• Lifestyle
    ဝန်ထမ်းအလုပ်ကို ညည်းငွေ့နေသူများအတွက် ထူးထူးခြားခြားအလုပ်အကိုင်များ
Thiha Htun

မနက် (၉) နာရီ ရုံးရောက်၊ ညနေ (၅) နာရီ ရုံးဆင်းရတဲ့ ပုံမှန်ရုံးဝန်ထမ်းအလုပ်ကို စိတ်ကုန်နေပြီလား။ MLM ဆွယ်မလို့မဟုတ်သလို ကိုယ်ပိုင်လုပ်ငန်း ထောင်ခိုင်းမလို့လည်း မဟုတ်ပါဘူး။ ပုံမှန်ရုံးတက်စရာမလိုဘဲ ဝင်ငွေကောင်းကောင်း ရရှိနိုင်တဲ့ ထူးထူးခြားခြား အလုပ်အကိုင်တွေလည်း ရှိနေပါသေးတယ်။

၁။ ပရော်ဖက်ရှင်နယ် သတို့သမီးအရန်

Convertible-Bridemaid Dresses-1.jpg 

မင်္ဂလာပွဲတွေမှာ လှလှပပလေး ဝတ်ဆင်ရတာကို နှစ်သက်ပြီး မင်္ဂလာပွဲစင်မြင့်ပေါ်မှာ ပြုံးပြုံးလေး ထိုင်နေနိုင်သူ၊ ပြဿနာတွေကြားမှာ ခေါင်းကို အေးအေးထားနိုင်သူဆိုရင် အခကြေးငွေယူပြီး သတို့သမီးအရန်အဖြစ် ပရော်ဖက်ရှင်နယ် တစ်ယောက်လို အလုပ်လုပ်ကိုင်နိုင်ပါတယ်။ သူတို့ရဲ့ဝင်ငွေက ပွဲတစ်ပွဲကို ဒေါ်လာ (၃၀၀) နဲ့ (၂၀၀၀) ကြားမှာရှိပါတယ်။

၂။ သေမှုသေခင်း သန့်ရှင်းရေးဝန်ထမ်း

လူသတ်မှုဖြစ်ထားတဲ့နေရာ၊ သေမှုသေခင်းတစ်နေရာကို သန့်ရှင်းရေးလုပ်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ သဲလွန်စတွေ မပျောက်ပျက်အောင် သေချာကိုင်တွယ်ပြီးမှ လုပ်ရတာဖြစ်တဲ့အတွက် ကျွမ်းကျင်သူတွေပဲ လုပ်နိုင်မှာပါ။ သူတို့ရဲ့ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ (၂၅၀၀၀) ကျော်ပါတယ်။

၃။ လူသေအလောင်း ဆေးစီရင်သူ

article-2223708-15B3D952000005DC-409_634x418.jpg 

လူတော်တော်များများက ကွယ်လွန်သူတွေရဲ့ ခန္ဓာကိုယ်ကို မကိုင်တွယ်လိုကြပါဘူး။ တကယ်လို့ ခင်ဗျားက အယူမသီးတတ်သူ၊ သေဆုံးပြီးလူတွေရဲ့ ခန္ဓာကိုယ်ကို ကိုင်တွယ်ရမှာ မကြောက်ရွံ့တတ်ဘူးဆိုရင် ဒီအလုပ်က ခင်ဗျားအတွက်ပါပဲ။ ဝင်ငွေကတော့ တစ်ပတ်ကို ဒေါ်လာ (၁၀၀၀) လောက်ရပါတယ်။

See also 

၄။ ပရော်ဖက်ရှင်နယ် အအိပ်သမား

ဟိုတယ်တွေမှာ အိပ်ယာတွေ သက်တောင့်သက်သာရှိမရှိ စမ်းသပ်ဖို့နဲ့ သိပ္ပံနည်းကျ သုတေသနတွေမှာ ပါဝင်ပေးဖို့အတွက် အိပ်စက်ပေးရတာပါ။ ဒီလိုလုပ်ပေးတဲ့အတွက် သူတို့ဟာ တစ်နှစ်ကို ဒေါ်လာ (၃၀၀၀၀) ကျော် ရရှိပါတယ်။

၅။ ဘီယာအရသာ စမ်းသပ်သူ

o-FRIENDS-facebook.jpg 

တစ်နေ့ကို ဘီယာလေးတစ်ခွက်လောက်မှ မသောက်လိုက်ရရင် မနေနိုင်ပါဘူးဆိုသူတွေနဲ့ ဘီယာအရသာအမျိုးမျိုးကို ခွဲခြမ်းစိတ်ကျနိုင်လောက်အောင် ဘီယာအရမ်းသောက်သူတွေဟာ ဒီအလုပ်နဲ့ အသင့်တော်ဆုံးပါပဲ။ သူ့ရဲ့ဝင်ငွေကတော့ တစ်လကို ဒေါ်လာ (၄၂၀၀၀) ရှိပါတယ်။

၆။ Ethical hacker

တကယ်လို့ ခင်ဗျားဟာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်မျိုးမလုပ်ချင်ဘူးဆိုရင် စီးပွားရေးလုပ်ငန်းတွေရဲ့ ကွန်ရက်လုံခြုံရေး၊ ဝက်ဘ်ဆိုဒ်လုံခြုံရေးကို စစ်ဆေးပေးရသူ၊ ယိုပေါက်ကို မသမာသူတွေမတွေ့ရှိခင် ဦးအောင်ရှာဖွေပေးနိုင်သူတစ်ဦးဆိုရင် Ethical hacker အဖြစ် လုပ်ကိုင်နိုင်ပါတယ်။ သူ့ရဲ့ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ (၇၅၀၀၀) ဝန်းကျင်ရှိပါတယ်။

၇။ အစားအစာ စမ်းသပ်သူ

02-fatty-liver-disease-binge-eat.jpg 

အသစ်ထုတ်လုပ်ဖြန့်ချီမယ့် အစားအစာတွေ၊ menu အသစ်တွေကို အရသာကောင်းမကောင်း၊ အားနည်းချက်ရှိမရှိ စမ်းသပ်စစ်ဆေးပေးရတာပါ။ အစားအစာနှစ်သက်သူတွေအတွက်တော့ ဒီထက် ကောင်းတဲ့အလုပ် မရှိတော့ပါဘူး။ အဲဒီလို စမ်းသပ်ပေးတဲ့အတွက် တစ်နှစ်ကို ဒေါ်လာ (၅၆၀၀၀) ဝင်ငွေရရှိပါသေးသတဲ့။

Source: Dailyinfographic

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us