• Lifestyle
    ၂၀၁၈ ခုနှစ်အတွက် ဘာတွေကြိုတင် ပြင်ဆင်သင့်ပြီလဲ
Thiha Htun
[Unicode Version]
ဘာလိုလိုနဲ့ ၂၀၁၇ ခုနှစ်ကုန်လို့ ၂၀၁၈ ခုနှစ်ကိုတောင် ရောက်တော့မယ်နော်။ နှစ်တစ်နှစ်ကုန်တိုင်း၊ ကုန်တိုင်း အသက်တစ်နှစ် ပိုကြီးသွားသလို အတွေ့အကြုံသစ်တွေလည်း တစ်နှစ်စာလောက် ပိုများလာမှာပါ။ ပိုင်ဆိုင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေနဲ့ ဘဝရဲ့တစ်နှစ်စာကိုတော့ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ လူဆိုတာလည်း ပလန်ရှိမှ ပိုပြီးတိုးတက်တာမို့ ၂၀၁၈ မရောက်ခင် ၂၀၁၈ အတွက် new year resolution လေး ရှိထားသင့်ပါပြီ။
၁။ ဘဝအတွက် ပလန်ချပါ
Plan-Your-Life-1.jpg 
နှစ်တိုင်းနှစ်တိုင်း နှစ်သစ်ကူးချိန်ရောက်ရင် လုပ်ရတဲ့အရာတစ်ခုကတော့ ဘဝအတွက်ပလန်အသစ်တွေ ချတာပါပဲ။ မနှစ်က ကိုယ်ချမှတ်ခဲ့တဲ့ ပလန်တွေ ဘယ်လောက်အလုပ်ဖြစ်လာလဲ တိုင်းတာဖို့ လိုသလို နောက်နှစ်အတွက် ဘာပလန်အသစ်တွေ ချမှတ်ဖို့ လိုအပ်လဲဆိုတာကိုလည်း စဉ်းစားဖို့လိုပါတယ်။ ပလန်ချခြင်းဟာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကိုသွားဖို့အတွက် အချိန်ကုန်ခြင်းကို သက်သာစေသလို ပိုပြီးလည်း တိတိကျကျရှိစေပါတယ်။
၂။ ဆေးလိပ်ဖြတ်မယ်
Say-No-To-Smoking-On-World-No-Tobacco-Day.jpg 
ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဘာကြောင့်ဆေးလိပ်သောက်နေမိလဲကို ကိုယ့်ကိုယ်ကို ပြန်မေးမိတတ်ကြရဲ့လား။ ပျင်းလို့သောက်တာလား။ အထီးကျန်လို့ သောက်တာလား။ ခံတွင်းချဉ်လို့ သောက်တာလား။ သောက်ချင်လို့ သောက်တာလား။ ဘာအကြောင်းပြချက်နဲ့ပဲ ဆေးလိပ်သောက်သည်ဖြစ်ပါစေ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တာကိုတော့ အားလုံးသိထားကြပြီးသားပါ။
ဒါပေမယ့် ဆေးလိပ်ဖြတ်မယ်၊ ဖြတ်မယ်နဲ့ နေ့ရွှေ့လရွှေ့ လုပ်နေမိကြတာတွေလည်း အချိန်မနည်းတော့ပါဘူး။ ဒါပေမယ့် နှစ်ကူးအချိန်လောက် ဆေးလိပ်ဖြတ်ဖို့ကောင်းတဲ့ အချိန်မရှိတော့ပါဘူး။
၃။ ဘဏ္ဍာရေးကို စီစစ်ပါ
Money Related Problem.jpg 
မိမိရဲ့ဘဏ္ဍာရေးအခြေအနေကို ကိုယ်ကိုယ်တိုင်ထက်ပိုသိတဲ့သူ မရှိနိုင်ပါဘူး။ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီလား။ လိုအပ်တာတွေကို မဝယ်မိဘဲ မလိုအပ်တာတွေအတွက် အချိန်တွေ၊ ငွေတွေ ဖြုန်းနေမိပြီလား။ ဒါမှမဟုတ် တစ်နှစ်လုံးနေလို့မှ ပိုက်ဆံတစ်ပြားမှ မစုမိတဲ့ အခြေအနေမျိုး ကြုံနေရပြီလား။ ဒါဆိုရင် new year resolution မှာ နောက်နှစ်အတွက် ဘဏ္ဍာရေးအခြေအနေကို ပြန်စီစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့အထဲမှာ ဘဏ္ဍာရေးကလည်း ထိပ်ဆုံးကပါပါတယ်။
