Duwun ပရိတ်သတ်တွေ အတွက် တစ်ပတ်စာ ဟောစာတမ်းတွေ လာပြီနော်...
နိုဝင်ဘာ (၂၇) ရက်နေ့မှ ဒီဇင်ဘာ (၃) ရက်နေ့ ထိ တစ်ပတ်စာ ဟောစာတမ်းများ ကတော့...
မိဿရာသီဖွား
---
မမြင်နဲ့ချမှတ်မယ့် ဆုံးဖြတ်ချက်တွေအပေါ်သတိထားပါ။ ဆုံးဖြတ်ချက်တွေမှားတတ်သည်။ တစ်ခုခုကိုသင်ယူဖို့ စိတ်ထဲမှာအမြဲအဆင်သင့်ပြင်ထားပါ။ သင်ယူခြင်းမှ သင့်အနာဂတ်ကို အမြင့်ဆုံးထိရောက်အောင် ပံ့ပိုးပေနိုင်လိမ့်မည်။ အချစ်ရေးမှာတော့ စောင့်ဆိုင်းခြင်းက သင့်အတွက် အသင့်တော်ဆုံးပါပဲ။
ပြိဿရာသီဖွား
----
လက်တွေ့ဆန်ခြင်းနဲ့ စိတ်ကူးယဉ်ခြင်း ဒီစိတ်နှစ်မျိုးလုံးက သင့်စိတ်ထဲ တစ်လှည့်စီဖြစ်ပေါ်နေတတ်သည်။ သင်လုပ်ဆောင်မယ့် ကိစ္စရပ်တွေက သင့်ထံရောက်ပြန်ဟပ်သလို ပြန်ရောက်ရှိလာနိုင်သည်ကို သေချာသိ၍ လုပ်ဆောင်ခြင်းက ပိုမိုအဆင်ပြေစေလိမ့်မယ်။ သူငယ်ချင်းလိုလို မိတ်ဆွေလိုလို လုပ်ဖော်ကိုင်ဖက်လိုလို လူတချို့ဆီမှ အကြံဉာဏ်တွေကလည်း သင့်အတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်။
မေထုန်ရာသီဖွား
----
အရင်က သင်ကြိုးစားခဲ့သောအရာတွေရဲ့ အကျိုးတွေ ခံစားနေရမယ့်အချိန်ဖြစ်သည်။ချစ်ခင်စုံမက်ရသူ ရှိသူများအဖို့တော့ အခုချိန်အခါက နှလုံးသားတွေပိုမိုရင်နှီးမှုရစေမယ့် အချိန်ကာလပဲဖြစ်ပါတယ်။ အခွင့်အလမ်းကောင်းတွေလည်း ရရှိနိုင်တာဖြစ်လို့ အမိအရစုပ်ကိုင်ဖို့သာ ပြင်ဆင်ထားလိုက်ပါ။
ကရကဋ်ရာသီဖွား
----
ခန္ဓာကိုယ်မှာ ထိခိုက်နာကျင်မှုတွေဖြစ်နိုင်သည်။ ကုန်းလမ်းခရီးသွားသူများအတွက် အထူးသတိထားသွားလာပါ။ အစုအဖွဲ့နဲ့လုပ်ကိုင်ရတဲ့ ကုမ္ပဏီတွေမှာ လုပ်ကိုင်နေသူများအဖို့တော့ နေရာကောင်းတွေရရှိဖို့ အခွင့်အရေးတွေ ရောက်ရှိလာနိုင်ပါတယ်။
သိဟ်ရာသီဖွား
----
သင်မမျှော်လင့်ထားတဲ့ သူများထံမှ အကူအညီတွေရရှိမည်။ အခုချိန်မှာ မှန်ကန်တဲ့စကားတွေကို ပြောဆိုခြင်းကသာ သင့်ကိုပြဿနာတွေထဲကနေ ဖယ်ထုတ်နိုင်လိမ့်မည်။
ကန်ရာသီဖွား
----------
