• Lifestyle
    ဟနွိုင်းသွားရင် ကောင်းမလား....၊ ဘန်ကောက် သွားရင်ကောင်းမလား ....
Phyo Min Thant

vietjet 1.jpg 

ဒီနှစ် ခရီးသွားရာသီမှာ ပြည်တွင်းခရီးစဉ်တွေမသွားဘဲ ..အတွေ့အကြုံအသစ်တွေရအောင် ပြည်ပခရီးစဉ်တစ်ခုခု သွားချင်တယ်၊ ဒါပေမဲ့ ပိုက်ဆံတော့အများကြီးမသုံးချင်ဘူးဆိုရင် ကိုယ့်အိမ်နီးချင်းနိုင်ငံတွေရဲ့မြို့တော်တွေလည်းဖြစ်၊ ကမ္ဘာလှည့်ခရီးသွားတွေကြားကျော်ကြားတဲ့ ဒေသတွေလည်းဖြစ်တဲ့ ဟနွိုင်းနဲ့ ဘန်ကောက်က ရွေးချယ်စရာစာရင်းရဲ့ ထိပ်ဆုံးနေရာက ထည့်သွင်းစဉ်းစားရမယ့်နေရာတွေပါပဲ။ ဗီယက်နမ်ရဲ့မြို့တော် ဟနွိုင်း နဲ့ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက် တို့ထဲကဘယ်မြို့ကပိုပြီးလည်ပတ်သင့်တယ်လို့ သုံးသပ်ဖို့ခက်ပေမယ့် ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်အောင် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်အချို့ကိုဖော်ပြပေးချင်ပါတယ်။

(၁) ဗီဇာ

နှစ်နေရာလုံးက မြန်မာနိုင်ငံသားတွေအတွက် ဗီဇာမလိုဘဲသွားရောက်လည်ပတ်နိုင်တဲ့နိုင်ငံတွေချည်းပဲဖြစ်တာကြောင့် ဒီကိစ္စအတွက် ဦးနှောက်စားနေဖို့မလိုပါဘူး။ ဘယ်ကိုပဲသွားဖို့ရွေးရွေး လေယာဉ်လက်မှတ်ဝယ်ပြီးသွားလိုက်ရုံပါပဲ။

(၂) သဘာဝ ရှုခင်းတွေခံစားမလား၊ မြို့ပြယဉ်ကျေးမှုလား

ဘန်ကောက်ရော၊ ဟနွိုင်းပါ ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့နေရာတွေချည်းပဲဖြစ်ပြီး လည်ပတ်စရာနေရာတွေစုံလင် ပါတယ်။ ဒါပေမဲ့ ဘန်ကောက်က Shopping ထွက်တာ၊ Nightlife ထွက်တာတို့လို မြို့ပြယဉ်ကျေးမှုတွေ ခံစားစရာပိုများပြီး ဟနွိုင်းကတော့ ဗုဒ္ဓဘာသာ သမိုင်းဝင် စေတီ၊ပုထိုးတွေ၊ သဘာဝကျတဲ့ ရှုခင်းနဲ့နေထိုင်မှုပုံစံတွေကို ပိုပြီးခံစားမိစေမှာပါ။ ဒါကြောင့် ကိုယ်က Party Type မဟုတ်ဘဲ အေးအေးဆေးဆေး ခရီးသွားအနားယူချင်တဲ့သူဆိုရင် ဘန်ကောက်ထက် ဟနွိုင်းကိုပိုပြီး ရွေးချယ်သင့်ပါတယ်။ ဟနွိုင်းမြို့တွင်းနဲ့ ဝန်းကျင်မှာရှိတဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ စိန့်ဂျိုးဆပ် ဘုရားကျောင်း၊ ယဉ်ကျေးမှုအစဉ်အလာကြီးမားပြီး နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ဟနွိုင်းအော်ပရာရုံ၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တိုင်း မဖြစ်မနေသွားရောက်ကြည့်ရှုကြတဲ့ ဘတ်ထရန်အိုးဖုတ်တဲ့ရွာ တို့လိုနေရာတွေက သင့်ရဲ့စိတ်ကိုဖမ်းစားနိုင်မှာအသေအချာပါပဲ။

