COVID-19 ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ဒီရက်ပိုင်းအတွင်း အားလုံး တက်နိုင်သလောက် နေအိမ်မှာပဲနေထိုင်ကြဖို့ လိုပါတယ်။
Ye Yint Htay
Sponsored bylogo

COVID-19 ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ဒီရက်ပိုင်းအတွင်း အားလုံး တက်နိုင်သလောက် နေအိမ်မှာပဲနေထိုင်ကြဖို့ လိုပါတယ်။

အိမ်မှာနေရမယ်ဆိုတော့ မိသားစုကိစ္စတွေနဲ့ တစ်ကိုယ်ရေလိုအပ်ချက်တွေရှိလာရင် ဘယ်လိုဖြေရှင်းကြမလဲ.. အပြင်ထွက်ဝယ်ယူလို့ရနိုင်သေးတယ်ဆိုပေမယ့်လည်း ရောဂါကာကွယ်ဖို့အတွက် အိမ်အပြင်မထွက်ပဲ လူစုလူဝေးကို ရှောင်တာက အကောင်းဆုံးနည်းလမ်းပါ။ ဒီတော့ Stay at Home မှာ လိုအပ်ချက်တွေကို အိမ်အပြင်မထွက်ပဲ ဖြေရှင်းပေးနိုင်မယ့်နည်းလမ်းမျိုးတွေရှိနေမလားဆိုတာကို လေ့လာကြည့်ရအောင်။ မိုဘိုင်းဖုန်းတစ်လုံး၊ စမတ်ဖုန်းတစ်လုံး သင့်မှာ ရှိရုံနဲ့ အိပ်ခန်းထဲကနေ အားလုံးဖန်တီးယူလို့ ရနေပါပြီ။ ဒီတော့ ခေတ်မီပြီး စမတ်ကျတဲ့ နည်းပညာ ပစ္စည်းတွေ အကူအညီနဲ့ Stay at Homeကို ဖြတ်သန်းရမယ့်နည်းလမ်းတွေကို ရှာကြည့်ကြရအောင်…

အွန်လိုင်းကသီချင်းတွေနားထောင်ကြမယ်

ဒီရက်ပိုင်းတွေအပြင်ထွက်မကဲရပဲ အိမ်ထဲမှာပဲ အကြာကြီးနေရမှာဆိုတော့ ပျင်းစရာကောင်းတယ်လို့တွေးနေကြမှာပါ။ အိမ်အပြင်မထွက်ရပေမယ့် အိမ်ထဲမှာပဲ ပျော်ရွှင်မှုကို ရှာဖွေလို့ရပါသေးတယ်။ အွန်လိုင်းကနေ သီချင်းတွေနားထောင်ပြီးအချိန်ဖြုန်းနိုင်ပါတယ်။ Joox Application နဲ့ Tay Than Thar Application တို့လို ဂီတအမျိုးအစားစုံလင်ပြီး သီချင်းတွေကို တစ်နေရာထဲမှာ တစုတစည်းတည်း နားထောင်လို့ရတဲ့ App မျိုးက သင့်ရဲ့ပျော်ရွှင်မှုကို ရှာဖွေပေးနိုင်မှာပါ။ ဒီလိုအချိန်မှာတော့ Jooxတို့ Tay Than Thar တို့မှာ ပရီမီယံ ဝန်ဆောင်မှု upgrade လုပ်ပြီး နားထောင်သင့်တယ်နော်။ ငွေပေးချေဖို့ KBZPay သင့်ဖုန်းထဲမှာ ရှိနေဖို့ပဲ လိုတာပါ။

