• Reviews
    ကော်ဖီသောက်ရင်း စာဖတ်ဖို့အတွက် ငြိမ်းချမ်းကမ္ဘာလေး The Plant House
Su Yee Moe
[Unicode Version]

နားအေးပါးလေးနဲ့ ကော်ဖီသောက်ရင်း စာဖတ်ချင်လို့ ကော်ဖီဆိုင် ရှာပုံတော်ဖွင့်လိုက်တာ စမ်းချောင်းကို ရောက်သွားပါရောလား။ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ မျက်စိလည်း အမောပါပြေသွားတယ်။ အစိမ်းရောင်သစ်ပင်လေးတွေ၊ ကောဇောစိမ်းလေးတွေက မျက်စိအေးသလို ဆိုင်လေးကလည်း တိတ်ဆိတ်တယ်လေ။

29748318_1795824354046213_1639165591_o.jpg 

ကိုယ့်လိုပဲ ကော်ဖီသောက်ရင်း စာဖတ်ချင်သူတွေအတွက်တော့ ဒီဆိုင်လေးက အဆင်ပြေမှာပါ။ သီချင်းသံငြိမ့်ငြိမ့်လေးနဲ့ အဲကွန်းကလည်း အေးနေအောင်ဖွင့်ထားတော့ ဆိုင်ထဲရောက်တာနဲ့ ရင်ထဲအေးသွားမှာသေချာတယ်။ ကော်ဖီဈေးတွေက ၁၀၀၀ ကျပ် ကနေ ၂၅၀၀ ကျပ် အထိနဲ့ အမျိုးအစားပေါ်မူတည်ပြီး ရပါတယ်။ အမေရိကာနိုသောက်ကြည့်တာတော့ မဆိုးဘူး။ ကော်ဖီသားက ခပ်ပါးပါးလေးပဲ။

29693334_1795824360712879_1808841424_o.jpg 

အမေရိကာနိုကို အပူရော အအေးပါ မှာသောက်ကြည့်တာ။ အအေးကတော့ သိပ်မမိုက်ဘူး။ ကော်ဖီနည်းပြီး ရေခဲများတယ်။ အမေရိကာနိုအပူကတော့ မဆိုးဘူးပြောရမယ်။ ဆိုင်ထဲမှာထားပေးထားတဲ့ စာအုပ်စင်ကနေ စာအုပ်လေးယူပြီး ကော်ဖီလေးနဲ့ သောက်ရတာ ဇိမ်ပဲ။ ကော်ဖီမှာရင် သကြားညိုပုလင်းလေးနဲ့ ကိုက်စရာ snack လေးကိုလည်း ခုလိုပဲ ထည့်ပေးထားသေးတာ။

29746712_1795824367379545_626975783_o.jpg 

စားစရာတွေကတော့ သိပ်အများကြီး မရပါဘူး။ အဆာပြေစားလို့ရမယ့်ဟာတွေလောက်ပဲရတယ်။ ထမင်းနဲ့ပတ်သက်ရင်တော့ ၃ မျိုးလောက် ရပါတယ်။  လတိုင်း menu အပြောင်းအလဲလုပ်တာလေးကတော့ မိုက်တယ်။ အရသာအက်ဒ်မင်ကတော့ ခေါပုတ်ကင်အစာသွပ် ဆိုတာလေး စားကြည့်တယ်။ ခေါပုတ်ကိုကင်ပြီး အထဲမှာ ခရမ်းချဉ်သီး၊ ကြက်ဥတို့ကိုသုပ်ထားတာလေး အစာသွပ်ထားတာပါ။ ခေါပုတ်ကင်နံ့ကလည်း မွှေးမွှေးလေး၊ အထဲမှာသွပ်ထားတဲ့အစာကလည်း စားကောင်းတယ်။

29746514_1795824374046211_1104036303_o.jpg 

အအေးသောက်ချင်ရင်တော့ သစ်သီးဖျော်ရည်တွေလည်း ရနိုင်ပါတယ်။ လူကြိုက်များတဲ့အထဲမှာ နောက်တစ်ခုက ခေါပုတ်ဘယာကြော်ပါ။ ခေါပုတ်အမည်းကို ပဲနဲ့ကပ်ပြီး ကြော်ထားတာလေးက ပူပူရွရွလေးနဲ့ စားလို့အရမ်းကောင်းတယ်။

