• Lifestyle
    နေ့စဉ်ဘဝအတွက် အသုံးတည့် YouTube ဗွီဒီယိုများ
Phyo Min Thant

Hot Data Pack 1.jpg 

YouTube ဆိုတဲ့ကမ္ဘာ့အကြီးဆုံးဗွီဒီယိုမျှဝေရေးဝက်ဘ်ဆိုက်ဒ်ကြီးဟာ MTV တွေကြည့်ဖို့၊ ဟာသနဲ့ ဘောလုံးပွဲဟိုက်လိုက် တွေကြည့်ဖို့ စတဲ့ဖျော်ဖြေရေးအတွက်အသုံးချရုံသက်သက်မဟုတ်ပါဘူး။ နေ့စဉ်ဘဝအတွက် လက်တွေ့အသုံးတည့်တဲ့ ဗွီဒီယိုတွေလည်း YouTube မှာအများကြီးရှိပါတယ်။ YouTube ဗွီဒီယိုတွေကနေ လက်တွေ့အကျိုးရှိအောင်လေ့လာနိုင် မယ့်နည်းလမ်းအချို့ကိုဖော်ပြပေးပါရစေ။

(၁) ချက်နည်း၊ပြုတ်နည်း

YouTube မှာ ဟင်းချက်နည်းဗွီဒီယိုတွေအများကြီးပါပဲ။ ကိုယ်နဲ့ရင်းနှီးတဲ့ ချိုချဉ်ကြော်၊ ကုန်းဘောင်ကြီးကြော် တို့လို ဟင်းလျာတွေချက်ပြုတ်နည်းကနေ အနောက်တိုင်းအစားအစာတွေနဲ့မုန့်အချိုပွဲတွေပြုလုပ်နည်းအထိအစုံရှိပါတယ်။ ကိုယ် ချက်၊ပြုတ်ချင်တဲ့ဟင်းလျာအမည်ကို How to နဲ့တွဲပြီးရှာလိုက်ရုံနဲ့ နည်းလမ်းအမျိုးမျိုးကိုလေ့လာနိုင်မှာပါ။ စာနဲ့ချည်းပဲ သက်သက်မဟုတ်ဘဲ လက်တွေ့ပြုလုပ်ပုံကိုပါတွေ့မြင်ရတာကြောင့်ပိုပြီးရှင်းရှင်းလင်းလင်းရှိသလို အင်္ဂလိပ်ဘာသာစကား အရမ်းကျွမ်းကျင်နေဖို့လည်း မလိုပါဘူး။

(၂) ကိုယ်ဝါသနာပါတဲ့ပညာရပ်ကိုလေ့လာမယ်

ဂစ်တာတီးနည်း၊ ပီယာနိုတီးနည်း ကနေ ကစားစရာလေယာဉ်ပျံလုပ်တဲ့နည်းအထိ Tutorial ဗွီဒီယိုတွေ YouTube မှာအများကြီးမှ အများကြီးပါပဲ။ ဥပမာ ဂစ်တာတီးသင်မယ်ဆိုရင် ကော့ဒ်ကိုင်ပုံကိုင်နည်းကနေ ရစ်သမ်တွေ၊ ဂီတနုတ်စ် ဖတ်နည်းတွေအထိ ကျကျနနရှင်းပြထားတဲ့ ဗွီဒီယိုတွေရှိနေပါတယ်။ တကယ်သာစိတ်ရှည်၊လက်ရှည်ရှာဖွေပြီး လေ့လာမယ်ဆိုရင် သင်တန်းတက်စရာမလိုဘဲ အတော်လေး တီးနိုင်၊ခတ်နိုင်တဲ့အဆင့်ထိ သင်ယူလို့ရပါတယ်။

Hot Data Pack 2.jpg 

(၃) ပစ္စည်းတစ်ခုခုမဝယ်ခင် Review တွေအရင်ကြည့်မယ်

စမတ်ဖုန်း ကနေ မော်တော်ကားအထိ ပစ္စည်းအသစ်အဆန်းတစ်ခုခုကို မဝယ်ယူခင် အဲဒီပစ္စည်းအမျိုးအစား၊ မော်ဒယ်လ်ကို YouTube မှာရိုက်ထည့်ပြီး Review တွေ၊ Hand On တွေကြည့်လိုက်မယ်ဆိုရင် ကိုယ်ဝယ်ယူမယ့် ပစ္စည်း အကြောင်းကို ပြည့်ပြည့်စုံစုံသိရှိနိုင်ပြီး ဝယ်သင့်၊မဝယ်သင့်ချိန်ဆနိုင်တာကြောင့် အဝယ်မှားတာမျိုးမဖြစ်နိုင်တော့ပါဘူး။

(၄) အထွေထွေဗဟုသုတ

သမိုင်း၊ သိပ္ပံ နဲ့ကမ္ဘာ့အရေးအရာတွေနဲ့ပတ်သက်လို့ တစ်ချို့ကိစ္စတွေကို စိတ်ဝင်စားပေမယ့် စာတွေအများကြီး အချိန်ပေးပြီးမဖတ်နိုင်တဲ့အခါမျိုးမှာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရှင်းပြထားတဲ့ ဗွီဒီယိုတွေကို YouTube မှာရှာဖွေကြည့်ရှုနိုင်ပါတယ်။ ဒီအတွက် အင်္ဂလိပ်ဘာသာစကားအတော်အသင့်ကောင်းဖို့တော့လိုအပ်မှာပါ။ ဒါပေမဲ့ သိပ်နားမလည်တဲ့အခါမျိုးမှာ ဗွီဒီယိုကိုခနရပ်ထားပြီး အဘိဓါန် လှန်ကြည့်လို့ရပါတယ်။ ဒီလိုနည်းလမ်းနဲ့ သင့်ရဲ့အင်္ဂလိပ်စာအရည်အသွေးလည်းပိုမိုတိုးတက်လာမှာပဲ ဖြစ်ပါတယ်။

Hot Data Pack 1.jpg 

ဒါကတော့ YouTube ဗွီဒီယိုတွေကို အကျိုးရှိရှိအသုံးချနိုင်မယ့်နည်းလမ်းအချို့ကိုဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ YouTube ဗွီဒီယိုတွေကြည့်မယ်ဆိုရင် အင်တာနက်ဒေတာ အသုံးပြုဖို့လိုအပ်လာမှာပါ။ ဒီအတွက် ဒေတာခ အကုန်အကျသက်သာပြီး ဖုန်းဘေလ်တွေအများကြီးမကုန်ရအောင် Ooredoo ရဲ့Hot Data Pack ကိုဝယ်ယူကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။

Ooredoo ရဲ့ Hot Data Pack နဲ့ဆိုရင် ဒေတာခနှုန်းထားသက်သာရုံတင်မကဘဲ ကိုယ်ဝယ်ယူတဲ့ပမာဏပေါ်မူတည်ပြီး ဖုန်းငွေလက်ဆောင်တွေ ၁၀၀ ရာခိုင်နှုန်းအထိပြန်ရနိုင်တာကြောင့် တစ်ချက်ခုတ်၊နှစ်ချက်ပြတ် ပဲဖြစ်ပါတယ်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us