Game ဆော့ကြမလား 

အချိန်အကြာကြီး ဂိမ်းဆော့တာက မကောင်းဘူးဆိုပေမယ့် ဒီလိုရက်တွေမှာတော့ ဂိမ်းနည်းနည်းပါးပါး ဆော့သင့်တယ်မဟုတ်လား။ နာရီအနည်းငယ် ဂိမ်းဆော့ခြင်းက ဂိမ်းတွေကို သင့်ကို အိမ်ထဲမှာပျင်းရိနေခြင်းကနေ ကယ်တင်ပေးနိုင်ပါလိမ့်မယ်။ Mobile Legends, Ragnarok M, MU Origin, Steam Wallet Codes, Rules of Survival, Garena Shells စတဲ့ ဂိမ်းအမျိုးအစား ကိုယ်နှစ်သက်တဲ့တစ်ခုကိုသာ ရွေးလိုက်ပါ။ ဂိမ်းထဲမှာ လိုအပ်တဲ့ gemsတွေ၊ diamonds တွေဝယ်ဖို့လည်း KBZPay ရှိပါတယ်။ Game တွေက စိတ်ဝင်စားစရာကောင်းပြီး အပျင်းပြေစေမှာပါ။

စားစရာမှာစားမလား

အိမ်ထဲမှာနေတာက COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ပေးပါတယ်။ အာဟာရပြည့်ဝအောင် စားသောက်ပြီး ကိုယ်ခံအားကောင်းမွန်ခြင်းကလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစားအသောက်တွေက ရရှိနိုင်မယ့် ပရိုတင်းဓာတ်တွေ ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့လို အာဟာရဓာတ်တွေက ကိုယ်ခံအားကောင်းအောင်မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် Food Delivery ကနေ အလွယ်တကူမှာယူစားသုံးနိုင်တဲ့ ကြက်ကြော်၊ ပီဇာ၊ ကြေးအိုး၊ သစ်သီးဖျော်ရည်တွေက ကိုယ်ခံအားကောင်းစေမှာပါ။ အစားအသောက်တွေကို food2U လို App ကနေ အလွယ်တကူမှာယူနိုင်ပြီး KBZ Pay နဲ့ငွေရှင်းနိုင်ပါတယ်။ 

 အလှူလုပ်ကြမယ်/ ချစ်ရသူတွေကို မုန့်ဖိုးပေးမယ်

အခုဆိုရင် COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အိမ်ကနေပြီး ကိုယ်တတ်နိုင်သလောက် အလှူအတန်းလေးတွေကို အွန်လိုင်းကတဆင့်လုပ်လို့ရနေပါပြီ။ KBZ Pay သုံးပြီးတော့ We Love Yangon COVID-19 Fund ကနေတဆင့်လှူလို့ရပါတယ်..ဗိုင်းရပ်စ်ကိုကာကွယ်ဖို့ ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အလုပ်အကိုင်ထိခိုက်လို့ စားဝတ်နေရေးခက်ခဲနေတဲ့သူတွေကို လှူဒါန်းရတာကလည်း စိတ်ကြည်နူးစေပြီး ပိုနေပျော်လာစေမှာပါ.ဒါ့အပြင် ကိုယ့်မိသားစုနဲ့ချစ်ခင်ကြသူတွေအတွက်လည်း KBZPay ကနေ ချစ်ရသူတွေကိုလက်ဆောင်တွေပေးနိုင်ပါတယ်နော်.

အိမ်အပြင်မထွက်ပဲ ဘေလ်ဆောင်ကြမယ်/လက်ဆောင်တွေပေးမယ်

အိမ်ထဲကနေ အွန်လိုင်းသုံးပြီးနောက်ထပ်လုပ်နိုင်တဲ့အရာတွေအများကြီးရှိပါသေးတယ်။ လူစုလူဝေးကို ရှောင်ကြဉ်ရမယ့်ကာလမျိုးမှာ မီတာဆောင်တာ၊ YCDC အခွန်တွေဆောင်တာ၊ ဖုန်းငွေဖြည့်ကတ်ဝယ်တာမျိုးတွေကို ဘယ်သူမှ ကိုယ်တိုင်လုပ်ချင်မှာမဟုတ်ပါဘူး။ ဒီပြဿနာတွေကိုလည်း အင်တာနက်သုံးပြီးဖြေရှင်းနိုင်ပါတယ်။ KBZ Pay လို Application မျိုးသုံးပြီး မီတာဆောင်တာ၊YCDC အခွန်တွေဆောင်တာ၊ ဖုန်းငွေဖြည့်တာတွေလုပ်နိုင်ပါတယ်။ 