vietjet 2.jpg 

(၃) အစားအစာ

ဘန်ကောက်ကတော့ အားလုံးသိတဲ့အတိုင်း Street Food မှာနာမည်ကြီးတဲ့မြို့တစ်မြို့ပါ။ ဒါပေမဲ့ စဉ်းစားစရာတစ်ခုရှိတာ က ဘန်ကောက် ရဲ့ Street Food တွေဟာကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် စနစ်တကျရည်ရွယ် ဖန်တီးထားတာဖြစ်ပြီး ဟနွိုင်းက ဒေသရိုးရာအစားအစာတွေကတော့ ပိုပြီးသဘာဝကျနိုင်တယ်ဆိုတာပါပဲ။ ဒါ့အပြင် ထိုင်းစားသောက်ဆိုင်တွေ မြန်မာနိုင်ငံမှာလည်း အများကြီးဖွင့်လှစ်ထားတာကြောင့် ထိုင်းအစားအစာတော်တော်များများက စားဖူးပြီးသား ဖြစ်နေမှာပါ။ ဗီယက်နမ်ရိုးရာအစားအသောက်ဆိုင်ကတော့ မြန်မာနိုင်ငံမှာရှားသေးတာကြောင့် ရိုးရာအစားအစာအသစ်အဆန်းတွေကိုမြည်းစမ်းကြည့်ခွင့်ရနိုင်ပါတယ်။ ကမ္ဘာကျော် ဗီယက်နမ်ကော်ဖီ၊ မြန်မာမုန့်ဟင်းခါးနဲ့မတူဘဲ တမူထူးခြားတဲ့အရသာနဲ့ ဗီယက်နမ်မုန့်ဟင်းခါး လို့ခေါ်လို့ရတဲ့ ဆန်ခေါက်ဆွဲ၊ ဆန်ကွဲထမင်း၊ ကော်ပြန့်လိပ်တို့လို အစားအစာတွေရဲ့အရသာတွေက မြည်းစမ်းကြည့်ရကျိုးနပ်စေမှာပါ။

(၄) ကုန်ကျစရိတ်

လေယာဉ်လက်မှတ်ခ၊ တည်းခိုစရိတ်၊ စားသောက်စရိတ် တို့က ဘန်ကောက်နဲ့ ဟနွိုင်းအရမ်းကြီးကွာခြားမှုမရှိပါဘူး။ လေယာဉ်ခရီးစဉ်တွေကနေ့စဉ်ရှိပြီး ပရိုမိုးရှင်းတွေလည်းရှိတာကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်ဂျက်နဲ့ချိန်ပြီးသွားနိုင်ပါတယ်။ တည်းခိုဖို့အတွက်ဆိုရင်လည်း နှစ်နေရာလုံးမှာ Budget ဟိုတယ်တွေကနေ ကြယ် ၅ ပွင့်အဆင့်ရှိဟိုတယ်တွေထိ ရှိတာကြောင့် ကိုယ်တတ်နိုင်တဲ့နေရာမှာရွေးချယ်တည်းခိုနိုင်မှာပါ။ ဒါပေမဲ့ ဘန်ကောက်ကတော့ နံပါတ်တစ်အချက်မှာ ပြောခဲ့သလိုပဲ မြို့ပြယဉ်ကျေးမှုတွေစုံလင်တဲ့နေရာဆိုတော့ Shopping တွေ၊ Nightlife တွေနဲ့တခြား entertainment ကိစ္စတွေအတွက် ပိုပြီးငွေကြေးကုန်ကျမှုရှိနိုင်တာကို သတိပြုရပါမယ်။

vietjet 3.jpg 

အခုဖော်ပြခဲ့တဲ့အချက်တွေအရ သင်က Party Type မဟုတ်ဘူး၊ ပိုက်ဆံလည်းအများကြီးမသုံးချင်ဘူး ။ အေးအေးဆေးဆေးအနားယူရင်း တခြားဒေသတစ်ခုရဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ သဘောဝရှုခင်းတွေ၊ သမိုင်းဝင်နေရာတွေ ကို လည်ပတ်လေ့လာချင်တယ်ဆိုရင်တော့ ဟနွိုင်းက သင်နဲ့ပိုပြီးသင့်လျော်မှာပါ။ နောက်ပြီး ဖေဖော်ဝါရီလထဲမှာဆိုရင် Tet လို့ခေါ်တဲ့ ဗီယက်နမ်နှစ်သစ်ကူးပွဲတော်ကြီးလည်းရှိသေးတာကြောင့် လေ့လာစရာ၊ပျော်စရာတွေပိုလို့တောင်များနေဦး မှာ ဖြစ်ပါတယ်။ ဗီယက်နမ်နှစ်သစ်ကူးပွဲတော်ဟာဆိုရင် ရေတွေမပတ်ကြပေမယ့် မြန်မာသင်္ကြန်ပွဲတော်လိုပဲ ရက်ရှည်ရုံးပိတ်ရက်ရတဲ့ ရိုးရာဓလေ့ပွဲတော်ဖြစ်တာကြောင့် ပျော်ရွှင်ကြည်နူးစရာမြင်ကွင်းတွေ၊ ဓလေ့ထုံးတမ်းတွေကို ရှုမြင်ခံစားခွင့်ရမှာပါ။

ဟနွိုင်းကိုသွားမယ်ဆိုရင် Vietjet လေကြောင်းလိုင်းရဲ့ ရန်ကုန် - ဟနွိုင်းနေ့စဉ်ခရီးစဉ်တွေရှိပြီး ဒီလေကြောင်းလိုင်းက ပရိုမိုးရှင်းတွေလည်းမကြာခဏပေးနေတာကြောင့် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဗီယက်နမ်ကိုသွားရောက်လည်ပတ် နိုင်မှာပါ။ Vietjet လေကြောင်းလိုင်းရဲ့ဈေးနှုန်းတွေ၊ ပရိုမိုးရှင်းတွေကိုတော့ Vietjet ရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/VietjetMyanmar/?brand_redir=124486194319938 ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us