• Lifestyle
    နေ့စဉ်ဘဝမှာ စမတ်ဖုန်းကို အကျိုးရှိရှိအသုံးချနိုင်တဲ့ နည်းလမ်း ၅ ခု
Phyo Min Thant

xmas 1.jpg 

နည်းပညာတွေမြင့်မားလာခြင်းနဲ့အတူ စမတ်ဖုန်းတွေဟာလည်း ဖုန်းပြောဖို့နဲ့ ဖျော်ဖြေရေးထက်ပိုပြီး လူတွေရဲ့ နေ့စဉ်ဘဝကို ကူညီနိုင်တဲ့အဆင့်တစ်ခုကိုရောက်ရှိလို့လာပါပြီ။ တကယ်သာအကျိုးရှိရှိအသုံးချတတ်မယ်ဆိုရင် စမတ်ဖုန်းကို သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပိုမိုလွယ်ကူအောင်၊ထိရောက်အောင် အသုံးပြုလို့ရပါတယ်။ စမတ်ဖုန်းကို နေ့စဉ်ဘဝမှာအကျိုးရှိရှိအသုံးချနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ ၅ ခုကိုရွေးချယ်ဖော်ပြ ပေးချင်ပါတယ်။

(၁) အချိန်တိုတိုအတွင်းအလုပ်တွေအများကြီးပြီးအောင်လုပ်မယ်

စမတ်ဖုန်းတွေမှာ ပြက္ခဒိန်၊ မှတ်စု၊ ဂဏန်းပေါင်းစက် နဲ့အခြားရုံးလုပ်ငန်းသုံးလုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပြီး တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် Report တင်တာ၊ အစည်းအဝေးမှတ်တမ်းတင်တာ၊ လုပ်ရန်ရှိစာရင်း ရေးမှတ်တာတို့လို အလုပ်တွေကို အချိန်တိုတိုအတွင်း ထိထိရောက်ရောက်လုပ်ကိုင်နိုင်ပါတယ်။ Samsung Galaxy စမတ်ဖုန်း တွေမှာပါဝင်တဲ့ s-pen လိုလုပ်ဆောင်ချက်မျိုးတွေနဲ့ဆိုရင် ပိုပြီးတော့တောင်ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) မှတ်တမ်းတင်မယ်

xmas 2.jpg 

စမတ်ဖုန်းတွေမှာပါဝင်တဲ့ ကင်မရာနဲ့ မိုက်ခ်တွေဟာ အလှဓါတ်ပုံတွေရိုက်ဖို့၊ ဖုန်းပြောဖို့လောက်ပဲ အသုံးတည့်တာမဟုတ်ပါဘူး။ စမတ်ဖုန်းကင်မရာက အရေးကြီးတဲ့ အဖြစ်အပျက်တွေကိုဓါတ်ပုံ၊ဗွီဒီယိုတွေအနေနဲ့ သက်သေအထောက်အထား အဖြစ်မှတ်တမ်းတင်ထားဖို့ အသုံးဝင်သလို မိုက်ခရိုဖုန်းကနေတဆင့်လည်း အရေးကြီးတဲ့ ပြောစကားတွေကို အသံသွင်းမှတ်တမ်းတင်ထားလို့ရပါတယ်။ ဒီအတွက် ကိုယ့် စမတ်ဖုန်းကင်မရာက ပြတ်သားတဲ့ပုံရိပ်တွေကို မြန်မြန်ဆန်ဆန်ဖမ်းယူနိုင်စွမ်းရှိဖို့ လိုသလို အသံဖမ်းစနစ်တွေကလည်း ကောင်းမွန်နေဖို့ လိုမှာဖြစ်ပါတယ်။ Samsung Galaxy စမတ်ဖုန်းတွေရဲ့အရည်အသွေးမြင့်မားတဲ့ ကင်မရာတွေနဲ့ အသံဖမ်းယူတဲ့စနစ်တွေနဲ့ဆိုရင် အရေးကြီးတဲ့အဖြစ်အပျက်တိုင်းကိုမလွတ်တမ်းမှတ်တမ်းတင်ထားနိုင်မှာပါ။

(၃) ဘေးကင်းလုံခြုံရေး

စမတ်ဖုန်းတော်တော်များများမှာပါဝင်တဲ့ Find My Phone လိုလုပ်ဆောင်ချက်မျိုးကိုအသုံးချပြီး ကိုယ်ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရခင်ရသူတွေ ဘယ်နေရာရောက်နေတယ်ဆိုတာကို အချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်တာကြောင့် ညညဉ့်နက်နက်မှာ အပြင်သွားတဲ့အခါ အိမ်ကနေထိုင်ပြီး စိတ်ပူနေဖို့ မလိုတော့ပါဘူး။ ဒီလုပ်ဆောင်ချက်ကို အပြည့်အဝ အကျိုးရှိရှိ အသုံးချနိုင်ဖို့ဆိုရင်တော့ သင့်ဖုန်းရဲ့ GPS စနစ်က တိကျကောင်းမွန်ဖို့လိုပါတယ်။ Samsung Galaxy လို brand အမြင့်ဖုန်းတွေမှာတော့ ဒီကိစ္စကိုစိတ်ပူနေစရာမလိုပါဘူး။

