• Reviews
    ညနေခင်းစားစရာ မြေနီကုန်းနားက ရှုးရှဲအကင်ဆိုင်လေး
Su Yee Moe
[Unicode Version]

ဒီနေ့တော့ အရသာအက်ဒမင်တွေ သွားခဲ့တဲ့ အကင်ဆိုင်လေးတစ်ခုအကြောင်းကို ဖောက်သည်ချလိုက်ပါဦးမယ်။ ဒီဆိုင်လေးကို တချို့လည်း သိပြီးသားဖြစ်မှာပါ။ မြေနီကုန်း၊ ပဒုမ္မာပန်းခြံထောင့်က တာချီလိတ်ဆိုတဲ့ အကင်ဆိုင်လေးဆီ ခြေဦးလှည့်ခဲ့ကြတယ်လေ။ ဆိုင်လေးက ညနေခင်းလောက်မှ စဖွင့်တာပါတဲ့။

31100297_2012208885711402_2715256072305639424_n.jpg

ဒီအကင်ဆိုင်က ဆိုင်ကြီးတွေလိုမျိုးမဟုတ်တဲ့အတွက် ဘတ်ဂျတ်နဲ့စားချင်ရင်တော့ စားလို့ကောင်းပါလိမ့်မယ်။ တုတ်ထိုးထားတဲ့ အကင်လေးတွေကို ကိုယ့်စိတ်ကြိုက်ရွေးပြီးရင် ကင်ခိုင်းရုံပဲ။ ကင်ပြီးသွားရင် လာချပေးလိမ့်မယ်။ ဈေးတွေက အသီးအရွက်ဆိုရင် ၄၀၀ ဝန်းကျင်နဲ့ အသားဆိုရင်တော့ ၅၀၀ ဝန်းကျင် ပေးရပါတယ်။

31144192_2012208849044739_506481716278329344_n.jpg 

အကင်အမျိုးအစားကတော့ များပါတယ်။ ကြက်၊ ဝက် ၊ အမဲ၊ ဆိတ်တို့ကို အသား၊ နံရိုး၊ ကလီစာ၊ အရေခွံ  အတော်စုံစုံလေး ရနိုင်ပါတယ်။ ငါးကင်လည်းရတယ်။ တခြားကတော့ မှို၊ အရွက်စိမ်း၊ ငါးနဲ့ ပင်လယ်စာအချို့လည်းတွေ့တယ်။ အကင်ကတော့ အမျိုးအစား အတော်စုံပါတယ်။ ဗိုက်ဆာရင်တော့ ထမင်းဖြူလေးနဲ့တွဲစားပေါ့။

31277634_2012208762378081_4411153239462903808_n.jpg 

အရသာကတော့ အစပ်ကြိုက်တဲ့လူတွေနဲ့ ကွက်တိပဲနေမှာ။ အစပ်မကြိုက်ရင်တော့ မကင်ခင်ကြိုမှာထားရမယ်။ မဟုတ်ရင် သူ့အရသာက အစပ်အဟပ်တည့်ပေမဲ့ အကင်မှာသုတ်တဲ့ဆော့စ်က ပူစပ်စပ်နဲ့ဆိုတော့ စားနေရင်းချွေးတွေပြန်လာရော။ အကင်နဲ့စားဖို့ လာချပေးတဲ့ဆော့စ်ကလည်း စပ်ပါတယ်။

31122687_2012208775711413_6724650928370089984_n.jpg 

အကင်နဲ့တွဲချင်ရင်တော့  အအေးပုလင်း၊ အသီးဖျော်ရည်၊ ဘီယာနဲ့ cocktail ရတယ်တဲ့။ Blue Harwaii ကို ဂျားနဲ့ရတယ်ဆိုလို့ မှာကြည့်လိုက်တယ်။ အရက်ထည့်ချင်လည်းရတယ်၊ မထည့်ချင်လည်း ရပါတယ်တဲ့။ အရက်လေးထည့်လိုက်တော့ တစ်ဂျားကို နှစ်ယောက်သောက်တာ ရီဝေယံလေးတော့ ဖြစ်သွားပါတယ်။ တော်တော်လည်းတန်ပါတယ်။ တစ်ဂျားလုံးမှ ၄၀၀၀ တည်း။ အကင်လေးစားပြီး စပ်လာရင် ကော့တေးလ်လေးသောက်လိုက်နဲ့ အတော်လေးသာယာတဲ့ညနေခင်းလေး ဖြစ်ခဲ့ပါတယ် ဘော်ဒါတို့ရေ။

[Zawgyi Version]

