• Lifestyle
    ကိုယ်ရည်ကိုယ်သွေးထက်မြက်သူတို့ရဲ့ စရိုက်လက္ခဏာများ
Thiha Htun

ကျွန်တော်တို့ဘဝမှာ ကိုယ်ရည်ကိုယ်သွေးမျိုးစုံ၊ စိတ်နေစိတ်ထားမျိုးစုံရှိတဲ့ လူမျိုးစုံနဲ့ တွေ့ဖူးကြုံဖူးကြမှာပါ။ တချို့က စိတ်ထားကောင်းမယ်။ ဉာဏ်ကောင်းမယ်။ တချို့ကစိတ်ထားပုပ်မယ်။ ပျော့ညံ့မယ်။ အကောင်းမြင်တတ်မယ်။ အဆိုးမြင်တတ်မယ်။ အစရှိသဖြင့် တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် အားလုံးထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်တဲ့သူတွေပါပဲ။

gent.jpg 

ကိုယ်ရည်ကိုယ်သွေးထက်မြက်တဲ့သူတွေဆိုတာ ဘယ်လိုလူမျိုးတွေလဲ။ အလုပ်ကြိုးစားမယ်။ ဆရာကျမယ်။ အရာရာတိုင်းမှာ တက်တက်ကြွကြွလုပ်ဆောင်မယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမယ်။ ဒါပေမယ့် နေရာတိုင်းမှာ ဆရာကျတိုင်း၊ အလောတကြီး လုပ်ကိုင်တတ်တိုင်း ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါဆိုရင် ဘယ်လိုလူစားမျိုးကို ကိုယ်ရည်ကိုယ်သွေး ထက်မြက်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါသလဲ။ ကိုယ်ရည်ကိုယ်သွေးထက်မြက်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့...

၁။ ရွေးချယ်တတ်တယ်

entrepreneur-593372_640.jpg 

ခင်ဗျားကတော့ ဒါကိုလွယ်လွယ်လေးလို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် ဘဝဆိုုတာ ရွေးချယ်မှုတွေနဲ့ အဲဒီရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကြောင့် တည်ရှိနေရတာပါ။ ဘဝမှာ အလုပ်အကိုင်၊ သမီးရည်းစားဆက်ဆံရေး၊ ပညာရေး အစရှိတဲ့ ရွေးချယ်စရာတွေ အများအပြားကြုံလာတိုင်း ရွေးချယ်ရခက်ခဲခြင်း ပြဿနာနဲ့လည်း ကြုံလာရနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးကတော့ ပညာဉာဏ်ရှိရှိနဲ့ ရွေးချယ်တတ်တာပါပဲ။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့ လူတွေကတော့ သူတို့အတွက်အကောင်းဆုံးကို ရွေးချယ်တတ်ပြီး သူတို့ဘာကို လုပ်နိုင်ကိုင်နိုင်လဲ ဆိုတာကိုလည်း သဘောပေါက် နားလည်ထားကြပါတယ်။

၂။ နားထောင်သူကောင်းတွေ ဖြစ်ကြပါတယ်

tim-gouw-79563.jpg 

ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သူတွေဟာ နားထောင်သူကောင်းတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ လူတွေရဲ့စကားပြောလိုတဲ့ ဆန္ဒကို နားလည်ပြီး ကောင်းကောင်းနားထောင်ပေးတတ်ကြပါတယ်။ သူများတွေရဲ့ပြဿနာတွေကို ဝေမျှခံစားပေးတတ်သလို အကြံဉာဏ်ကောင်းတွေကိုလည်း ပေးတတ်ကြပါတယ်။ အကောင်းဆုံးအချက်ကတော့ သူတို့ဟာ သူများတွေရဲ့အမှားတွေကပါ သင်ခန်းစာ ယူနိုင်တာပဲဖြစ်ပါတယ်။

၃။ ဆင်ခြေပေးခြင်းကို သည်းမခံနိုင်ကြပါဘူး

ကိုယ်ရည်ကိုယ်သွေးထက်မြက်ကောင်းမွန်သူဆိုတာ အရာရာတိုင်းမှာတိကျသေချာသူတစ်ဦးလို့လည်း အဓိပ္ပာယ်ရပါတယ်။ သူတို့ဟာ အခြေအမြစ်မရှိတဲ့ ဆင်ခြေတွေကို သည်းမခံနိုင်ကြသလို ကိုယ်တိုင်လည်း ဆင်ခြေမပေးတတ်ပါဘူး။ အလုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပြီး အမှားအယွင်းတွေရှိခဲ့ရင်လည်း အဲဒါနဲ့ပတ်သက်သမျှကို အပြည့်အဝတာဝန်ယူနိုင်ကြပါတယ်။ သူတို့ကို လုပ်ဆောင်မှုပဓာနဝါဒီသမားတွေလို့ သမုတ်လို့လည်း ရပါတယ်။

၄။ ယုတ္တိမရှိတဲ့အကြောက်တရားတွေ ကင်းမဲ့တယ်

paul-green-38404.jpg 

ထစ်ခနဲရှိ ကျွတ်ကျဲနေတတ်တဲ့လူတွေထဲမှာ သူတို့မပါ ပါဘူး။ ဒါကြောင့် သူဌေးသောဘာသော နားမလည်ဘဲ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ကိုမဆို ပြန်ပြောရဲကြသူတွေလည်း ဖြစ်ပါတယ်။ နောက်ပြီး ကြောက်စရာကိစ္စတွေ ကြုံလာပြီဆိုရင်လည်း ငြိမ်ခံနေမယ့်အစား ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို တစိုက်မတ်မတ်ရှာဖွေတတ်ကြပါတယ်။ ဒါကြောင့် ခင်ဗျားကိုယ်တိုင်လည်း နောက်တစ်ခါ ခက်ခဲတဲ့ အရာတစ်ခုခုနဲ့ ရင်ဆိုင်ရရင် ညည်းညူနေမယ့်အစား ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာဖွေပြီး ဖြေရှင်းလိုက်ပါ။

၅။ လက်ခုပ်သံတွေမလိုအပ်ဘူး

ကိုယ်ရည်ကိုယ်သွေးထက်မြက်သူူတွေမှာ လက်ခုပ်သံတွေကို မျှော်လင့်တောင်းတနေဖို့ အချိန်မရှိပါဘူး။ သူတို့အကောင်းဆုံး လုပ်နိုင်လာတဲ့တစ်နေ့မှာ လက်ခုပ်သံတွေ အလိုလိုရောက်လာလိမ့်မယ်ဆိုတာကို ယုံကြည်ထားကြသူတွေလည်း ဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်မှုက စကားလုံးတွေထက် ပိုမိုထိရောက်တယ်လို့ ယုံကြည်ထားကြတဲ့အတွက် တစ်ခုခုဆို ထုတ်ပြောမယ့်အစား လက်တွေ့ချလုပ်လိုက်ကြတာများပါတယ်။

Source: youngisthan


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us