၄။ လက်ရှိအခိုက်အတန့်မှာပဲ နေထိုင်ပါ
အလုပ်ထဲမှာပဲ ခေါင်းနှစ်နေတာကြီးကို ရပ်တန့်လိုက်ပြီး ဘဝရဲ့အရေးကြီးတဲ့ အချိန်တွေမှာ ပျော်ရွှင်စွာနေတတ်အောင်လည်း ကြိုးစားကြည့်ပါဦး။ Work-Life Balance မျှတယ်ဆိုတာ ဘဝအတွက် အရမ်းအရေးကြီးပြီး မိမိရဲ့ လုပ်ရည်ကိုင်ရည် တက်လာစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် တစ်ခါတလေ အပေါင်းအသင်းတွေနဲ့ ဘီယာလေးဘာလေး သွားသောက်တာကလည်း networking ကောင်းလာစေဖို့အတွက် လိုအပ်ပါသေးတယ်။ နှစ်သစ်မှာ လက်ရှိအခိုက်အတန့်မှာ ပိုမိုနေထိုင်နိုင်ဖို့ကို အဓိကထား ကြိုးစားသင့်ပါတယ်။
၅။ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အချိန်ပေးပါ
Be-a-Fitness-Freak-1.jpg 
နည်းပညာခေတ်ကြီးထဲမှာ လူတွေဟာာ အရင်ကထက်ပိုပြီး ထူးချွန်လာသလို အရင်ကထက်ပိုပြီးလည်း အပျင်းကြီးလာကြပါတယ်။ အထိုင်များတဲ့ အလုပ်တွေကို လုပ်ရတဲ့အတွက် ဗိုက်ပူနံကားလေးတွေလည်း ဖြစ်လာကြပါတယ်။ တကယ်တော့ ကိုယ်ကာယ ကြံ့ခိုင်ရေးဆိုတာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း အရမ်းအရေးကြီးပါတယ်။ ကိုယ်ကာယ ကျန်းမာနေမှ တစ်ကိုယ်လုံးကျန်းမာရေးလည်း ကောင်းမွန်မှာမဟုတ်ပါလား။ ဒါကြောင့် ဒီနှစ်အတွက် new year resolution ထဲမှာ ကိုယ်ကာယကြံ့ခိုင်ရေးကိုလည်း ထည့်သွင်းထားပါဦး။
၆။ အသစ်အသစ်တွေကို လေ့လာပါ
startup-photos.jpg 
ဒါကတော့ နှစ်စဉ်နှစ်တိုင်း new year resolution တိုင်းမှာထည့်သွင်းပေးရမယ့် အရာလေးဖြစ်တယ်ထင်ပါတယ်။ အဲဒါကတော့ နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ပါပဲ။ လူတိုင်း လူတိုင်းဟာ ကိုယ်ပိုင်ရာဆိုင်ရာနယ်ပယ်မှာတော့ ကျွမ်းကျင်သူတွေ ဖြစ်ကောင်းဖြစ်နိုင်ကြပါတယ်။
ဒါပေမယ့် နည်းပညာခေတ်ကြီးထဲမှာ တိုးတက်လာတဲ့ နည်းပညာသစ်တွေနဲ့အတူ သင်ယူစရာတွေက နေ့စဉ်နဲ့အမျှ ပေါ်ပေါက်နေတာပါ။ ဒီနေ့ ကိုယ်သိထားတာနဲ့ အလုပ်ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် နောက်နေ့ကျရင်တော့ အဆင်ပြေချင်မှပြေတာပါ။ ဒါကြောင့် အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ကို မမေ့ပါနဲ့ဦးနော်။
Source: Youngisthan
[Zawgyi Version]
၁။ ဘဝအတွက် ပလန်ချပါ
Plan-Your-Life-1.jpg 
၂။ ဆေးလိပ်ဖြတ်မယ်
၃။ ဘဏ္ဍာရေးကို စီစစ်ပါ
Be-a-Fitness-Freak-1.jpg 
startup-photos.jpg 
Source: Youngisthan
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us