xmas 3.jpg 

(၄) ရာသီဥတုအခြေအနေနဲ့သတင်းတွေရယူမယ်

Samsung Galaxy အပါအဝင် စမတ်ဖုန်းအများစုမှာပါဝင်တဲ့ Weather App ဟာတကယ်ပဲ မှန်ကန်တဲ့အခြေအနေနဲ့ခန့်မှန်းချက်တွေကိုပေးနိုင်ပါတယ်။ သင့်အနေနဲ့ မိုးရွာနိုင်ချေရှိ၊မရှိ ဆိုတာနဲ့ အပူချိန်ဘယ်လောက်ရှိနိုင်လို့ ဘယ်လိုအဝတ်အစားမျိုးဝတ်သွားသင့်တယ် ဆိုတာမျိုးတွေကို ကြိုတင်ဆုံးဖြတ်နိုင်အောင်ကူညီပေးနိုင်ပါတယ်။ဒီလိုပဲ သင့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း သတင်း App တွေရဲ့အကူအညီနဲ့ပဲဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေကနေတဆင့်ပဲဖြစ်ဖြစ် အမြဲမပြတ်စောင့်ကြည့်နေနိုင်တာကြောင့် ရွေးချယ်၊ဆုံးဖြတ်မှုတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်မှာပါ။

(၅) လုပ်စရာရှိတာတွေမမေ့အောင် သတိပေးထားမယ်

အရေးကြီးအချိန်းအချက်တွေ၊ မွေးနေ့ပွဲတွေ၊ အမှတ်တရနေ့တွေဆိုတာ မေ့သွားလို့မဖြစ်တဲ့ကိစ္စတွေပါ။ ဒီအတွက် စမတ်ဖုန်းတွေမှာပါဝင်တဲ့ Reminder App ကိုအသုံးပြုပြီးမမေ့အောင်သတိပေးထားလို့ရပါတယ်။ Reminder App က စမတ်ဖုန်းတိုင်းမှာတော့ တစ်ခါတည်းပါဝင်တာမဟုတ်ပါဘူး။ အဲဒီလိုတစ်ခါတည်းမပါဝင်ရင် ပြင်ပ App တစ်ခုခုသွင်းဖို့ လိုအပ်မှာပါ။ Samsung Galaxy စမတ်ဖုန်းတွေမှာတော့ Reminder လုပ်ဆောင်ချက်တစ်ခါတည်းပါဝင်ပြီး အသုံးပြုသူတွေ အတွက် လက်တွေ့အသုံးချနိုင်အောင်ဖန်တီးပေးထားတာကိုတွေ့ရမှာပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်း ၅ ခုကိုပိုပြီးထိထိရောက်ရောက်အသုံးချနိုင်အောင် စမတ်ဖုန်းအသစ်ဝယ်ဖို့ လိုအပ်နေရင်ပဲဖြစ်ဖြစ်၊ ခရစ္စမတ်ကာလမှာ ကိုယ်ချစ်တဲ့၊ခင်တဲ့သူတွေကို စမတ်ဖုန်းလက်ဆောင်ပေးဖို့ စဉ်းစားနေရင်ပဲ ဖြစ်ဖြစ် သတင်းကောင်းတစ်ခုပေးချင်ပါတယ်။အဲဒါကတော့ လက်ဆောင်ပစ္စည်းတွေထိုက်ထိုက်တန်တန်ရနိုင်မယ့် ဆမ်ဆောင်းရဲ့ X'Mas Promotion အစီအစဉ်ပါပဲ။ ဒီအစီအစဉ်အရ Samsung Brand Shop တွေမှာ ဒီဇင်ဘာလ (၁) ရက်နေ့ကနေ (၃၁) ရက်နေ့အတွင်း Galaxy စမတ်ဖုန်းဝယ်ယူတဲ့သူတွေအတွက် ခရစ်စမတ်လက်ဆောင်တွေ ပေးအပ်သွားမှာပါ။ တန်ဖိုးငါးသိန်းအထက်ဝယ်ယူတဲ့သူတွေအနေနဲ့ Samsung Premium Backpack နဲ့အတူ Travel Mug ကိုရရှိမှာဖြစ်ပြီး တန်ဖိုး၂သိန်းကနေ ငါးသိန်းအတွင်းဝယ်ယူတဲ့သူတွေကတော့ Premium Backpack ကိုရရှိမှာဖြစ် ကာ တန်ဖိုး ၂သိန်းအောက်ဝယ်ယူတဲ့သူတွေကို Power bank နဲ့ Ring stent လက်ဆောင်တွေပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us