လူကျန်းမာရေး ၊ အလုပ်စွမ်းဆောင်ရည် နဲ့ လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။

Photo: Healthline



အိပ်မပျော်ခြင်းရဲ့ လက္ခဏာများ

- ညဘက်အိပ်ပျော်ရန်ခက်ခဲခြင်း

- ညဘက် အိပ်နေစဉ် ပြန်နိုးခြင်း

- မနက်အစောကြီး ပြန်နိုးခြင်း

- အိပ်ရေးမဝခြင်း

- နေ့ဘက် အိပ်ငိုက်ခြင်း

- စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း (သို့) စိုးရိမ်သောကဖြစ်ခြင်း

- အာရုံစိုက်ရန်ခက်ခဲခြင်း

- အဆက်မပြတ် အိပ်စက်ခြင်း

Photo: daydaynews

အိပ်မပျော်ခြင်းရဲ့ အဖြစ်များသောအကြောင်းရင်းများ

စိတ်ကျန်းမာရေးထိခိုက်ခြင်း

စိတ်ဒဏ်ရာရှိသူတွေ ၊ စိတ်ဖိစီးမှု စိုးရိမ်သောကတွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အစောကြီး နိုးတာကလည်း စိတ်ကျရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ 

ဆေးဝါးများသောက်သုံးရခြင်း

အချို့သောစိတ်ကျဆေးများ ၊ ပန်းနာရင်ကျပ် ၊ သွေးတိုးအတွက်ဆေးဝါးများ ၊ အကိုက်အခဲပျောက်ဆေးအချို့၊ ဓာတ်မတည့်ခြင်းနဲ့ အအေးမိဆေးဝါးများ ၊ အဆီကျဆေးလိုဆေး တစ်ချို့မှာ ကဖိန်းဓာတ်နဲ့ စိတ်ကြွစေတဲ့ ဓာတ်အချို့ပါဝင်တာကြောင့် အိပ်မပျော်တာ ဖြစ်စေပါတယ်။

ကျန်းမာရေးမကောင်းခြင်း

အိပ်မပျော်ခြင်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေဟာ နာတာရှည်နာကျင်ခြင်း၊ ကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အစာအိမ်ရောဂါ ၊ အဝလွန်ရောဂါ ၊ သိုင်းရွိုက်၊ ပါကင်ဆန်ရောဂါ နဲ့ အယ်လ်ဇိုင်းမားရောဂါရှိသူတွေဟာလည်း အိပ်ပျော်ဖို့ ခက်ပါတယ်။

ကဖိန်း၊ နီကိုတင်းနဲ့ အရက်

ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနဲ့ အခြား ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေဟာ စိတ်ကို တက်ကြွစေပါတယ်။ဒါကြောင့် ဒါတွေကို မွန်းလွဲပိုင်း (သို့) ညနေခင်းတွေမှာ သောက်မယ်ဆိုရင် အိပ်ပျော်ခြင်းကို တားဆီးပါတယ်။ နီကိုတင်းဓာတ်ကလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အရက်သောက်ခြင်းက အစပိုင်းမှာ အိပ်ပျော်စေနိုင်ပေမယ့် တကယ်တမ်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို အနှောင့်အယှက်ပေးပါတယ်။

စိတ်ဖိစီးမှု

အလုပ်၊ ကျောင်း၊ ကျန်းမာရေး၊ ငွေကြေး ဒါမှမဟုတ် မိသားစုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေက ညဘက်မှာ စိတ်ကိုတက်ကြွစေပြီး အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ စိတ်ဖိစီးမှုများတဲ့ ဘဝဖြစ်ရပ် ၊ ဒါမှမဟုတ် ချစ်ရသူတစ်ဦး သေဆုံးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ အိမ်ထောင်ကွဲခြင်း ၊ အလုပ်ပြုတ်ခြင်း စတဲ့ အကြောင်းရင်းတွေက အိပ်မပျော်မှုကို ဖြစ်စေပါတယ်။

