• Lifestyle
    စာတော်တဲ့ကလေးဖြစ်ဖို့ စာသင်နှစ်အစမှာ လေ့ကျင့်ပြင်ဆင်ထားသင့်တာတွေ
Phyo Min Thant

Apollo.jpg 

အစကောင်းမှ အနှောင်းသေချာဆိုသလို စာတော်တဲ့ သားသား၊မီးမီးလေးတွေဖြစ်ဖို့ဆိုရင် ဖေဖေ၊မေမေတို့က စာသင်နှစ် အစကတည်းက ကြိုတင်လေ့ကျင့်ပြင်ဆင်ပေးထားဖို့လိုပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် အားနည်းချက်၊အားသာချက်တွေမတူလို့ လေ့ကျင့်ပြင်ဆင်ပေးရမှာတွေက အမျိုးမျိုးကွဲနိုင်ပေမယ့် ဒီနေရာမှာ ကလေးတိုင်းအတွက်လိုအပ်ပြီး အဓိကကျတဲ့အချက်တွေကို ဖော်ပြပေးသွားပါမယ်။

(၁) သင့်တင့်မျှတတဲ့ စာကျက်ချိန်အချိန်ဇယားဆွဲပေးထားပါ

Apollo2.jpg 

စာမေးပွဲနီးမှကလေးကို စာတွေအရမ်းကျက်ခိုင်းတာမျိုးမလုပ်ဘဲ စာသင်နှစ်အစမှာကတည်းက ကလေးအတွက်သင့်တင့်မျှတဲ့စာကျက်ချိန်အချိန်ဇယားကို ဖေဖေ၊မေမေတို့ကဆွဲပေးထားဖို့လိုပါတယ်။ အဲဒီအချိန်ဇယားက သူ့အတွက် ကျောင်းချိန်၊ပြင်ပသင်တန်းချိန်တွေနဲ့ သူ့ကိုယ်ပိုင်ကစားဖို့အချိန်တွေဖယ်ပြီးနောက် သင့်တင့်မျှတတဲ့ အချိန်မျိုးဖြစ်အောင် ဂရုစိုက်ဖို့လိုပါမယ်။

(၂) ဆရာ၊ဆရာမတွေနဲ့ မိတ်ဆက်ထားပါ

ကိုယ့်ရဲ့ကလေးကို ဆရာ၊ဆရာမတွေက အတန်းထဲမှာ မျက်နှာသာပေးအောင်မိတ်ဆက်ထားဖို့၊ လက်ဆောင်တွေပေးထားဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးရဲ့အားသာချက်၊အားနည်းချက်တွေနဲ့ပတ်သက်ပြီး ဆရာ၊ဆရာမတွေက ပြောချင်တာ၊အကြံပြုချင်တာတွေရှိရင် ကိုယ့်ဘက်ကအမြဲလိုလိုလားလားနဲ့အသင့်ရှိနေကြောင်း သိနေအောင် မိတ်ဆက်ထားဖို့ဆိုလိုတာဖြစ်ပါတယ်။ ဘာသာရပ်သင်ဆရာ၊ဆရာမတွေနဲ့မိတ်ဆက်ပြီး ဖုန်းနံပါတ်တွေအပြန်အလှန် ဖလှယ်ထားမယ်ဆိုရင် အကြောင်းကြီးငယ်ရှိတာနဲ့ ဆရာ၊ဆရာမတွေက ကိုယ့်ကိုတန်းပြီးဆက်သွယ်ဖို့လွယ်ကူသွားမှာပါ။

(၃) အချိန်နဲ့စား၊ အချိန်နဲ့အိပ်တတ်အောင်လေ့ကျင့်ပေးထားပါ

Apollo3.jpg 

ကျန်းမာရေးမကောင်းရင်၊ အချိန်ကိုမလေးစားတတ်ရင် ပညာရေးမှာရော၊ ဘဝမှာပါ ထူးချွန်ဖို့ ခက်သွားမှာပါ။ ဒါကြောင့်ကိုယ့်ရဲ့ကလေးကို ကျန်းမာရေးနဲ့အညီ အချိန်မှန်အိပ်ဖို့၊စားဖို့ လေ့ကျင့်ပေးထားဖို့လိုပါမယ်။ ဒီလိုလေ့ကျင့် ပေးတဲ့နေရာမှာ ကလေးကို ပါးစပ်နဲ့ပဲ စားဖို့အိပ်ဖို့ ခိုင်းနေလို့မရဘဲ ဖေဖေ၊မေမေတို့ကိုယ်တိုင်ကလည်း အချိန်နဲ့ အိပ်၊ အချိန်နဲ့စားပြီး အချိန်ကိုလေးစားပြမှ ကလေးကပါ အလေ့အကျင့်ကောင်းတွေအလိုလိုရလာမှာပါ။

(၄) စာရေးကိရိယာတွေ စုံစုံလင်လင်ဝယ်ထားပေးပါ

နှစ်သက်စရာ စာရေးကိရိယာလေးတွေစုံစုံလင်လင်ဝယ်ပေးထားမယ်ဆိုရင် ကလေးကိုစာလုပ်ချင်စိတ်ပိုဖြစ်စေမှာပါ။ ဒါကြောင့်သူနှစ်သက်ပြီး အရည်အသွေးကောင်းတဲ့ အရုပ်နဲ့ပုံတွေပါတဲ့ စာရေးကိရိယာလေးတွေဝယ်ပေးထားဖို့ အကြံပေးချင်ပါတယ်။

အဲဒီလိုဝယ်ပေးတဲ့နေရာမှာ ဗလာစာအုပ်အတွက်ဆိုရင်တော့ Apolo ဗလာစာအုပ်ကိုညွှန်းချင်ပါတယ်။ Apolo ဗလာစာအုပ် ဟာ ဆိုဒ်ပြည့်ပြီး အသားချောကာအရည်အသွေးကောင်းတဲ့အပြင် ပုံစံဒီဇိုင်းတွေကလည်းဆန်းသစ်တာကြောင့် ကလေးတွေအကြိုက်တွေ့မှာဖြစ်ပါတယ်။ အခုဆိုရင် Apolo က ဆုမဲသန်းချီကံစမ်းမယ် ဆိုတဲ့အစီအစဉ် ပြုလုပ်နေတာကြောင့် Apolo ဗလာစာအုပ်တွေဝယ်ယူရင်း ကံထူးရှင်ကြီးတွေပါ ဖြစ်နိုင်ပါသေးတယ်။

Apolo Promotion Photo.jpg 

Apolo Exercise Book 55g, 60g နဲ့ Gel Pen ၁ ဒါဇင်ဝယ်တာနဲ့ မော်တော်ဆိုင်ကယ်(၅) စီး၊ ဖုန်း(၁၀) လုံး နဲ့ ငွေသားကံစမ်းမဲတွေ ကံစမ်းနိုင်ပြီလေ။ ပထမအကြိမ်မှာ ဖုန်းနဲ့ ဆိုင်ကယ်တွေကို မဲဖောက်ပေးပြီးတော့၊ ဒုတိယအကြိမ်မှာ ငွေသားကံစမ်းမဲတွေ မဲဖောက်ပေးမှာဆိုတော့..၂ ထပ်ကွမ်းကံထူးရှင်တောင်ဖြစ်နိုင်သေးတယ်နော်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ Apolo 60g တစ်ဒါဇင်ဝယ်ရင်တော့ ကံစမ်းမဲကူပွန်ရမယ့်အပြင်၊ ချက်ချင်းဝယ်၊ ချက်ချင်းပေါက်ကံစမ်းမဲလည်း ကံထူးမယ့်အစီအစဉ်လည်းရှိသေးတယ်။ ကံစမ်းမဲတွေ တသီကြီးဆိုတော့ ကံထူးဖို့က သေချာသလောက်ပါပဲနော်။ ဒီတော့ Apolo တစ်ဒါဇင်ဝယ်တိုင်း ကံစမ်းမဲကူပွန်တစ်စောင် တောင်းယူဖို့ မမေ့နဲ့ဦး..။

အဲဒီကူပွန်ကလေးနဲ့ ဘယ်လို ကံစမ်းရမှာလဲဆိုတော့ -

(၁) Apolo ရဲ့ Lucky Draw အစီအစဉ်ကို Apolo စာအုပ်နှင့် စာရေးကိရိယာတွေ ဝယ်ယူပြီး ရရှိလာတဲ့ ကံစမ်းမဲကူပွန်နဲ့ပဲ ကံစမ်းရမှာဖြစ်ပါတယ်။

(၂) ကံစမ်းသူအနေနဲ့ ရောင်းသူလက်ခံဖြတ်ပိုင်းကို လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွင်းပြီး၊ စာတိုက်သေတ္တာအမှတ် (၁၀၆၅) ကို ပေးပို့ရမှာပါ။ စာတိုက်ကနေ ပို့ဖို့ အခက်အခဲရှိတယ်ဆိုရင် ရောင်းသူလက်ခံဖြတ်ပိုင်းကို ဓါတ်ပုံရိုက်ပြီးတော့ Apolo Facebook Messenger (သို့မဟုတ်) Viber Ph No (၀၉-၂၅၅၅၅၉၀၂၁) ကနေလည်း ပေးပို့လို့ရပါတယ်။

(၃) ကံထူးရှင်အနေနဲ့ ဆုထုတ်ယူတဲ့အခါ သက်သေပြနိုင်ဖို့ ဝယ်သူလက်ခံဖြတ်ပိုင်းကို သိမ်းဆည်းထားရပါမယ်။

ကံစမ်းမဲကာလ က၂၀၁၈ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ ဇူလိုင် (၁၃) ရက်နေ့အထိ၊ နှစ်ကြိမ် ဖြစ်ပြီးတော့ ပထမအကြိမ် ကံစမ်းမဲနှိုက်မည့်ရက်က (ဇွန်လ ၂၅ရက်၊ ၂၀၁၈ ခုနှစ်) (မော်တော်ဆိုင်ကယ် (၅) စီးနှင့် ဖုန်း (၁၀လုံး) ဖြစ်ပြီး ငွေသား ကံစမ်းမဲအတွက် ဒုတိယအကြိမ်ကံစမ်းမဲနှိုက်မှာကတော့ ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်ပဲ ဖြစ်ပါတယ်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us