• Lifestyle
    အရပ်ရှည်လိုသူတွေအတွက် မရှိမဖြစ် ဗိုက်တာမင် (၄) မျိုး
Thiha Htun

အရပ်ပုနေလို့ဆိုပြီး မိမိရဲ့မျိုးရိုးဗီဇကိုပဲ အပြစ်တင်မနေပါနဲ့ဦး။ လူတစ်ယောက် အရပ်ရှည်ခြင်း၊ အရပ်ပုခြင်းဆိုတာ မျိုးရိုးဗီဇနဲ့တင် မကဘဲ နေ့စဉ်စားသုံးတဲ့ အာဟာရတို့၊ ဗိုက်တာမင်တို့နဲ့လည်း သက်ဆိုင်နေပါတယ်။

Screen-Shot-2016-04-14-at-10.35.55-PM.jpg 

လူတစ်ယောက်ဟာ အရပ်ရှည်ချင်တယ်ဆိုရင် အရိုးတွေ ကျန်းမာကြံ့ခိုင်နေဖို့ လိုတဲ့အတွက် လိုအပ်တဲ့ အာဟာရတွေ၊ ဗိုက်တာမင်တွေကို ဖြည့်ဆည်းပေးဖို့လည်း လိုပါတယ်။ အရပ်ရှည်ဖို့အတွက် လိုအပ်တဲ့ ဗိုက်တာမင်တွေကတော့....

၁။ ဗိုက်တာမင် ဒီ

vitamin-D.jpg 

ဗိုက်တာမင် ဒီဟာ အရိုးတွေကို သန်မာစေပြီး ရှည်လျားစေတဲ့ အရေးပါတဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဗိုက်တာမင် ဒီ လုံလုံလောက်လောက် မရဘူးဆိုရင် အရိုးတွေ၊ သွားတွေ ကျိုးဖို့ ပိုလွယ်လာပါလိမ့်မယ်။ နေရောင်ခြည်ဟာလည်း ဗိုက်တာမင် ဒီပြည့်ဝစေတဲ့ ရင်းမြစ်တစ်မျိုးဖြစ်ပါတယ်။

နွားနို့၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ အာလူးနဲ့ ပန်းဂေါ်ဖီတို့ဟာ ဗိုက်တာမင် ဒီ ပြည့်ဝစေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဗိုက်တာမင် ဒီဟာ အရိုးတွေကိုသန်မာစေပြီး အရပ်ရှည်စေတဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။

၂။ ဗိုက်တာမင် ဘီဝမ်း

vitamin-B1.jpg 

ဒီ ဗိုက်တာမင်ကတော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရေးမှာ ထောက်ကူပေးနိုင်တဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ အစာခြေလုပ်ငန်းထိန်းညှိရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ဗိုက်တာမင် ဘီဝမ်းဟာ နှလုံးကျန်းမာရေးနဲ့ အာရုံကြောစနစ် ကောင်းမွန်ရေးအတွက်လည်း ထိန်းညှိပေးပါတယ်။

နှလုံးနဲ့ အာရုံကြောကောင်းမွန်တော့ ကိုယ်တွင်းကလီစာတွေကို သွေးထောက်ပံ့မှု လုံလောက်စွာပေးနိုင်ပြီး ခန္ဓာကိုယ်ကို ဖွံ့ဖြိုးကြီးထွားစေပါတယ်။ ဗိုက်တာမင် ဘီဝမ်းပါဝင်တဲ့ အစားအစာတွေဟာ ထမင်းဖြူ၊ မြေပဲ၊ ဝက်သားနဲ့ ပဲပုပ်တို့ပဲ ဖြစ်ပါတယ်။

ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲလမ်းလမ်းကြည့်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင် 

၃။ ဗိုက်တာမင် ဘီတူး

vitamin-B2-Riboflavin.jpg 

Riboflavin လို့လည်း လူသိများတဲ့ ဗိုက်တာမင် ဘီတူးဟာ အရပ်ရှည်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်တစ်မျိုးပါပဲ။ ၎င်းဟာ အရိုး၊ ဆံပင်၊ အရေပြားနဲ့ လက်သည်း၊ ခြေသည်းတွေ ဖွံ့ဖြိုးရေးကို ထောက်ကူပေးနိုင်ပါတယ်။ ဗိုက်တာမင် ဘီတူးကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကြက်ဥ၊ ဘဲဥ၊ ငါး၊ နွားနို့နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ပဲ ဖြစ်ပါတယ်။

၄။ ဗိုက်တာမင် စီ

vitamin-C-ascorbic-acid1.jpg 

Ascorbi acid လု့ိလည်းသိထားကြတဲ့ ဗိုက်တာမင် စီကတော့ အရိုးနဲ့သွားတွေကို ခိုင်မာစေပြီး ကြီးထွားမှုကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ Antioxidant ကြွယ်ဝတဲ့အတွက် နာဖျားရောဂါတွေကိုလည်း ကာကွယ်ပေးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ခန္ဓာကိုယ်ကြီးထွားစေမယ့် အခွင့်အလမ်းတွေကိုလည်း ပိုများစေပါတယ်။ ဗိုက်တာမင် စီကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ခရမ်းချဉ်သီး၊ အာလူး၊ သံပုရာသီးနဲ့ ဘယ်ရီသီးတွေပဲ ဖြစ်ပါတယ်။

Source: stylecraze

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us