26952171_2038419376440607_5494610209605768984_o.jpg

Photo - The Plant House Facebook

နောက်ပြီးတော့ ဆိုင်မှာ ပြည်တွင်းထုတ် ကော်ဖီနဲ့ စားစရာတွေကိုလည်း ဝယ်နိုင်သလို၊ စားပွဲတင် အလှစိုက်ပန်းအိုးပိစိလေးတွေလည်း အများကြီးပဲ။ မေးကြည့်လိုက်တော့ ဝယ်ချင်ရင် ရောင်းပါတယ်တဲ့။ ဈေးတော့ မမေးခဲ့ရဘူး။

22289675_1978083892474156_3546029911764189024_o.jpg

Photo - The Plant House Facebook

 

ဒီဆိုင်မှာ သဘောကျတာက အေးချမ်းတဲ့ကမ္ဘာလေးလို ဖြစ်နေတာရယ် စာဖတ်လို့ကောင်းတာရယ်ပဲ။ အားသွင်းဖို့ ပလပ်ခုံတွေလည်း စားပွဲတိုင်းမှာ တပ်ထားပေးတော့ ဖုန်းတွေကွန်ပျူတာတွေကို အားသွင်းလို့ရတယ်။ ကျောင်းသားတွေဆို ကျောင်းသားကဒ်ပြရင် ဈေးလျှော့ပေးသေးတဲ့။ နေရာကတော့ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းထဲမှာ ရှိပါတယ်။ FA တွေအတွက်တော့ ဒီနေရာလေးက တစ်တည်းစာထိုင်ဖတ်ရင်း အချိန်ဖြုန်းဖို့ အကောင်းဆုံးပဲလေ။

[Zawgyi Version]

နားေအးပါးေလးနဲ႔ ေကာ္ဖီေသာက္ရင္း စာဖတ္ခ်င္လို႔ ေကာ္ဖီဆုိင္ ႐ွာပံုေတာ္ဖြင့္လိုက္တာ စမ္းေခ်ာင္းကို ေရာက္သြားပါေရာလား။ ဆုိင္ထဲကို ဝင္လုိက္တာနဲ႔ မ်က္စိလည္း အေမာပါေျပသြားတယ္။ အစိမ္းေရာင္သစ္ပင္ေလးေတြ၊ ေကာေဇာစိမ္းေလးေတြက မ်က္စိေအးသလို ဆုိင္ေလးကလည္း တိတ္ဆိတ္တယ္ေလ။

 

ကိုယ့္လိုပဲ ေကာ္ဖီေသာက္ရင္း စာဖတ္ခ်င္သူေတြအတြက္ေတာ့ ဒီဆုိင္ေလးက အဆင္ေျပမွာပါ။ သီခ်င္းသံၿငိမ့္ၿငိမ့္ေလးနဲ႔ အဲကြန္းကလည္း ေအးေနေအာင္ဖြင့္ထားေတာ့ ဆိုင္ထဲေရာက္တာနဲ႔ ရင္ထဲေအးသြားမွာေသခ်ာတယ္။ ေကာ္ဖီေစ်းေတြက ၁၀၀၀ က်ပ္ ကေန ၂၅၀၀ က်ပ္ အထိနဲ႔ အမ်ိဳးအစားေပၚမူတည္ၿပီး ရပါတယ္။ အေမရိကာႏိုေသာက္ၾကည့္တာေတာ့ မဆိုးဘူး။ ေကာ္ဖီသားက ခပ္ပါးပါးေလးပဲ။

 

