• Lifestyle
    ကမ္ဘာအနှံ့က ခရစ္စမတ်ရိုးရာ ဓလေ့လေးများ
Thiha Htun

ကမ္ဘာအနှံ့မှာ ခရစ္စမတ်နဲ့ပတ်သက်လာရင် ရိုးရာဓလေ့ပေါင်းစုံ ရှိပါတယ်။ ခရစ္စမတ်နေ့ကို ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်တော်ရဲ့မွေးနေ့ဆိုပြီး ဆင်နွှဲကြပေမယ့် တခြားဘာသာဝင်၊ လူမျိုးတွေကလည်း ရိုးရာဓလေ့ပွဲတစ်ခုအဖြစ် သတ်မှတ်ပြီး ဆင်နွှဲကြပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ကမ္ဘာတလွှားက အတုယူဖွယ် ခရစ္စမတ်ရိုးရာဓလေ့လေးတွေပဲ ဖြစ်ပါတယ်။

၁။ ယူကရိန်း

f566a73d6faff306a0245a1004841a6b.jpg 

ယူကရိန်းနိုင်ငံမှာတော့ ခရစ္စမတ်ရောက်ပြီဆိုရင် ခရစ္စမတ်သစ်ပင်မှာ မီးလုံးလေးတွေ ချိတ်မယ့်အစား ပင့်ကူအိမ်ပုံစံ အလှဆင် တာလေးတွေကို ချိတ်ဆွဲကြပါတယ်။ ဒါက သစ်ပင်ကိုအလှဆင်ဖို့ ပိုက်ဆံမရှိတဲ့ မုဆိုးမတစ်ယောက်ပုံပြင်ကို ထင်ဟပ်စေပါတယ်။ အဲဒီယူကရိန်းရိုးရာ ပုံပြင်လေးထဲမှာ ခင်ပွန်းယောကျ်ားမရှိတဲ့ မုဆိုးမတစ်ယောက်ဟာ ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့အတွက် ပိုက်ဆံမရှိလို့ စိတ်ညစ်နေခဲ့ပါတယ်။

ဒါပေမယ့် နောက်တစ်နေ့မနက် (ခရစ္စမတ်နေ့) မှာ သူမကလေးတွေ အိပ်ယာနိုးတော့ ခရစ္စမတ်သစ်ပင်ဟာ ရွှေရောင်၊ ငွေရောင်တလက်လက် တောက်ပနေတဲ့ ပင့်ကူအိမ်တွေနဲ့ ဖုံးလွှမ်းနေပါသတဲ့။ ယူကရိန်းလူမျိုးတွေလည်း ဒီဒဏ္ဍာရီကိုဆင့်ပွားပြီး ခရစ္စမတ်သစ်ပင်ကို ရွှေရောင်၊ ငွေရောင်ပင့်ကူအိမ်တွေနဲ့ အလှဆင်ကြပါတော့တယ်။

၂။ ဂျမေကာ

jamaica-1.jpg 

ဂျမေကာလူမျိုးတွေကတော့ ခရစ္စမတ်ရောက်ရင် ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး လူအုပ်ကြီးနဲ့ စီတန်းလှည့်လှည်ကြပါတယ်။ ပြီးတော့ အာဖရိကအကကို အခြေခံထားတဲ့ Junkanoo ဆိုတဲ့ အကမယ်၊ အကမောင်တွေလည်း ပါဝင်ပါသေးတယ်။ ဒီပွဲတော်ကိုတော့ ခရစ္စမတ်နေ့အပြီး နောက်တစ်နေ့ဖြစ်တဲ့ "Boxind Day" (လက်ဆောင်ပေးရေးနေ့) မှာ ကျင်းပတတ်ကြပြီး (၁၆) ရာစု အစောပိုင်း ကတည်းက ရှိခဲ့တာပါ။

၃။ စပိန်

9dd10104b15be2cd439343012cf7544b.jpg 

စပိန်မှာတော့ ခရစ္စမတ်ရောက်ရင် စပိန်အစားအစာတစ်မျိုးဖြစ်တဲ့ turrón ကို မိသားစုညစာ စားပွဲတွေမှာ အထူးပြုလုပ် စားသောက်ကြပါတယ်။ Turrón ကို ပျားရည်၊ ကြက်ဥ၊ သကြား၊ အယ်လ်မွန်စေ့ မီးကင်တို့နဲ့ ရောယှက်ပြုလုပ်ထားပြီး ခရစ္စမတ် အထူးစားဖွယ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီဓလေ့လေးကလည်း (၁၆) ရာစုကတည်းက ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။

၄။ ဗြိတိန်

01_GreatBritain_Christmas-Around-the-World-14-Traditions-to-Incorporate-into-Your-Own-Celebration_520413391_Oleksandr-Rybitskiy-760x506.jpg 

ဗြိတိန်မှာတော့ မစ်ဆိုးထိုး (Mistletoe) ကိုင်းခက်လေးတွေကို ခရစ္စမတ် အလှဆင်ယင်ခြင်းအဖြစ် ချိတ်ဆွဲခြင်းကို ရိုးရာတစ်ခုလို သဘောထားကြပါတယ်။ ဟယ်ရီပေါ်တာ စီးရီးထဲမှာ ဟယ်ရီနဲ့ ချို မစ်ဆိုးထိုအောက်မှာ နမ်းကြတဲ့ ဇာတ်ဝင်ခန်းတို့၊ ဂျက်စတင်ဘီဘာရဲ့ "Mistletoe" သီချင်းထဲက "မစ်ဆိုးထိုအောက်မှာ ငါ့ကိုနမ်းပါ" ဆိုတဲ့ သီချင်းစာသားတို့ဟာ စကင်ဒီနေးဗီးယန်း ရိုးရာဓလေ့တစ်ခုမှ ဆင်းသက်လာတာပါ။ စကင်ဒီနေးဗီးယန်းတွေဟာ မစ်ဆိုးထိုကိုင်းအောက်မှာ နှစ်ပေါင်းများစွာ နမ်းခဲ့ကြပါတယ်။

၅။ အိုက်စ်လန်း

pano.jpg 

အိုက်စ်လန်းနိုင်ငံမှာတော့ (Thirteen jólasveinarnir) “Christmas Lads” ဆိုတဲ့ ဓလေ့လေးတစ်ခုရှိပြီး အိုက်စ်လန်းက ကလေးတွေကို လက်ဆောင်ဝေပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ ခရစ္စမတ်ချာတိတ်တွေ (Christmas Lad) ဆိုတာ အစအနောက်သန်တဲ့ ကလေးတွေဖြစ်ပြီး ခရစ္စမတ်နားနီးရင် သူတို့က အိမ်တွေကိုလှည့်လည်ပြီး အမျိုးမျိုး နောက်ပြောင်ကျီစယ် ကြပါတယ်။

Source: Reader's Digest

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us