ဒီေန႔ေတာ့ အရသာအက္ဒမင္ေတြ သြားခဲ့တဲ့ အကင္ဆုိင္ေလးတစ္ခုအေၾကာင္းကို ေဖာက္သည္ခ်လိုက္ပါဦးမယ္။ ဒီဆိုင္ေလးကို တခ်ိဳ႕လည္း သိၿပီးသားျဖစ္မွာပါ။ ေျမနီကုန္း၊ ပဒုမၼာပန္းျခံေထာင့္က တာခ်ီလိတ္ဆိုတဲ့ အကင္ဆိုင္ေလးဆီ ေျခဦးလွည့္ခဲ့ၾကတယ္ေလ။ ဆိုင္ေလးက ညေနခင္းေလာက္မွ စဖြင့္တာပါတဲ့။

ဒီအကင္ဆုိင္က ဆိုင္ႀကီးေတြလိုမ်ိဳးမဟုတ္တဲ့အတြက္ ဘတ္ဂ်တ္နဲ႔စားခ်င္ရင္ေတာ့ စားလို႔ေကာင္းပါလိမ့္မယ္။ တုတ္ထိုးထားတဲ့ အကင္ေလးေတြကို ကိုယ့္စိတ္ႀကိဳက္ေရြးၿပီးရင္ ကင္ခိုင္း႐ံုပဲ။ ကင္ၿပီးသြားရင္ လာခ်ေပးလိမ့္မယ္။ ေစ်းေတြက အသီးအရြက္ဆုိရင္ ၄၀၀ ဝန္းက်င္နဲ႔ အသားဆုိရင္ေတာ့ ၅၀၀ ဝန္းက်င္ ေပးရပါတယ္။

အကင္အမ်ိဳးအစားကေတာ့ မ်ားပါတယ္။ ၾကက္၊ ဝက္ ၊ အမဲ၊ ဆိတ္တုိ႔ကို အသား၊ နံ႐ိုး၊ ကလီစာ၊ အေရခြံ  အေတာ္စံုစံုေလး ရႏိုင္ပါတယ္။ ငါးကင္လည္းရတယ္။ တျခားကေတာ့ မႈိ၊ အရြက္စိမ္း၊ ငါးနဲ႔ ပင္လယ္စာအခ်ိဳ႕လည္းေတြ႔တယ္။ အကင္ကေတာ့ အမ်ိဳးအစား အေတာ္စံုပါတယ္။ ဗိုက္ဆာရင္ေတာ့ ထမင္းျဖဴေလးနဲ႔တြဲစားေပါ့။

အရသာကေတာ့ အစပ္ႀကိဳက္တဲ့လူေတြနဲ႔ ကြက္တိပဲေနမွာ။ အစပ္မႀကိဳက္ရင္ေတာ့ မကင္ခင္ႀကိဳမွာထားရမယ္။ မဟုတ္ရင္ သူ႔အရသာက အစပ္အဟပ္တည့္ေပမဲ့ အကင္မွာသုတ္တဲ့ေဆာ့စ္က ပူစပ္စပ္နဲ႔ဆုိေတာ့ စားေနရင္းေခၽြးေတြျပန္လာေရာ။ အကင္နဲ႔စားဖုိ႔ လာခ်ေပးတဲ့ေဆာ့စ္ကလည္း စပ္ပါတယ္။

အကင္နဲ႔တြဲခ်င္ရင္ေတာ့  အေအးပုလင္း၊ အသီးေဖ်ာ္ရည္၊ ဘီယာနဲ႔ cocktail ရတယ္တဲ့။ Blue Harwaii ကို ဂ်ားနဲ႔ရတယ္ဆုိလို႔ မွာၾကည့္လိုက္တယ္။ အရက္ထည့္ခ်င္လည္းရတယ္၊ မထည့္ခ်င္လည္း ရပါတယ္တဲ့။ အရက္ေလးထည့္လိုက္ေတာ့ တစ္ဂ်ားကို ႏွစ္ေယာက္ေသာက္တာ ရီေဝယံေလးေတာ့ ျဖစ္သြားပါတယ္။ ေတာ္ေတာ္လည္းတန္ပါတယ္။ တစ္ဂ်ားလံုးမွ ၄၀၀၀ တည္း။ အကင္ေလးစားၿပီး စပ္လာရင္ ေကာ့ေတးလ္ေလးေသာက္လိုက္နဲ႔ အေတာ္ေလးသာယာတဲ့ညေနခင္းေလး ျဖစ္ခဲ့ပါတယ္ ေဘာ္ဒါတုိ႔ေရ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us