အေမရိကာႏိုကို အပူေရာ အေအးပါ မွာေသာက္ၾကည့္တာ။ အေအးကေတာ့ သိပ္မမိုက္ဘူး။ ေကာ္ဖီနည္းၿပီး ေရခဲမ်ားတယ္။ အေမရိကာႏိုအပူကေတာ့ မဆိုးဘူးေျပာရမယ္။ ဆုိင္ထဲမွာထားေပးထားတဲ့ စာအုပ္စင္ကေန စာအုပ္ေလးယူၿပီး ေကာ္ဖီေလးနဲ႔ ေသာက္ရတာ ဇိမ္ပဲ။ ေကာ္ဖီမွာရင္ သၾကားညိဳပုလင္းေလးနဲ႔ ကိုက္စရာ snack ေလးကိုလည္း ခုလိုပဲ ထည့္ေပးထားေသးတာ။

 

စားစရာေတြကေတာ့ သိပ္အမ်ားႀကီး မရပါဘူး။ အဆာေျပစားလို႔ရမယ့္ဟာေတြေလာက္ပဲရတယ္။ ထမင္းနဲ႔ပတ္သက္ရင္ေတာ့ ၃ မ်ိဳးေလာက္ ရပါတယ္။  လတုိင္း menu အေျပာင္းအလဲလုပ္တာေလးကေတာ့ မုိက္တယ္။ အရသာအက္ဒ္မင္ကေတာ့ ေခါပုတ္ကင္အစာသြပ္ ဆုိတာေလး စားၾကည့္တယ္။ ေခါပုတ္ကိုကင္ၿပီး အထဲမွာ ခရမ္းခ်ဥ္သီး၊ ၾကက္ဥတုိ႔ကိုသုပ္ထားတာေလး အစာသြပ္ထားတာပါ။ ေခါပုတ္ကင္နံ႔ကလည္း ေမႊးေမႊးေလး၊ အထဲမွာသြပ္ထားတဲ့အစာကလည္း စားေကာင္းတယ္။

 

အေအးေသာက္ခ်င္ရင္ေတာ့ သစ္သီးေဖ်ာ္ရည္ေတြလည္း ရႏိုင္ပါတယ္။ လူႀကိဳက္မ်ားတဲ့အထဲမွာ ေနာက္တစ္ခုက ေခါပုတ္ဘယာေၾကာ္ပါ။ ေခါပုတ္အမည္းကို ပဲနဲ႔ကပ္ၿပီး ေၾကာ္ထားတာေလးက ပူပူရြရြေလးနဲ႔ စားလို႔အရမ္းေကာင္းတယ္။

Photo - The Plant House Facebook

ေနာက္ၿပီးေတာ့ ဆုိင္မွာ ျပည္တြင္းထုတ္ ေကာ္ဖီနဲ႔ စားစရာေတြကိုလည္း ဝယ္ႏိုင္သလို၊ စားပြဲတင္ အလွစိုက္ပန္းအိုးပိစိေလးေတြလည္း အမ်ားႀကီးပဲ။ ေမးၾကည့္လိုက္ေတာ့ ဝယ္ခ်င္ရင္ ေရာင္းပါတယ္တဲ့။ ေစ်းေတာ့ မေမးခဲ့ရဘူး။

Photo - The Plant House Facebook

 

ဒီဆုိင္မွာ သေဘာက်တာက ေအးခ်မ္းတဲ့ကမၻာေလးလို ျဖစ္ေနတာရယ္ စာဖတ္လို႔ေကာင္းတာရယ္ပဲ။ အားသြင္းဖုိ႔ ပလပ္ခံုေတြလည္း စားပြဲတုိင္းမွာ တပ္ထားေပးေတာ့ ဖုန္းေတြကြန္ပ်ဴတာေတြကို အားသြင္းလို႔ရတယ္။ ေက်ာင္းသားေတြဆုိ ေက်ာင္းသားကဒ္ျပရင္ ေစ်းေလွ်ာ့ေပးေသးတဲ့။ ေနရာကေတာ့ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေညာင္တုန္းလမ္းထဲမွာ ရွိပါတယ္။ FA ေတြအတြက္ေတာ့ ဒီေနရာေလးက တစ္တည္းစာထိုင္ဖတ္ရင္း အခ်ိန္ျဖဳန္းဖုိ႔ အေကာင္းဆံုးပဲေလ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs