• Lifestyle
    နိုင်ငံတကာအဆင့် Body Combat Trainer တစ်ယောက်အဖြစ်ရပ်တည်နိုင်မယ့် Body Combat Initial Module Training ကို ပြည်တွင်းမှာပဲတက်ရောက်နိုင်မယ့်အခွင့်အရေး
Phyo Min Thant

Body Combat event cover.jpg 

International LesMills Program တစ်ခုဖြစ်တဲ့ Body Combat Initial Module Training ကို နိုင်ငံခြားအထိသွားပြီး အချိန်ပိုကုန် ၊ လူပင်ပန်းခံပြီး သွားတက်စရာမလိုတော့ပါဘူး။

ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ရဲ့ ကမ္ဘာ့အဆင့်မီ Gym တစ်ခုဖြစ်တဲ့ Training Ground ကနေပြီး Body Combat Initial Module Training ကို Host အဖြစ်ကျင်းပပေးမှာဖြစ်ပြီး နိုင်ငံခြားမှ LesMills Master Trainer တစ်ယောက်ဖြစ်တဲ့ Jon Chew ကိုယ်တိုင် လာရောက်သင်ကြားပေးမှာမလို့ပါ။

Training Program က စုစုပေါင်း ၃ရက် ဖြစ်ပြီး ပထမ ၂ရက်မှာ Initial Module Training သင်ကြားပေးမှာပါ။ နောက်ဆုံးရက်မှာတော့ Assessment များပြုလုပ်ပြီး Certification ပေးအပ်သွားမှာ ဖြစ်ပါတယ်။ စာတွေ့လက်တွေ့ ဖြေဆိုအောင်မြင်ပြီးပါက နိုင်ငံတကာ LesMills Program ဖြစ်တဲ့ Body Combat ကိုသင်ကြားပေးနိုင်တဲ့ Trainer တစ်ယောက်အဖြစ်ရပ်တည်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

သင်တန်းချိန် အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Date & Time: Day1- 03 Nov 2018 (Saturday) (7:30 am – 6:00pm)

Day 2- 04 Nov 2018 (Sunday) (7:30 am – 6:00 pm)

Day 3 - 13 Jan 2019 (Sunday) (7:30 am – 6:00 pm)

ဒီသင်တန်းကိုစိတ်ဝင်စားလို့ စာရင်းပေးသွင်းလိုသူများအနေနဲ့=> www.lesmills.com.au ကိုဝင်ရောက်ပြီး တိုက်ရိုက်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ October 15 ရက်နေ့တွင် စာရင်းပိတ်မှာဖြစ်လို့ မြန်မြန်လေး စာရင်းပေးသွင်းကြဖို့တိုက်တွန်းချင်ပါတယ်။ သင်တန်းကြေးကတော့ AU$ 499 ပါ။

ဒီ Training ကို Host အဖြစ်ကျင်းပပေးမယ့် Training Ground ရဲ့လိပ်စာကတော့ - Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီးအသေးစိတ်အချက်အလက်တွေ စုံစမ်းချင်တယ်ဆိုရင် 09 45888 7272 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us