ပျော်ရွှင်စရာ ကိစ္စတွေနဲ့အတူ ကံကောင်းခြင်းတွေရရှိမည်။ သို့သော်သင့်ရဲ့ လုံ့လဝီရိယကိုတော့ လုံးဝမလျှော့လိုက်ပါနှင့်။ မထင်မှတ်ထားတဲ့ ခရီးတွေလည်း ထွက်ခွင့်ရလိမ့်မည်။
တူရာသီဖွား
----
စွန့််စားစရာများ ကြုံလာမည်။ အနီးနားမှ သင်တန်ဖိုးထားရသူတွေကို ဆုံးရှုံးရသကဲ့သို့ စိတ်ပင်ပန်းမှုတွေဖြစ်လာနိုင်သည်။ သို့သော်လည်း သင့်ဘက်က မေတ္တာတရားတွေသာ မပျက်ကွက်ပါနဲ့ အားလုံးပြန်လည်အဆင်ပြေသွားနိုင်သည်။
ဗြိစ္ဆာရာသီဖွား
-----
ရိုးရှင်းခြင်းက သင့်ရဲ့အလှတရားပါပဲ။ ဘယ်အရာကိုမှ အများကြီးမမျှော်လင့်သလို ဘယ်အရာကိုမှလည်း မကောင်းတဲ့ဘက်မှ မချဉ်းကပ်ပါနဲ့ ။ဒါမှသာ သင့်ရဲ့ အရည်းအချင်းတွေ ဖော်ထုတ်ခွင့်ရရှိလာလိမ့်မည်။
ဓနုရာသီဖွား
----
သင့်ဘဝအတွက် ကံအကောင်းဆုံး ရက်သတ္တပတ်လို့တောင် ဆိုနိုင်ပါတယ်။ ကံကောင်းခြင်းတွေ တည်မြဲစေဖို့ ဘာသာတရားကိုတော့ မမေ့လျော့ဖို့ အကြံပေးလိုက်ချင်ပါတယ်။
မကာရ ရာသီဖွား
----
ခွင့်လွှတ်ခြင်းက သင့်အတွက်စိတ်အေးချမ်းရာကို ရှာဖွေပေးပါလိမ့်မယ်။ အစွဲအလမ်းကြီးခြင်းက သင့်ရဲ့အားနည်းးချက်ဖြစ်စေနိုင်တာကြောင့် ဘယ်အရာကိုမှ အလွန်အကျူးမတွေးတောပဲ ဖြစ်လာသမျှတွေလက်ခံလာနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။
ကုမ်ရာသီဖွား
------
ပြန်လည်ဖွဲ့စည်းခြင်း ပြင်ဆင်ခြင်း ပြန်လည်ပေါင်းစည်းခြင်းစတဲ့ ပြန်လည်ပြုလုပ်ရမယ့် ကိစ္စတွေက သင့်အတွက် အသင့်တော်ဆုံးပါပဲ။ ဒီလိုအချိန်မှာ အဆက်ဟောင်းနဲ့တောင် ပြန်လည်အဆင်ပြေစေနိုင်တာကြောင့် စုံတွဲတွေအတွက်ကတော့ သတိထားရမယ့် အချိန်လေးပါပဲ။
မိန်ရာသီဖွား
----
မကောင်းတဲ့ အတွေးတွေကြောင့် သင့်စိတ်ကိုအမှောင်ထဲ ဆွဲချသလိုဖြစ်နေတတ်သည်။ ဒီလိုအတွေးတွေကြောင့် သင့်ရဲ့လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ သူများလက်ထဲရောက်တဲ့အထိ ဖြစ်စေနိုင်တာမို့ သတိထားပါ။
တစ်ပတ်စာ ဗေဒင်ဟောစာတမ်းတွေကို အပတ်စဉ် အင်္ဂါနေ့ မနက်တိုင်း တင်ပေးနေတာဖြစ်လို့ Duwun Page ကို See First လုပ်ဖို့ မမေ့ နဲ့နော်။