• Lifestyle
    ဘဝမှာ အောင်မြင်မှုရရှိစေဖို့ ဥပဒေသ (၅) ရပ်
Thiha Htun

ဘဝမှာ ရှုံးနိမ့်ချင်တဲ့သူ တစ်ယောက်မှ မရှိပါဘူးနော်။ ဘဝမှာ အောင်မြင်မှုကို လိုချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် ဘဝမှာ တကယ်တမ်းအောင်မြင်သွားတဲ့သူဆိုတာ အလွန်ရှားပါတယ်။ ကျန်တဲ့သူတွေကတော့ လက်ရှိဘဝမှာပဲ ဒုံရင်းဒုံရင်းနဲ့ ဆက်ကျန်နေခဲ့ရတာပါပဲ။ ဒါဟာ ဘာကြောင့်များပါလဲ။

businessman_PNG6583.jpg 

အဲဒီလို အောင်မြင်မှုမရတာဟာ ကြိုးစားအားထုတ်မှု မရှိလို့မဟုတ်ပါဘူး။ ကြိုးစားအားထုတ်ပုံ မမှန်လို့ဖြစ်တာပါ။ အောက်မှာဖော်ပြထားတာကတော့ အောင်မြင်မှုရရှိစေဖို့အတွက် လိုက်နာရမယ့် ဥပဒေသ (၅) ရပ်ပါပဲ။

၁။ မိမိရဲ့ comfort zone ကိုု စွန့်ခွာရမယ်

image.jpg 

Comfort Zone ဆိုတာ မိမိအဆင်ပြေပြေ သက်တောင့်သက်သာရှိနေတဲ့ နေရာတစ်ခုကို ဆိုလိုပါတယ်။ လူတိုင်းမှာ အဲဒီလို နေရာလေးတစ်နေရာတော့ ရှိတာပါပဲ။ ဥပမာ လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ့်အတွက်လုပ်ရကိုင်ရတာ သက်တောင့်သက်သာ ရှိမယ်။ တက်လမ်းမရှိပေမယ့် လုပ်ရကိုင်ရအဆင်ပြေနေမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေနေမယ်ဆိုရင် ကိုယ့်အတွက် comfort zone ပါပဲ။

လက်ရှိရထားတဲ့ အဆင်ပြေမှုလေးတွေကိုမက်ပြီး မိမိအတွက် တက်လမ်းရှိမယ့် အခွင့်အရေးမရှာဖွေရဲဘူးဆိုရင် အောင်မြင်မှုက မိမိနဲ့အလှမ်းကွာနေဦးမှာပါ။ ဒါကြောင့် ဘဝမှာအောင်မြင်ချင်ရင်တော့ comfort zone ကို စွန့်ခွာရဲရပါမယ်။

၂။ ခက်ခဲတဲ့ အချိန်တစ်ခုကို တောင့်ခံနိုင်အောင် ကြိုးစားရမယ်

leader.jpg 

လူတိုင်း၊ လူတိုင်းမှာ ခက်ခဲတဲ့အချိန်တစ်ခုဆိုတာကိုတော့ ကြုံဖူးကြမှာပါပဲ။ အလုပ်ပြုတ်တာဖြစ်ချင်ဖြစ်မယ်။ အလုပ်ထဲမှာ အထက်လူကြီးက အသေထောင်း၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း အကူအညီ မပေးတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ သေချာတာ တစ်ခုကတော့ အောင်မြင်သူတိုင်းဟာ အောင်မြင်မှုကို လွယ်လွယ်နဲ့ ရရှိခဲ့ကြတာ မဟုတ်ဘူးဆိုတာပါပဲ။

အောင်မြင်သူတွေဟာ အောင်မြင်မှုကို ရရှိဖို့အတွက် ကျားကုတ်ကျားခဲကြိုးပမ်းရသလို ခက်ခဲတဲ့အခြေအနေတစ်ခုကိုလည်း အားတင်းပြီး တောင့်ခံခဲ့ကြရတာပါပဲ။ ဒါကြောင့် အောင်မြင်သူတစ်ဦးဖြစ်ချင်ရင်တော့ ဘဝရဲ့အခက်အခဲတွေကို မားမားမတ်မတ် ရင်ဆိုင်ရဲရပါမယ်။

တရုတ်နိုင်ငံမှာ ရုံးတစ်ရုံး ဖွင့်လှစ်သွားဖို့Facebook ကြိုးပမ်းနေ 

၃။ မိမိအပေါ်ယုံကြည်မှု မရှိသူတွေကို စွန့်ခွာရမယ်

အောင်မြင်ရေးဆီ သွားတဲ့လမ်းကြောင်းမှာ ကြီးမားတဲ့အနှောင့်အယှက်ကို ပေးနိုင်တာကတော့ ကိုယ့်အပေါ် ယုံကြည်မှုမရှိတဲ့ သူတွေပါပဲ။ သူတို့ဟာ ကိုယ့်ကို အထောက်အကူမပေးနိုင်တဲ့အပြင် ကိုယ့်မှာ ရှိပြီးသား ယုံကြည်မှုလေးကိုတောင် ပြိုလဲသွားအောင် ပြုလုပ်ပါလိမ့်မယ်။ ဒီလိုလူမျိုးတွေဟာလည်း ကိုယ့်အနားမှာ ကြာကြာမနေနိုင်ပါဘူး။ ကိုယ့်အပေါ် ယုံကြည်မှုမရှိတဲ့အတွက် တစ်နေ့မှာ အနားက ထွက်သွားမှာပါပဲ။ ဒီတော့ သူတို့ထွက်မသွားခင် ကိုယ်ကပဲ ဦးအောင်အရင်စွန့်ခွာခဲ့လိုက်ပါ။

၄။ အိပ်ပျက်ညတွေကို ရင်ဆိုင်ရမယ်

burn-out.jpg 

အောင်မြင်မှုကို လိုချင်ရင် ပင်ပန်းဆင်းရဲမှုတွေကို ကြုံရမယ်ဆိုတာတော့ အသေအချာပါပဲ။ အိပ်ရေးပျက်ခံပြီး အလုပ်လုပ်ရတဲ့ ညတွေရှိလာမယ်။ အိပ်ရေးပျက်ခံပြီး မိမိရဲ့လုပ်ရည်ကိုင်ရည် တိုးတက်လာအောင် လုပ်ရမယ့် ညတွေရှိလာမယ်။ သေချာတာ ကတော့ အောင်မြင်မှုကို ပိုင်ဆိုင်လိုသူတစ်ဦးဆိုတာ ဒါတွေကို ကြောက်နေလို့မရဘူး ဆိုတာပါပဲ။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် အပြည့်အဝထားရမယ်

business_success.jpg 

အောင်မြင်မှုအတွက် အရေးအကြီးဆုံးကတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုပါပဲ။ မိမိကိုယ်ကိုယ်မှ မိမိ မယုံကြည်ရင် ဘယ်သူကလာပြီး ယုံကြည်မှာလဲ။ နောက်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုဆိုတာ အောင်မြင်ရေးအတွက် အလွန်အရေးပါတဲ့ တခြားအရာတွေ ဖြစ်လာစေဖို့အတွက်လည်း အဓိကနေရာကပါဝင်နေပါတယ်။

ဥပမာ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိမှ အောင်မြင်မှုရဖို့ လိုအပ်တဲ့ skill တွေကို လေ့လာနိုင်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိမှ အောင်မြင်မှုအတွက် အခွင့်အလမ်းတွေကို ရှာဖွေဖမ်းဆုပ်နိုင်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း အရေးကြီးတာ အမှန်ပါပဲ။

Source: Internet

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us