ဈေးဝယ်မလား

အိမ်ရှင်မတွေရော ဒီကာလမှာ လူစုလူဝေးရှိတဲ့ ဈေးထဲကို ဈေးသွားမဝယ်ရဲလို့စိတ်ညစ်နေလား။ အိမ်အပြင်ငမထွက်ပဲ အွန်လိုင်းကနေဈေးဝယ်လို့ရပါတယ်။ ဒီလိုအချိန်မှာ KBZPay သုံးမယ်ဆိုရင် https://web.facebook.com/sunny.estore/ ကနေ လူသုံးနဲ့အိမ်သုံးကုန်ပစ္စည်းမျိုးစုံကို ၄၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ဝယ်ယူရရှိနိုင်မှာပါ။

ပိုက်ဆံကိုင်မသုံးချင်ဘူး

COVID-19 ဗိုင်းရပ်စ် ဟာ လူအချင်းချင်းထိတွေ့ဆက်ဆံမှုကနေကူးစက်နိုင်သလို အရာဝတ္ထုပစ္စည်းတွေ ဖလှယ်ရာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အွန်လိုင်းကနေ ကုန်ပစ္စည်းတွေမှာယူမယ်ဆိုရင်တောင် ငွေရှင်းတဲ့အခါ ပိုက်ဆံကနေတဆင့် ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ကိုစိုးရိမ်ရပါသေးတယ်။ ဒီတော့ အွန်လိုင်း payment တွေကိုသုံးပြီးငွေရှင်းတာက အကောင်းဆုံးဖြစ်မှာပါ။ အွန်လိုင်းကနေ ငွေပေးချေမယ်ဆိုရင်တော့ သင့်ရဲ့တစ်နေ့တာလိုအပ်ချက်တွေအားလုံးကို လုံခြုံစိတ်ချစွာဖြေရှင်းပေးနိုင်တဲ့ KBZPay ကိုအသုံးပြုတာကစိတ်ချမ်းသာစေမယ်လို့ အကြံပြုချင်ပါတယ်။  

KBZPay နဲ့ COVID-19

COVID-19 ရောဂါကာကွယ်ဖို့အတွက် တစ်နိုင်ငံလုံးက ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာ KBZPayကလည်း အိမ်မှာနေပြီး သတင်းအချက်အလက်တွေနဲ့ Stay at Home ကာလကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ဖို့ သုံးစွဲသူတွေကို ကူညီပေးဖို့ကြိုးစားထားပါတယ်။ သင့်ရဲ့Mobile ဖုန်းထဲမှာ KBZPay App ရှိရုံနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ရောဂါကူးစက်မှုနောက်ဆုံးရသတင်းတွေကိုဖတ်ရှုနိုင်မှာဖြစ်သလို ရောဂါအခြေအနေတွေနဲ့ပတ်သက်ပြီး အရေးပေါ်ဆက်သွယ်ရမယ့် Hot Line ဖုန်းနံပါတ်တွေ၊ KBZPay မှာလုပ်ဆောင်နိုင်တဲ့ကဏ္ဍတွေကိုတစုတည်းတည်းရယူနိုင်မယ့် COVID-19 ဆိုတဲ့ ကဏ္ဍသစ်တစ်ခုကို ဖန်တီးထားပါတယ်။ ဖုန်းထဲမှာ KBZPay ရှိနေရုံနဲ့ ကိုယ်နဲ့ကိုယ့်မိသားစုကိုကာကွယ်နိုင်ဖို့အချက်အလက်တွေနဲ့ မိသားစုအတွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ 


Author


က္က