Photo: FindMeCue

ခရီးသွားခြင်း (သို့) အလုပ်အချိန်ဇယား

လူတွေမှာ အိပ်စက်ခြင်းနရီဆိုတာရှိပါတယ် သူက နာရီတစ်လုံးလိုပါပဲ။ အိပ်စက်ခြင် ၊ နိုးထခြင်း ၊ ဇီဝဖြစ်ခြင်းနဲ့ ခန္ဓာကိုယ်အပူချိန်တို့လိုအရာတွေကို ပုံမှန်အတိုင်းလည်ပတ်နေဖို့ လုပ်ဆောင်ပါတယ်။ ဒါပေမယ့် ခရီးသွားတာတို့ ၊ အလုပ်လုပ်ရတာ စောတာတို့ နောက်ကျတာတို့ စတဲ့ အပြောင်းအလဲတွေနဲ့ ကြုံတဲ့အခါ အိပ်စက်ခြင်းနရီက မမှန်တော့ပါဘူး။အဲဒီအခါ အိပ်မပျော်ရောဂါ ဖြစ်လာပါတယ်။

အိပ်ချင်စိတ်ကို အနှောင့်အယှက်ပေးခြင်း

လူတစ်ယောက်က အိပ်စက်တော့မယ်ဆိုရင် အိပ်ပျော်ဖို့အတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းအစပျိုးမှု ရှိဖို့လိုပါတယ်။ အိပ်ချိန်နဲ့ နီးကပ်ပြီး တရေးအိပ်တာ ၊ အိပ်ချိန်နဲ့ကပ်ပြီး အစားစားတာ ၊ညနေစာအများကြီးစ ားတာ၊ အိပ်ခါနီးအထိ တီဗီကြည့်နေတာ ၊ ဖုန်းသုံးနေတာတွေဟာလည်း အိပ်ချင်စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

နာတာရှည် အိပ်မပျော်ခြင်းဟာ ကျန်းမာရေးအခြေအနေ ၊ သောက်သုံးနေရတဲ့ အချို့သောဆေးဝါးတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ရောဂါကုသနေချိန်မှာ အိပ်စက်မှုကို ပိုကောင်းစေပေမယ့် ရောဂါအခြေအနေတို းတက်ကောင်းမွန်လာပြီးနောက်ပိုင်းမှာ အိပ်မပျော်မှုကို ဖြစ်စေနိုင်ပါတယ်။ဒီလို နာတာရှည်အိပ်မပျော်ခြင်းတွေ အစပြုလာတဲ့အခါမှာ ကိုယ့်ရဲ့လူနေမှုပုံစံကို ပြောင်းလဲဖို့ လိုအပ်ပြီး တကယ်လို့ ဒီလိုပြောင်းလဲတာတောင်မှ မအိပ်ပျော်ဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ဆေးဝါးအကူအညီရယူသင့်ပါတယ်။

Photo: The Indian Express

အိပ်စက်ခြင်းပုံမှန်ဖို့ နေထိုင်သင့်တဲ့ လူနေမှုပုံစံ

- စနေ ၊ တနင်္ဂနွေအပါအဝင် နေ့စဉ်အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်မှန်အောင် ထိန်းပါ။

- တက်တက်ကြွကြွနေခြင်းက ကောင်းမွန်တဲ့ အိပ်စက်မှုရရှိဖို့ အထောက်အကူပြုပါတယ်။

- မိမိအိပ်မယ့် အချိန်ကို သတ်မှတ်ထားပြီး အဲဒီအချိန်အတိုင်း အိပ်ဖို့ ကြိုးစားပါ။

- ကဖိန်းဓာတ် ၊ အရက် ၊ နီကိုတင်း ကိုရှောင်ပါ။

- ညအိပ်ရာမဝင်မီ အစားစားခြင်း ၊ အချိုရည်သောက်ခြင်း ရှောင်ပါ။

- အိပ်ယာကို အိပ်ဖို့သီးသန့်သုံးပါ။ အလုပ်မလုပ်ပါနဲ့။

- ရေနွေးနဲ့ ရေချိုးပါ။

- စာဖတ်ခြင်း ဒါမှမဟုတ် နူးညံ့တဲ့ တေးဂီတနားထောင်ခြင်းလိုမျိုး စိတ်ဖြေလျော့ပြီး အနားယူထာမျိုး လုပ်ပါ။


ဆက်စပ်အကြောင်းအရာများ



က္က